သူ သရုပ်ဆောင်ခဲ့ဖူးသမျှဇာတ်ကောင်တွေထက် Snow White ဇာတ်ကားမှာ ဗီလိန်ဇာတ်ကောင်က တမူထူးခြားတယ်ဆိုတဲ့ ဂယ်ဂဒေါ့

Wonder Woman အဖြစ် လူသိများတဲ့ မင်းသမီး ဂယ်ဂဒေါ့ဟာ မင်းသမီးရေချယ်လ် ဇယ်ဂလာနဲ့အတူ Snow White ဇာတ်ကားအသစ်မှာ ပါဝင်ထားပါတယ်။ အဲ့ဒီဇာတ်ကားမှာ ဗီလိန်ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ရတာကို နှစ်သက်တယ်လို့ ဆိုထားပါတယ်။

“ဗီလိန်အဖြစ် သရုပ်ဆောင်ရတဲ့အတွက် ကျွန်မ သရုပ်ဆောင်ခဲ့ဖူးသမျှတွေထက် တမူထူးခြားတယ်။ အဲ့ဒီဇာတ်ကောင်က အရမ်းဟန်ပါရပြီး အရမ်းကြီးကျယ်ခမ်းနားကာ တာဝန်ကြီးတယ်။ ပါဝင်သရုပ်ဆောင်ရတာ နှစ်လိုဖွယ်ကောင်းတဲ့ ဇာတ်ကောင်ပါပဲ”တဲ့။

မနှင်းဖြူအဖြစ် မင်းသမီးရေချယ်လ် ဇယ်ဂလာ၊ မကောင်းဆိုးဝါးစုန်းမကြီးအဖြစ် မင်းသမီး ဂယ်ဂဒေါ့ ပါဝင်ထားတဲ့ Snow White (မနှင်းဖြူနှင့် လူပုလေး ခုနစ်ဖော်) ဇာတ်ကားဟာဆိုရင် မတ်လ ၂၁ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ