အသက် ၃၉ နှစ်ပြည့်မယ့် အောက်တိုဘာ ၂၂ ရက်မှာ
One Lady Show ပြုလုပ်သွားမဲ့ L ဆိုင်းဇီ

“အမဆိုရင် အသက် ၁၇ ကတည်းက အဆိုတော်စဖြစ်တာပေါ့နော်။ အသက် ၁၇ ကတည်းက အဆိုတော်စဖြစ်တယ်။ အခု အမ ဒီနှစ်ဆို အောက်တိုဘာပေါ့နော်။ အမ ၂၂ရက် ၁၀ လ ၁၉၈၆ မွေးတာဆိုတော့ အခု ဒီနှစ်အောက်တိုဘာဆိုတော့ အမက ၃၉ ပြည့်တော့မယ်ပေါ့နော်။ အခု ၃၉ ပြည့်တဲ့အခါကြရင်လည်း One Lady Show လုပ်ဖို့အတွက်ကို အမပြင်ဆင်နေတယ်။ အောက်တိုဘာ ၂၂ ရက်နေ့ပေါ့နော်။ ကျေးဇူးပြု၍ မှတ်ထားပေးပါ။ လာရောက်ပြီးတော့ အားပေးကြပါလို့ ပြောချင်ပါတယ်။

အခုခေတ်က အမတို့ငယ်ငယ်တုန်းကလို Show ပွဲခေတ်တွေ မဟုတ်တော့ဘူး။ အခုခေတ်က ပြောင်းသွားပြီ။ Bar ခေတ်တွေဖြစ်တဲ့အခါကြတော့ ရန်ကုန်၊ မန္တလေးရှိမယ်။ နေပြည်တော်ရှိမယ်။ ဖြစ်နိုင်ရင်တော့ သုံးလေးနေရာတော့လုပ်ချင်တာပေါ့။ ကိုယ့်ရဲ့ Budgets ပေါ်မူတည်ပြီး ရန်ကုန်တစ်ခုပဲလုပ်ဖြစ်မယ် ထင်ပါတယ်လို့။ ဘာပဲပြောပြော အဓိကက သိတယ်မလားဟို မဝိုင်းက အရေးကြီးတယ်လေနော်။ သိတယ်မလား။ ဆိုတော့ အဲ့အတွက်ကိုလည်း ကြိုးစားနေပါတယ်။

ကိုယ်တွေက အရမ်းကိုချမ်းသာတဲ့ အဆိုတော်တွေလည်း မဟုတ်ဘူးလေနော်။ ရိုးရိုးသားသားကြိုးကြိုးစားစားနဲ့ ဒီကိုယ့်ရဲ့ရတဲ့ အနုပညာ၊ ဒီငွေရေးကြေးရေးလေး တန်ဖိုးထားပြီးတော့မှ နေထိုင်ပြီးလုပ်ရတာဖြစ်တဲ့အတွက်အခါကြတော့ ကိုယ်တွေကတော့လုပ်နိုင်လည အခုလည်း လုပ်နိုင်မှာပေါ့။
ဒါပေမယ့်လည်း အနောက်ကနေ အမကိုအားပေးတဲ့ ကူညီပံ့ပိုးပေးတဲ့ Support sponsor တွေ ဘာတွေပေါ့။ Supporting တို့ရှိတယ်ဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ အမတို့က အတတ်နိုင်ဆုံးတော့ကြိုးစားမယ်။ ဒါပေမဲ့ အခု လုပ်နိုင်တာ လုပ်ဖို့ကတော့ အမ ရန်ကုန်ကို လျာထားပါတယ် ရှင့်”ဆိုပြီး L ဆိုင်းဇီ ကOne Lady Show ပြုလုပ်သွားမဲ့ အကြောင်းပြောပြပေးလာတာပဲဖြစ်ပါတယ်။
ရေးသားသူ-Crd