“မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆင်းရဲနွမ်းပါးတဲ့ ကာရိုက်တာပီပြင်ဖို့
ဘေထုပ်တန်းထည်တွေကို ဝတ်ဆင်ပြီး သရုပ်ဆောင်ထားတဲ့ စည်သူဝင်း

MRTV – 4 ရုပ်သံလိုင်းကနေ ပရိသတ်အားပေးမှုများစွာ ရရှိလာတဲ့ သရုပ်ဆောင် စည်သူဝင်းကတော့ “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ ဆင်းရဲနွမ်းပါးတဲ့ ကာရိုက်တာပီပြင်ဖို့ ဘေထုပ်တန်းက ပယ်ထည်တွေကို ဝတ်ဆင်ပြီး ပါဝင်သရုပ်ဆောင်ထားပါတယ်လို့ ဆိုပါတယ်။

“တကယ်တော့ မြေစာရုပ်ရှင်ဇာတ်ကားမှာ သူရဆိုတဲ့ကာရိုက်တာနဲ့ တော်တော့်ကို ဆိုးထားတယ်။ တော်တော် ရိုင်းစိုင်းတဲ့သူပေါ့။ ကိုယ့်အပေါ်မှာ တော်တော်ဆိုးတဲ့သူပေါ့နော်။ အနုပညာကြေးဆိုတာထက် ဒီဇာတ်ကားကို ဖတ်ပြီး တအားရိုက်ချင်ခဲ့လို့ကို ရိုက်ခဲ့တာပါ။ ဘာလို့ရိုက်ချင်လဲဆိုတော့ ကိုယ့်ကိုလုပ်ခွင့်တွေလည်း အများကြီးပေးထားတယ်လေ။ ပရိသတ်တွေက အမြဲတမ်း ခပ်ရိုးရိုး အေးအေးနဲ့ပဲ မြင်နေရတယ်လေ။

ဒီကားမှာ ကြိုးစားခွင့်ရတယ်။ ကာရိုက်တာ တအားဆင်းရဲရတယ်။ တစ်ကိုယ်လုံး နွမ်းပါးတဲ့ဘက်ရောက်အောင် အညိုတွေချခဲ့ရတယ်။ ဘေထုပ်သွားပြီး ရောင်းမရတဲ့ပယ်ထည်တွေ ရွေးပြီးပြင်ဆင်ခဲ့တာပါ။ ကျွန်တော်တို့ ဒီမြောက်ဒဂုံအမှိုက်ပုံမှာ ကိုမြင့်မြတ် ရိုက်နေတဲ့အချိန် ကြည့်ပြီး တော်တော်သနားမိတယ်။
ကိုယ့် ကိုယ့် ပြောလိုက်တဲ့ စကားလုံးတွေက ပြောမထွက်ခဲ့တာတောင်ရှိတယ်။ နောက်ပိုင်း ပြန်ကြည့်တော့လေ စကားလုံးရိုင်းရိုင်းစိုင်းစိုင်းမို့ လွန်သွားပြီလား။ ကိုယ့် အပြင်စိတ်နဲ့ ကြည့်ရင်လေ တအားလည်း ကိုယ်တိုင်မှာ မျက်ရည်တောင်ဝဲပြီး မျက်ရည်ပါလည်ခဲ့ရတာပါ”လို့ သရုပ်ဆောင် စည်သူဝင်းက ပြောပါတယ်။

သူကတော့ မကြာခင် ရုံတင်ပြသမယ့် “မြေစာ” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ သံသာညီ စတဲ့အနု ပညာရှင်တွေနဲ့အတူ ပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ