Huawei ရဲ့ အမှုဆောင်ဒါရိုက်တာနဲ့ တွဲနေတယ်လို့ ကောလဟာလသတင်းထွက်ရှိခဲ့တဲ့ မင်းသမီးလျိုယိဖေး (ဂူဂူး)

မြန်မာပရိသတ်တွေရဲ့အသည်းစွဲမင်းသမီး လျိုယိဖေး (ဂူဂူး)ဟာဆိုရင် အသက် ၅၅ နှစ်အရွယ် Huawei အမှုဆောင်ဒါရိုက်တာ ယွီချန်ဒုံနဲ့ တွဲနေတယ်ဆိုတဲ့သတင်းထွက်ရှိလာခဲ့ပါတယ်။ ဒီကောလဟာလဟာ Weibo မှာ လူသိများတဲ့ ခေါင်းစဉ်တစ်ခုဖြစ်လာပြီး လူမှုကွန်ယက်အသုံးပြုသူတွေက ခန့်မှန်းပြောဆိုမှုတွေလုပ်နေကြပါတယ်။

ပြီးခဲ့တဲ့အပတ်က ယီဖေးနဲ့ ချန်ဒုံတို့ Weibo မှာ အချင်းချင်း follow လုပ်ထားတာကစပြီး ဒီကောလဟာလသတင်းစတင်လာခဲ့တာပါ။ ယီဖေးက နိုင်ငံတကာအမျိုးသမီးများနေ့အတွက် တင်ထားတဲ့ ချန်ဒုံရဲ့ဗီဒီယိုတွေထဲက တစ်ခုကိုလည်း Like လုပ်ထားပါတယ်။

အဲ့ဒီဗီဒီယိုမှာ အဝါရောင်နှင်းဆီပွင့်တွေပြည့်နေတဲ့ Huawei Chery Luxeed R7 ကားတစ်စီးလည်းပါဝင်ပါတယ်။ “အဝါရောင်နှင်းဆီတွေက လွတ်လပ်ခြင်းနဲ့ ရဲရင့်ခြင်းတို့ရဲ့သင်္ကေတဖြစ်တယ်။ ပျော်ရွှင်ဖွယ်နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်ပါစေ”လို့ ချန်ဒုံက ရေးသားထားပါတယ်။ ယီဖေးက The Tale of Rose ဒရာမာမှာ ပါဝင်ခဲ့တဲ့အတွက် အဝါရောင်နှင်းဆီပွင့်တွေနဲ့ ဆက်စပ်မှုရှိနေတယ်လို့ လူမှုကွန်ယက်အသုံးပြုသူတွေက ထင်ကြေးပေးနေကြပါတယ်။
ယီဖေးက ဒီကောလဟာလနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောကြားထားခြင်းမရှိသေးပေမဲ့ ချန်ဒုံကတော့ ဂျာနယ်လစ်တစ်ဦးကို “သူနဲ့ တစ်ခါမှမတွေ့ဖူးပါဘူး”လို့ ဖြေကြားထားပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ