လက်ရှိအငြင်းပွားဖွယ်ရာအခြေအနေအတွင်း ပါဝင်မှုကန့်သတ်ချက်နဲ့
Good Day ရှိုးရိုက်ကူးရေးကို တက်ရောက်ခဲ့တဲ့ မင်းသားကင်ဆိုးဟွန်း

ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီး ကင်ဆေးရွန်နဲ့ပတ်သက်ပြီး အငြင်းပွားဖွယ်ရာကိစ္စရပ်တွေနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားထိပ်တန်းမင်းသားကင်ဆိုးဟွန်းဟာ မတ်လ ၁၃ ရက်နေ့မှာ Good Day ရိုက်ကူးရေးမှာ အနည်းငယ်သာ ပါဝင်ခဲ့ရပါတယ်။ MBC ရုပ်သံလိုင်းရဲ့ Variety Show “Good Day” ရဲ့ တာဝန်ရှိသူက “စစ်ဆေးမှုတွေပြုလုပ်ပြီးနောက် ရိုက်ကူးရေးကို သတ်မှတ်ထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကင်ဆိုးဟွန်းရဲ့ပါဝင်မှုကို “အနည်းဆုံးဖြစ်စေခဲ့ပါတယ်”လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိဖြစ်နေတဲ့ အငြင်းပွားဖွယ်ရာတွေကြောင့် Good Day ရှိုးကနေ ကင်ဆိုးဟွန်း နုတ်ထွက်ရနိုင်တယ်လို့ ခန့်မှန်းနေတဲ့ကြားကမှ ရိုက်ကူးရေးမှာ ပါဝင်မှုကန့်သတ်ချက်နဲ့ ကင်ဆိုးဟွန်း ပါဝင်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

ကင်ဆိုးဟွန်းက ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသမီး ကင်ဆေးရွန် အသက် ၁၅ နှစ်ကစပြီး ၆ နှစ်တာ သမီးရည်းစားဆက်ဆံရေးရှိခဲ့တယ်။ ကင်ဆေးရွန် ကအရက်မူးပြီး အရှိန်ပြင်းပြင်းနဲ့ ကားမောင်းကာ ထရန်စဖော်မာကို တိုက်မိခဲ့တာကြောင့် အနုပညာအလုပ်ကနေနားထားရပြီး ငွေကြေးအခက်အခဲဖြစ်နေစဉ်အတွင်း သူ့ကို အေဂျင်စီက ဝမ် သန်း ၇၀၀ ပြန်ဆပ်ဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေကြောင့် အငြင်းပွားဖွယ်ရာအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ဆိုးဟွန်းရဲ့အေဂျင်စီ GOLDMEDALIST က အစပိုင်းမှာ စွပ်စွဲချက်တွေအကုန်လုံးကို ငြင်းဆိုခဲ့ပေမဲ့ မတ်လ ၁၃ ရက်နေ့မှာတော့ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေကို နောက်အပတ်မှာ သက်သေအထောက်အထားတွေနဲ့ ရှင်းရှင်းလင်းလင်းဖြေကြားသွားမှာဖြစ်တယ်လို့ ထပ်မံကြေညာထားပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ