ဗုဒ္ဓဂါယာမှာ လေးကြိမ်မြောက် သီလရှင်ဝတ်ကာ တရားအားထုတ်ရင်း စွန့်ခဲ့တဲ့ဆံပင်ရှည်ကို ရွှေဆံပင်လမ်းတံတားဆောက်လုပ်ရေးမှာ လှူဒါန်းခဲ့တယ်ဆိုတဲ့ ဂန္တဝင်

ပရိသတ်ချစ်ခင်မှုကို နှစ်ပေါင်းများစွာရရှိထားခဲ့တဲ့ သရုပ်ဆောင် ဂန္တဝင်ကတော့ ဗုဒ္ဓဂါယာမှာ လေးကြိမ်မြောက် သီလရှင်ဝတ်ပြီး တရားအားထုတ်ခဲ့သလို စွန့်ခဲ့တဲ့ ဆံပင်ရှည်ကိုလည်း ရွှေဆံပင်လမ်းတံတားဆောက်လုပ်ရေးမှာ လှူဒါန်းခဲ့တဲ့အပြင် ကျန်ဆံပင်တွေကို ဂင်္ဂါမြစ်ထဲမှာ စွန့်ခဲ့တယ်လို့ ဖွင့်ဟလာပါတယ်။

“အမတော့ လက်ရှိမှာတော့ အသက်လေးလည်း ရလာပြီဆိုတော့ ဘာသာရေးတွေ ပိုလုပ်ဖြစ်လာတယ်ပေါ့နော်။ ခု သီလရှင်ဝတ်ခဲ့တာဆိုရင်တော့ လေးကြိမ်မြောက်ရှိပါပြီ။ အမကတော့ ဆံပင်အရှည်ကြီးထားပြီး စိတ်ကို စွန့်လွှတ်နိုင်လား တွေးပြီးမှ သီလရှင်ဝတ်တာပါ။ အမက ဒီလထဲမှာပဲ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကနေ ၇ ရက်အထိပေါ့နော်။ ဗုဒ္ဓဂါယာကို သီလရှင်ဝတ် တရားအားထုတ်ခဲ့ရင်း ခရီးစဉ်လေးက ကိုယ့်ဘဝအတွက် တကယ်ကို ပီတိဖြစ်ခဲ့ရတဲ့ အချိန်လည်းဖြစ်ခဲ့ပါတယ်။

နောက် ကိုယ့်ရဲ့ဆံချစွန့်ခဲ့တဲ့ ဆံပင်ရှည်ကို ရွှေဆံပင်လမ်းတံတားမှာ သွားလှူခဲ့တယ်။ ကျန်ဆံပင်အတိုအားလုံးကိုတော့ ဂင်္ဂါမြစ်ထဲမှာစွန့်ခဲ့ပါတယ်”လို့ သရုပ်ဆောင် ဂန္တဝင်က ပြောပါတယ်။

သူမက သီလရှင်ဝတ်တာကို ရန်ကုန်မြို့မှာ သုံးကြိမ်မြောက် ဝတ်ခဲ့တာကြောင့် ၁၀ နှစ်ကို တစ်ကြိမ် ဝတ်ဖြစ်နေတယ်လို့ဆိုပါတယ်။ ဂန္တဝင်ကတော့ ၂၀၂၅ ခုနှစ်မှာတော့ လေးကြိမ်မြောက်ဝတ်ရာမှာတော့ အိန္ဒိယနိုင်ငံရှိ ဗုဒ္ဓဂါယာမြေမြတ်မဟာမှာ သာသနာ့နွယ်ဝင် သီလရှင်ဝတ်ဆံချခဲ့ပြီး တရားတွေ အားထုတ်ခဲ့တယ်လို့ သိရပါတယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ ၂ခု ကမ်းလှမ်းပေးမယ့် မရိုက်ဖြစ်ခဲ့ဘူးလို့ဆိုပါတယ်။

“အခု ၄ ကြိမ်မြောက်မှာတော့ မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ သစ္စာလေးပါးမြတ်တရားတော်နဲ့အညီ ဂေါတမမြတ်စွာဘုရားပွင့်ရာ ဗုဒ္ဓဂါယာမြေမြတ်မဟာမှာ ပထမဆုံးရောက်ဖူးပြီးတော့ ရောက်ရောက်ချင်း ဗောဓိညောင်ပင်အောက်မှာ ဆံချခဲ့တယ်။ အမ သီလရှင်ဝတ်ခဲ့ရတာ ကိုယ့်ဘဝရဲ့ ဆန္ဒလေးတစ်ခုပြည့်ဝသွားလို ပီတိဖြစ်ရပါတယ်”လို့ သူမက ဆက်ပြောပါတယ်။

ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ