Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ

ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ

Celebrity International News
ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ
ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ

Amazon က ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲတွေကို အမေရိကန် ဒေါ်လာ ၁ ဘီလျံနဲ့ဝယ်ယူပြီးတဲ့နောက်မှာ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးတော့မှာဖြစ်ပြီး Bond 26 လို့ အမည်ပေးထားပါတယ်။

အရင်ပရိုဂျူဆာတွေဖြစ်တဲ့ မိုက်ကယ် ဂျီ ဝီလ်ဆန် နဲ့ ဘာဘရာ ဘရိုကိုလီတို့ကတော့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ တွဲဖက်ပိုင်ရှင်တွေအဖြစ် ဆက်လက်တည်ရှိနေပေမဲ့ အခုဆို Amazonက နောက်ထုတ်လုပ်မယ့်ဇာတ်ကားတွေအားလုံးကို အပြည့်အဝထိန်းချုပ်လိုက်ပါပြီ။

နောက်ထွက်ရှိမယ့် ဂျိမ်းစ်ဘွန်းဇာတ်ကားဟာဆိုရင် ဘတ်ဂျက် ပေါင်သန်း၂၅၀ ရှိမယ်လို့ မျှော်လင့်ရပါတယ်။ ဒီဇာတ်ကားအသစ်က ၂၀၂၇ ခုနှစ်ကုန်မှာ ထွက်ရှိဖို့စီစဉ်ထားတယ်လို့လည်းသိရပါတယ်။ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ထုံးစံအရဆို အောက်တိုဘာ (သို့) နိုဝင်ဘာမှာ ထွက်ရှိလေ့ရှိတာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ
ဂျိမ်းစ်ဘွန်းဇာတ်ကားအသစ်ရိုက်ကူးဖို့ လုပ်ဆောင်နေ

ဂျိမ်းစ်ဘွန်းမင်းသား ဒန်နီရယ် ခရိတ်နေရာမှာ ပါဝင်လာမယ့် မင်းသားကို ရှာဖွေတာလည်း မကြာသေးခင်ရက်သတ္တပတ်တွေအတွင်းက ပြင်းထန်ခဲ့တာပါ။ အာရွန်တေလာဂျွန်ဆန်၊ ဟားရစ် ဒစ်ကင်ဆန်၊ ဂျိမ်းစ်နောတန်စတဲ့ မင်းသားတွေကို ဒန်နီရယ်နေရာမှာ အစားထိုးမယ်ဆိုတဲ့ ကောလဟာလတွေလည်း ထွက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျိမ်းစ်ဘွန်းမင်းသားက ဘယ်သူဖြစ်လာမလဲဆိုတာတော့ မသိရသေးပါဘူး။

 

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...