“Changed” သီချင်းရဲ့ လက်ဦးဆရာဖြစ်တဲ့ခင်ပွန်းက ကောင်းတယ်လို့
မှတ်ချက်ပေးလို့ ပျော်ရပါတယ်ဆိုတဲ့ ရွှေမှုံရတီ

ပရိသတ်ချစ်ခင်မှုများစွာ ရရှိထားတဲ့ အကယ်ဒမီ မင်းသမီး ရွှေမှုံရတီရဲ့ သီချင်းဖြစ်တဲ့ “Changed ” Music Video သီချင်းရဲ့ လက်ဦးဆရာဖြစ်တဲ့ခင်ပွန်းက ကောင်းတယ်လို့ မှတ်ချက်ပေးလို့ ပျော်ရပါတယ်လို့ ရင်ဖွင့်လာပါတယ်။

“Changed က သီချင်းသစ်လေးကတော့ တေးရေးကိုရွှေထူးပဲ။ အရာအားလုံးကို သူပဲ သေချာစီစဉ်ပေးထားတာပါ။ သူ သေချာ Arrange တွေလုပ်ပြီး သဲကို ကောင်းကောင်းသင်ပြပေးလို့ ပရိသတ်တွေလည်း သဘောကျကြတာပါ။ ဒီသီချင်းလေးကို ချစ်ပေးကြလို့ အရမ်းကျေးဇူးတင်ပါတယ်။ သူက သီချင်းနဲ့ပတ်သက်ပြီး သင်ပြရင်တော့ နည်းနည်းစည်းကမ်းကြီးတဲ့ ဆရာထဲမှာ ပါတယ်လေ။ လုံးဝ သီချင်းနဲ့ပတ်သတ်ရင် အမှားမခံဘူးပေါ့နော်။ အချိန်တစ်ခုပေါ့နော်။ အနည်းဆုံး မနက် ၆ နာရီကနေ ညနေ ၈ နာရီလောက်အထိ သဲက တစ်ရက်အချိန် ပေးရတယ်။

အသံနေအသံထားက မုဒ်က အစပေါ့နော်။ ဒီနေ့အသံသွင်းတယ် မကြိုက်ဘူးဆိုရင် နောက်ရက် ထပ်အသံသွင်းတယ်။ အသံကိုမကြိုက်မခြင်း အသံသွင်းရတယ်။ ကိုရွှေထူးကိုယ်တိုင်လည်း သီချင်းတစ်ပုဒ်လုံးကို ဖန်တီးတာဆိုတော့လေ”လို့ အကယ်ဒမီ ရွှေမှုံရတီက ပြောပါတယ်။
အဆိုပါ သီချင်းကို ခင်ပွန်းဖြစ်သူ တေးရေး ရွှေထူး ကိုယ်တိုင်ရေးပေးထားပြီးတော့ Feat အနေနဲ့ ရွှေမှုံရတီက သီဆိုထားတာလည်းဖြစ်ပါတယ်။ ရွှေမှုံရတီကို သီချင်းနဲ့ပတ်သက်ပြီးတော့ ရွှေထူးက အသံမသွင်းခင် လေ့ကျင့်မှုတွေကို တစ်ပတ်လောက် အချိန်ပေး သင်ကြားလေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ပြင် အချိန်ရရင် ရသလို ပရိသတ်အတွက် ရွှေနှစ်ရွှေက သီချင်းသစ်တွေ ထပ်မံထွက်ရှိလာဖို့ ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
“သဲ သီဆိုထားတဲ့ သီချင်းကို ကောင်းတယ်လို့ မှတ်ချက်ပေးရင်တော့ ဝမ်းသာတာပေါ့။ သူက သီချင်းနဲ့ ပတ်သက်ရင်တော့ သဲရဲ့ လက်ဦးဆရာပဲလေ။ တိုးတက်လာတယ် ကောင်းတယ်ဆိုရင် ဝမ်းသာရတယ်။ အဓိက သူ အားပေးလို့လည်း သဲ သီချင်းကို အမှတ်တရဖြစ်အောင် ဆိုဖြစ်တာပါ။ သဲကတော့ အဆိုတော်တော့ မဟုတ်ပေမဲ့ သဲ သီချင်းကိုကြိုက်ပေးကြလို့ ပျော်မိပါတယ်”လို့ သူမကဆက်ပြောပါတယ်။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ