Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်

အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်

Astrology
အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်
အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်

အိမ်တစ်အိမ်မှာလာဘ်ပိတ်စေနိုင်တဲ့အချက်(၂)ချက်ရှိကြောင်းကို
ပြန်လည်ပြောပြဆွေးနွေးပေးလိုပါတယ်
အဓိကအချက်(၂)ချက်ကတော့
အိမ်ခြောက်တာနှင့်အိမ်ဆူတာပူတာ
တို့ပဲဖြစ်ပါတယ်ခင်ဗျာ

အိမ်ခြောက်တယ်ဆိုတာကိုတော့
မိတ်ဆွေတော်တော်များများ
ကြုံဖူးကြလိမ့်မယ်ထင်ပါတယ်
ဥပမာမိသားစုလိုက်နေနေရင်းနဲ့
အိမ်က တစ်ခါတစ်လေမှာ
ဘာဖြစ်သွားမှန်းမသိပဲ
စိုစိုပြေပြေမရှိတော့ပဲလူမရှိသလို
လူမနေသလိုတိတ်ဆိတ်ပြီး
ခြောက်ကပ်ကပ်ဖြစ်သွားတာကို
အိမ်ခြောက်တယ်လို့ခေါ်ပါတယ်

အိမ်ဆူတယ်ဆိုတာကတော့
အလကားနေ မိသားစုတွေ
တစ်ယောက်နဲ့တစ်ယောက်လှည့်ပြီး
ရန်ဖြစ်စကားများနေတဲ့အိမ်တွေပါ
အဲ့လိုတွေကြုံလာပြီဖြစ်လာပြီးဆိုရင်
လာဘ်ပိတ်လာနိုင်သလို
အကုသိုလ်တွေလဲဝင်လာနိုင်ပါတယ်

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်
အိမ်တစ်အိမ်မှာ လာဘ်ပိတ်နိုင်စေတဲ့အကုသိုလ်ဝင်စေနိုင်တဲ့အချက်(၂)ချက်

အိမ်ဆူတယ် အိမ်ပူတယ်
အိမ်ခြောက်တယ်ဆိုတာကလည်း
အကြောင်းမဲ့ဖြစ်လာတာမဟုတ်ပါဘူး
မမြင်ရ မမြင်အပ်တဲ့
နာမ်လောကသားတွေရဲ့
နှောင့်ယှက်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်
အိမ်အိုတွေ အိမ်ဟောင်းတွေမှာ
မကောင်းဆိုးဝါးတွေရှိနေတတ်ပါတယ်

သရဲတွေခြောက်တယ်ဆိုတာ
လူတွေမနေတာကြာလို့
မကောင်းဆိုးဝါးတွေက
ဝင်ပြီးခိုကပ်နေထိုင်ခြင်းဖြစ်ပါတယ်
လူတွေမနေတော့ရင်အဲ့ဒီအိမ်တွေမှာ
အစောင့်အရှောက်ဆိုတာလည်း
မရှိတော့ဘူးလို့ရှေးလူကြီးသူမတွေ
ပြောတာကိုကြားဘူးပါတယ်

အဲ့ဒါကြောင့် အဲ့လိုအိမ်တွေဆိုရင်
မကောင်းဆိုးဝါးတွေ
ဝင်ထွက်သွားလာနေထိုင်နိုင်ပါတယ်
လူတွေနေထိုင်နေရင်းနဲ့
အိမ်ခြောက်လာတယ်ဆိုရင်တော့
အိမ်ကိုကြာကြာအခြောက်မခံပါနဲ့
မေတ္တာသုတ်ကိုများများရွတ်ပြီး
ဘုရားတရားအလုပ်ကို
များများလုပ်ပေးပါလားခင်ဗျာ

တစ်ချို့အိမ်တွေမှာ
လူတွေနေနေပေမယ့်
လူမနေသလို လူမရှိသလို
အိမ်တွေခြောက်ကပ်နေတာရှိပါတယ်
အဲ့လိုအိမ်မျိုးတွေဆိုရင်
သွားဝင်ကြည့်လိုက်ရင် အိမ်ထဲမှာ
ကျန်းမာရေးမကောင်းတဲ့သူသို့မဟုတ်
အခက်အခဲပြသနာတစ်ခုခုနဲ့
ရင်ဆိုင်ကြုံတွေ့နေရတဲ့အိမ်တွေသာ
အများဆုံးဖြစ်နေတာကိုတွေ့ရပါတယ်

အိမ်ဆူ အိမ်ခြောက်လာရင်အဲ့ဒီအိမ်မှာ
ဘယ်သူလုပ်လုပ်မလုပ်လုပ်
တစ်ယောက်ကတော့
ဘုရားတရားအလုပ်ကိုလုပ်ပြီး
ပြင်းပြင်းထန်ထန်ခုခံကာကွယ်မှသာ
ပြန်ပြီးအဆင်ပြေပါလာပါလိမ့်မယ်
အဲ့လိုမှမလုပ်ဘူးဆိုရင်တော့
အရင်ဆုံးလာဘ်ပိတ်လာတတ်သလိုအကုသိုလ်အလုံးအရင်းနဲ့
တစ်ခုပြီးတစ်ခုဝင်လာတော့မှာပဲ
ဖြစ်ပါတယ်ခင်ဗျာ

အိမ်ခြောက်လာပြီဆိုတာနဲ့
မကောင်းဆိုးဝါးတွေဝင်လာပြီး
အိမ်မှာနေတဲ့မိသားစုဝင်တွေကို
အိမ်မှာမနေနိုင်တော့အောင်
ပြသနာတွေ အကုသိုလ်တွေ
တစ်ခုပြီးတစ်ခုနဲ့
ဖယ်ထုတ်မောင်းထုတ်တတ်တာကို
သတိပြုမိကြစေချင်ပါတယ်ခင်ဗျာ

ထို့အတွက်ကြောင့်
အိမ်မှာလူတွေနေထိုင်လျှက်နဲ့
လူမနေသလို လူမရှိသလို
နေ့ရော ညရော တိတ်ဆိတ်ပြီး
ခြောက်ကပ်လာပြီဆိုရင်
ဘုရားတရားများများလုပ်ပြီးတော့
ပြန်ပြီးခုခံကာကွယ်ထားပါ
အဲ့လိုမလုပ်ရင်တော့
မလိုလားတဲ့ပြသနာတွေ
အပူသောကတွေ
တစ်ခုပြီးတစ်ခုရောက်လာပြီး
ရင်ဆိုင်ရတတ်တယ်ဆိုတာကို
သိရှိကြစေချင်ပါတယ်ခင်ဗျာ

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...