Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း

ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း

Astrology
ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း
ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း

ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်းလေးကို ၇ ရက်သားသမီးများအတွက်မျှဝေရေးသားပေးလိုက်ပါတယ်
ဝသုန်ဒရေမြေစောင့်နတ်မင်းကို
အမွှေးနံ့သာပူဇော်လှူဒါန်းပြီး
အမျှဝေဆုတောင်းမေတ္တာပို့သတဲ့နည်းလေးကြောင့်
လိုက်လုပ်တဲ့သူအားလုံး
အလုပ်အကိုင်အဆင်ပြေလာကြတယ်
သိသိသာသာထူးခြားလာကြတယ်
အိမ်ပိုင်မြေပိုင်ဖြစ်လာကြတယ်
အကြွေးတွေကြေသွားကြတယ်
အိမ်ပူနေတာတွေ အေးချမ်းသွားတယ်လို့
ကြားရတော့ဝမ်းသာမ်ပါတယ်

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း
ဝသုန်ဒရေ မြေစောင့်နတ်မင်းကြီးကို ပူဇော်တဲ့နည်း

ယခု မြေစောင့်နတ်မင်းကို ပူဇော်လှူဒါန်း
အမျှဝေဆုတောင်းနည်းကို
မည်သူတဦးတယောက်ကမှ
ပြောခဲ့တာမဟုတ်ပါဘူး
အိမ်မက်အရ အိမ်မက်ထဲက
ဝသုန်ဒရေမြေစောင့်နတ်မင်းကြီးရဲ့
ပြောပြချက်အတိုင်း လုပ်ဆောင်ခဲ့တာပါရှင့်
အိမ်မက်အတိုင်းပူဇော်ပေးရင်း ကိုယ်တိုင်အစစအရာရာ
သိသိသာသာအဆင်ပြေလာလို့
မိတ်ဆွေအပေါင်းအသင်းတွေကိုပြောပြခဲ့ပါတယ်
သူတို့လည်း သိသာစွာအဆင်ပြေလာကြလို့
၇ရက်သားသမီးများအဆင်ပြေအောင်
ပြောပြဖြစ်ခဲ့တာပါ
❇️❇️❇️ စတင်လုပ်ဆောင်ရန်………
မိမိနေထိုင်သောအိမ်ခြံတံခါးအတွင်းဘက်
တစ်ဖက်တစ်ချက်ဆီမှာ အမွှေးတိုင်များထွန်းပြီး
ပူဇော်ပေးပါ
မြေကြီးပေါ်စိုက်ထွန်းပြီးပူဇော်ပါ
မြေကြီးပေါ်စိုက်ရန်ခက်ခဲသော တိုက်ခန်းများတွင်
အမွှေးတိုင်ထွန်းအိုးဖြင့်ပူဇော်ပါ
မိမိနှစ်သက်သလောက်အတိုင်ရေဖြင့်ပူဇော်ပါ
မနက် နေ့လည် ညနေ မိမိအဆင်ပြေတဲ့အချိန်ပူဇော်ပါ
မိမိအဆင်ပြေသည့်အချိန်ပူဇော်ပါ
၉နဝင်းကိုက်လျှင်ပိုကောင်းပါတယ်
(ဥပမာ -အမွှေးတိုင် ၉ တိုင်၊ နံနက် ၉ နာရီ ၂၇ မိနစ်)
တိုက်ခန်းဆိုပါက အိမ်အဝင်
အဓိကဝင်ထွက်တဲ့မိန်းအဝင်ပေါက်မှာပူဇော်ပါ
ခြံဝန်းဖြစ်ပါက မိန်းခြံတခါးဝမှာပူဇော်ပါ
မိမိခြံအတွင်းစည်းဘက်ဖြစ်ရပါ့မယ်
ခြံအပြင်စည်းမဖြစ်ရပါ
အမွှေးတိုင်နဲ့ ပူဇော်ပြီး
ရေမွှေးနဲ့ပါ အမွှေးနံ့သာပူဇော်လှူဒါန်းပေးပါတယ်
နတ်ကောင်းနတ်မြတ်တွေက အမွှေးနံ့သာကိုကြိုက်နှစ်သက်တယ်လို့ ဆရာတော်များမိန့်တာ
မှတ်သားဖူးပါတယ်
တစ်ခုပြောချင်တာက
ဗုဒ္ဓဘာသာစစ်စစ်ဖြစ်လို့
သရဏဂုံပျက်မယ့် ကိုးကွယ်မှူမျိုးလုံးဝမလုပ်ပါ
ဘုရားတရားသံဃာမှ လွှဲပြီးကိုးကွယ်ရာဟူ၍မရှိပါ
အခု ဝသုန်ဒရေမြေစောင့်နတ်မင်းကိုလည်း
ပူဇော်တာပါ။ ကိုးကွယ်တာမဟုတ်ပါ။
ကိုယ့်ရဲ့ ကျေးဇူးရှင် မိတ်ဆွေလို
ဆရာသမား မိဘလို ပူဇော်ကန်တော့တာပါ
လူသားအားလုံးဟာ မဟာပထဝီ ကမ္ဘာမြေကြီးပေါ်မှာ
ရှင်သန်နေထိုင်ကြရတာပါ
သေရင်လည်း မြေကြီးထဲရောက်ရမှာပါ
ဒါကြောင့် မြေစောင့်နတ်မင်းကြီးကို ကျေးဇူးရှင်သဖွယ်
မိဘသဖွယ် ပူဇော်ကန်တော့ရခြင်းလို့
သတ်မှတ်ထားပါတယ်
❇️❇️❇️ စတင်ပူဇော်ရန်……….
အောက်ပါအတိုင်းနှူတ်မှ အသံထွက်ပြီးပြောပါ
“ ဝသုန္ဒရေမြေစောင့်နတ်မင်းကြီးနဲ့တကွ
နတ်မြတ် နတ်ကောင်း နတ်အပေါင်းတို့…..
“မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအား
အသင်တို့ကိုယ်တိုင် အမွှေးနံ့သာများ
ကပ်လှူနိုင်ရန် အကျွန်ုပ်မှ အမွှေးနံ့သာတိုင်များ
အသင်တို့ကို လှူဒါန်းပေးပါတယ်
အသင်တို့ကိုယ်တိုင် မြတ်စွာဘုရားအား
ပူဇော်ကြပါလော့….”
“ ဤနေအိမ်ခြံဝန်းအတွင်းမှာရှိကြကုန်သော
ဝသုန်ဒရေမြေစောင့်နတ်မင်းကြီးနှင့်တကွ
အကျွန်ုပ်တို့မိသားစုအား စောင့်ရှောက်‌၍နေကြကုန်‌သော အစောင့်အရှောက် နတ်‌မြတ်နတ်‌ကောင်း
နတ်အပေါင်းတို့အပါအဝင် ဤအိမ်၊ဤဝင်း၊ဤခြံအတွင်းမှာမှီတင်းကာ စောင့်ရှောက်၍ နေကြကုန်သော
သမာဒေဝနတ်ကောင်းနတ်မြတ်များ၊
အစောင့်အရှောက်ဒေဝတာများ
သူတော်စင် ပုဂ္ဂိုလ်များ
ကိုယ်စောင့်နတ်များ အိမ်စောင့်နတ်၊ခြံစောင့်နတ်
လမ်းစောင့်နတ်၊ မြို့စောင့်နတ်
ရွာစောင့်နတ်၊တောစောင့်နတ်၊တောင်စောင့်နတ်စ
ရုက္ခစိုး၊ ဘုမ္မစိုး၊ အာကာသစိုး၊ နဂါးဂဠုန်၊ကုမ္ဘာန်
အစရှိသည်တို့နှင့်
ဘဝအဆက်ဆက်တော်ဆက်ခဲ့သော
မိဟောင်းဖဟောင်းဆွေဟောင်းမျိုးဟောင်း
အပေါင်းတို့အားလည်းကောင်း
အဘဘိုးမင်းခေါင်၊အဘဘိုးဘိုးအောင်၊
အဘမြင်းဖြူရှင်တို့နှင့် ၃၁ ဘုံသားများအားလည်းကောင်း
နတ်ကောင်းနတ်မြတ် နတ်ဗြဟ္မာအပေါင်းတို့အား
“ကျွန်ုပ်တို့မိသားစု အတိတ်ဘဝသံသရာအဆက်ဆက်မှ
ပြုခဲ့သော ကုသိုလ်ကောင်းမှူအစုစုတို့နှင့်
ယခုမျက်မှောက်ကာလအထိပြုသမျှ ကုသိုလ်အစုစုတို့ကို
အားလုံးတို့အား အကျွန်ုပ်မှ ကျေနပ်ကြည်ဖြူစွာဖြင့်
အမျှအမျှအမျှပေးဝေပါတယ်
အားလုံးကုသိုလ်တွေထပ်တူထပ်မျှရရှိကြပါစေ”

“အမွှေးနံ့သာတိုင်များပူဇော်ရသောကုသိုလ်အကျိုးများနှင့်
ရရှိကြသော ကုသိုလ်အမျှများကြောင့်
ကိုယ်ရောင်ကိုယ်ဝါများ ထွန်းလင်းတောက်ပနိုင်ကြပါစေ”
“ဝမ်းပမ်းတသာ သာဓုခေါ်ဆိုနိုင်ပြီး
တဆင့်ထက် တဆင့်မြင့်မြတ်သောနေရာများသို့
ရောက်ရှိခံစား စံစားနိုင်ကြပါစေ
နတ်စည်းစိမ်းများအပြည့်အဝ စံစားနိုင်ကြပါစေ
နတ်ဝတ်တန်ဆာများပေါကြွယ်ဝပါစေ
ကျန်းမာချမ်းသာလန်းဖြာကြပါစေ
အကျွန်ုပ်မှ မေတ္တာများပို့သပြီး
အမျှအတမ်းများပေးဝေဌပါတယ်

အသင်တို့အား မေတ္တာတွေလည်းပေးဝေပါတယ်”
“ ကျွန်ုပ်မှလည်းအသင်တို့၏ မေတ္တာတွေကိုခံယူပါတယ်
ကျွန်ုပ်တို့မိသားစုအားလုံးကိုစောင့်ရှောက်ပေးပါ
ကျွန်ုပ်အိမ်ထဲသို့ ဝင်လာမည့်အန္တာရာယ်ဟူသမျှနှင့်
အပူသောက မှန်သမျှကိုလည်း ဖယ်ရှားပေးပါ
အကျွန်ုပ်တို့ မိသားစုအားလုံးကို
ဘေးမသီရန်မခ‌ အစစအရာရာ အဆင်ပြေအောင်‌
သွားလမ်းသာ၍လာလမ်းဖြောင့်အောင်‌
လုပ်သမျှ‌ဆောင်‌သမျှ‌ အောင်‌ရအောင်
ရင်‌ဝယ်‌သားသမီးကဲ့သို့ ‌
စောင့်ရှောက်ပေး‌တော်‌မူပါ

အကျွန်ုပ်တို့မိသားစုမှာရှိသော စိတ်အနှောင့်အယှက်
လူအနှောင့်ယှက်၊ ပုဂ္ဂိုလ်အနှောင့်အယှက်
မကောင်းသောမိစ္ဆာ မကောင်းသောအန္တရာယ်၊
အတွင်းရန် အပြင်ရန်များကိုလည်းဖယ်ရှားပေးပါ
အိုးပိုင်အိမ်ပိုင်မြေပိုင်ယာပိုင်များလည်းရရှိအောင်
ကူညီစောင့်ရှောက်ပေးပါ
ကြွေးမြည်များလည်းကင်းရှင်းအောင်ကူညီပေးပါ
စီးပွါးရေးအလုပ်အကိုင်များလည်း
ကြီးပွါးတိုးတက်အောင်
ကူညီစောင့်ရှောက်ပေးပါ”ဟု
အမျှဝေ မေတ္တာပို့ ဆုတောင်းပါ

အပေါ်ကပြောတာတွေပြီးရင်
မေဇင့်ရဲ့ ဝသုန်ဒရေမြေစောင့်နတ်မင်းကို
အမွှေးနံ့သာပူဇော်လှူဒါန်းပြီး
အမျှဝေ ဆုတောင်း မေတ္တာပို့သတဲ့နည်းပြီးပါပြီ
အမွှေးတိုင်စိုက်ထွန်းပြီးချိန် ထွန်းတဲ့နေရာမှာပဲ
ပြောပေးပါ
ကိုယ့်အသက်အရွယ်နဲ့ သိသလောက်လေးပြန်လည်မျှဝေတာမို့ မှားတာရှိရင် နားလည်ပေးပါ

ဒီနည်းလေးကို လိုက်လုပ်ကြရင်း
အိိုးပိုင် အိမ်ပိုင် အိုးသစ်အိမ်သစ်ရရှိခြင်း
အိမ်တွင်းအပူမီးများအေးချမ်းလာခြင်း
ရန်အတိုက်အခိုက်များကင်းစင်ခြင်း
စီးပွါးရေးအလုပ်အကိုင်များ သိသိသာသာ
အဆင်ပြေလာတာတွေ လာလာပြောကြလို့
အရမ်းဝမ်းသာရပါတယ်

ပူဇော်နည်းလေးကို မိမိတို့လိုအပ်သလို ပူဇော်နိုင်ပါတယ်
မိမိရောင်းချချင်တဲ့ မြေကွက် တိုက်ခန်းမှာလည်း
ပူဇော်ပြီး အမြန်ရောင်းထွက်အောင်ပူဇော်နိုင်ပါတယ်
ရောင်းမည်ဆိုပါက ဆုတောင်းတဲ့နေရာမှာ
“ရောင်းချဖို့ကူညီပေးပါ”လို့ဆုတောင်းပါ
အားလုံးလည်းပူပင်သောကမရှိ
လိုတရတဲ့ဘဝတွေပိုင်ဆိုင်ကြပါစေ

ရေးသားသူ-CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...