Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသားကြီး  မင်းသားကြီးအမီရာခမ်း
Celebrity Local News

သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့
ထိပ်တန်းမင်းသားကြီး မင်းသားကြီးအမီရာခမ်း

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသားကြီး မင်းသားကြီးအမီရာခမ်း
သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသားကြီး မင်းသားကြီးအမီရာခမ်း

ဘောလိဝုဒ်လောကရဲ့ထိပ်တန်းမင်းသားကြီး အမီရာခမ်းဟာ သူ့မွေးနေ့မတိုင်ခင် တစ်ရက်က သူ ထပ်ပြီးချစ်နေမိပြီလို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Mumbai Hotel တစ်ခုမှာ ကျင်းပပြုလုပ်တဲ့ တွေ့ဆုံနှုတ်ဆက်ပွဲတစ်ခုမှာ သူ့ရဲ့ကိုယ်ရေးကိုယ်တာကို ဂျာနစ်လစ်တွေကို ထုတ်ပြောပြခဲ့တာပါ။ သူဟာ အနုပညာလောကက မဟုတ်တဲ့ကောင်မလေးဂါရီ စပရက်နဲ့ ချစ်သူတွေဖြစ်နေကြတာ ၁၈ လရှိပါပြီ။

သူ့ချစ်သူကောင်မလေးနဲ့ပတ်သက်ပြီး ထုတ်ပြောပြခဲ့တဲ့အတွက် သူ့ကောင်မလေးကို ဓာတ်ပုံတွေမရိုက်ကြဖို့ တက်ရောက်လာခဲ့တဲ့ ဂျာနယ်လစ်တွေကို တောင်းဆိုခဲ့ပါတယ်။ သူတို့အတွဲက လွန်ခဲ့တဲ့ ၂၅ နှစ်က တွေ့ဆုံခဲ့ကြတာဖြစ်ပြီး အဆက်အသွယ်ပြတ်သွားခဲ့ပေမဲ့ နစ်အနည်းငယ်ကြာက ပြန်ဆက်သွယ်မိခဲ့တာဖြစ်တယ်လို့ သူက ဆိုပါတယ်။ ၁၈ လတာအချစ်ရေးကို လျှို့ဝှက်ထားနိုင်ခဲ့တာပါ။ “မြင်လား….မင်းတို့ ဒါကို မသိခဲ့ကြဘူးမလား”တဲ့။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသားကြီး မင်းသားကြီးအမီရာခမ်း
သူ့အချစ်ရေးအကြောင်း ထုတ်ပြောလာတဲ့ ဘောလိဝုဒ်လောကရဲ့ ထိပ်တန်းမင်းသားကြီး မင်းသားကြီးအမီရာခမ်း

အခုလို လူသိရှင်ကြားထုတ်ပြောခဲ့တာ ဘာလို့လဲလို့ ဂျာနယ်လစ်တွေက မေးမြန်းတော့ အမီရာခမ်းက “အခုဆို ကျွန်တော်တို့ ဆက်ဆံရေးက ခိုင်မာနေပါပြီ။ အခုလို ထုတ်ပြောပြဖို့ အချင်းချင်းလည်း စိတ်လုံခြုံမှုခံစားရပါတယ်။ ထုတ်ပြောပြတာက ပိုကောင်းပါတယ်။ အခုဆို ကျွန်တော်ဖုံးကွယ်စရာမလိုတော့ဘူး။ မနက်ဖြန် ကျွန်တော်တို့ ကော်ဖီသွားသောက်ရင် မင်းတို့လည်း လိုက်လာနိုင်ပါတယ်”လို့ ဆိုပါတယ်။

အမီရာခမ်းရဲ့လက်ထပ်မယ့်အစီအစဉ်ကတော့ လက်ထပ်ဖို့ အဆင့်သင့်မဖြစ်သေးဘူးလို့ ဆိုပါတယ်။ “ကျွန်တော်တို့ ဆက်ဆံရေးခိုင်မာနေပြီပဲ။ ကျွန်တော် ၂ ခါ လက်ထပ်ခဲ့တယ်။ ဒါပေမဲ့ အသက် ၆၀ မှာ မင်္ဂလာပွဲက ကျွန်တော်နဲ့ မအပ်စပ်ပါဘူး”လို့ သူက ပြောပါတယ်။

သူ့ရဲ့ချစ်သူကောင်မလေးဂါရီက အသက် ၆ နှစ်အရွယ်ကလေးမိခင်ဖြစ်ပြီး သူ့လိုပဲ အရင်က အိမ်ထောင်ရှိခဲ့ဖူးပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...