” ရုပ်ရှင်သရုပ်ဆောင် တေးသံရှင်အဆိုတော် မေဆွိ “

မေဆွိ (၁၉၆၂ ဖေဖော်ဝါရီ ၁၃)၏ အမည်ရင်းမှာ ဆွေအေးမြင့် ဖြစ်ပြီး မြန်မာနိုင်ငံတဝန်း ကျော်ကြားသည့် တေးသံရှင်နှင့် သရုပ်ဆောင်တစ်ဦးဖြစ်သည်။ မိခင် ဖြစ်သူမှာ အကယ်ဒမီ များရှင် စည်သူဘွဲ့ရဒေါ်မြင့်မြင့်ခင် ဖြစ်ပြီး မွေးချင်း (၅)ယောက် အနက် လေးယောက်မြောက် သမီး ဖြစ်သည်။ မြန်မာ့ခေတ်ပေါ် တေးဂီတလောကတွင် အအောင်မြင်ဆုံး အမျိုးသမီး တေးသံရှင်တစ်ဦးဖြစ်သည်။

သူမ၏ ကော်ပီသီချင်းများအပြင် မြန်မာဟန် ရိုးရာသီချင်းများလည်း လူကြိုက်များသည်။ မေဆွိသည် ၁၉၇၀ ပြည့်နှစ်များတွင် နာမည်ကျော် တေးရေးဆရာ သုခမိန်လှိုင် ရေးသားဖန်တီးသည့် ပန်းသီးသီချင်းများ ကော်ပီစီးရီးဖြင့် လူသိများလာသည်။ မေဆွိသည် စိုင်းထီးဆိုင်အပါအဝင် အမျိုးသား တေးသံရှင်များ၏ သီချင်းများကို ပြန်ဆိုလေ့ရှိသည့်အပြင် ကိုယ်ပိုင်သံစဉ်များကိုလည်း ထုတ်ဝေခဲ့သည်။ ကိုင်ဇာနှင့် သီဆိုသည့် စုံတွဲသီချင်းများမှာလည်း အထူးအောင်မြင်သည်။ ကိုင်ဇာနှင့်သီဆိုခဲ့သော အနမ်းပန်းသီချင်းသည် အင်မတန်မှအောင်မြင်ခဲ့သည်။

အောင်မြင်မှု အထွဋ်အထိပ်သို့ ရောက်ရှိသည့် ၁၉၈၀ ပြည့်နှစ်များတွင် မေဆွိသည် နာမည်ကျော် သရုပ်ဆောင်များဖြစ်သည့် ပြေငြိမ်း၊ ကျော်သူ တို့နှင့်အတူ ရုပ်ရှင်များလည်း ရိုက်ကူးခဲ့သည်။ သို့သော်လည်း ၁၉၉၀ ပြည့်နှစ်များတွင် ရုပ်ရှင်ရိုက်ကူးခြင်းကို ရပ်နားလိုက်ပြီး ဂီတလုပ်ငန်းကို အာရုံစိုက်ခဲ့သည်။ မြန်မာ့ခေတ်ပေါ်ဂီတ ရေစီးကြောင်းသည် ခေတ်နှင့်အလိုက် ရော့ခ် (Rock)၊ ပေါ့ပ် (Pop)၊ ဟဲဗီးမက်တယ် (heavy metal) စသည့် ဂီတဟန်များမှ အာရ်အင်ဘီ (R&B)၊ တက္ကနို (techno)၊ ဟစ်ပ်ဟော့ပ် (Hip-hop) စသည့် သဏ္ဌာန်သို့ ကူးပြောင်းလာသော်လည်း သူမသည် ကိုယ်ပိုင်ဟန်ဖြင့် တေးစီးရီးများကို ဆက်လက်ထုတ်ဝေခဲ့သည်။
မေဆွိသည် ၁၉၉၇ ခုနှစ်တွင် နယူးယောက်မြို့မှ အမေရိကန်ရောက် မြန်မာလူမျိုး ဦးဇော်ဝင်းနှင့် လက်ထပ်ထိမ်းမြားပြီးနောက် ဂီတလောကနှင့်ရော အမိမြေကိုပါ ခွဲခွာခဲ့သည်။ လက်ရှိတွင် ခင်ပွန်းနှင့်အတူ ဒယ်လာဝဲတွင် နေထိုင်သည်။ ယခုအခါသူမသည် ကမ္ဘာတဝန်းရှိ မြန်မာပရိသတ်များအတွက် သီဆိုဖျော်ဖြေနေဆဲ ဖြစ်သည်။ Myanmar Idol ၏ ဒိုင် အဟောင်းတစ်ယောက်ပင်ဖြစ်ပြီး ယခုထိ အောင်မြင်ကျော်ကြား လူကြိုက်များသော တေးသံရှင် တစ်ဦး ပင်ဖြစ်သည်။

ထွက်ရှိခဲ့သောတေးစုများ
ပြင်ဆင်ရန်
မေဆွိသည် သူမ၏ ဂီတသက်တမ်းတလျှောက် ဂီတဟန် အမျိုးမျိုးရှိသည့် သီချင်းပေါင်း ရာကျော်၊ တစ်ကိုယ်တော် တေးစုပေါင်း ၁၂၀ ကျော်ကို ထုတ်ဝေခဲ့သည်။ ၁၀ နှစ်ကျော် နားခဲ့ပြီးနောက် ၂၀၁၀ ခုနှစ်တွင် စီးရီးအသစ်တစ်ခုကို ထုတ်ဝေခဲ့သည်။
တစ်ကိုယ်တော်တေးစုများ
ပြင်ဆင်ရန်
မြတ်လေးငုံ
ရေမွှေး
ချစ်ရေစင်
ရွှေလည်တိုင်
မြကြာယံ
ဟိုးဆရာ
စာခြောက်ရုပ်
မြားဘုရင်
ချိုသောသီချင်းများ
စူပါဆွိ (အချိုတကာ့အချိုဆုံးတေးများ)
ပန်းသီးသီချင်းများ
ပန်းသီးသီချင်းများ ပြန်လာပြီ
ပန်းသီးသီချင်းများ ၃
ပန်းသီးသီချင်းများ ၄
ပန်းသီးသီချင်းများ ၅
ပန်းသီးသီချင်းများ ၆
ပန်းသီးသီချင်းများ ၇ (၁၉၈၇)
ပန်းသီးဖီလင်
ပုစွန်ဆိတ်ကလေး ၁
ပုစွန်ဆိတ်ကလေး ၂
ပုစွန်ဆိတ်ကလေးများ
မြီးကောင်ပေါက်
သည်းနုရွယ်
စွန်
နတ်မြင်းပျံ (၁၉၈၂)
လေယာဉ်ပျံ
လေယာဉ်ပျံ – ၂
ပန်းကန်ပြားပျံများ
အချစ်ကြောင့် (၁၉၈၂)
အီသီယိုးပီးယား (၁၉၈၃)
နှလုံးသားထဲက စိုင်းထီးဆိုင် ၁ (၁၉၈၅)
နှလုံးသားထဲက စိုင်းထီးဆိုင် ၂ (၁၉၈၅)
ဆူး+ဆွိ ဒိုင်ယာရီ
ရေဒီယိုဆွိ
တယ်လီဗေးရှင်းဖြူဖြူ
ဘိုင်စကုတ်ထဲက ဆွိ (၁၉၈၅)
အကယ်ဒမီပေးလိုက်မယ်
တို့ရဲ့အချိန်
မာယာကိုကို
နှစ်ထပ်ကွမ်းကိုကို
နှစ်ကိုယ်ခွဲ
သုံးပင်လိမ်
အိပ်မက်တစ်ရာ
တွတ်တီးတွတ်တာ
အင်း…တလုံးတည်းပါနော်
သိတယ်မဟုတ်လား
ဦးနှောက်စားနေပြီ
သူ့မျက်လုံး
ခုံဖိနပ်တစ်ဖက်၊ ဘွတ်ဖိနပ်တစ်ဖက်
လေစိမ်းတွေတိုက်နေတယ်
မျက်လုံးစိမ်း
အေရိုးဘစ် (၁၉၉၀)
ခြိုးခြိမ့်ခြိမ့်ညံ (၁၉၉၁)
အားလုံးကံကောင်းပါစေ
အားလုံးကောင်းပါစေ (၁၉၉၁)
ရင်ထဲက စိုင်းထီးဆိုင်
ရင်ထဲကစိုင်းထီးဆိုင် – ၂ (၁၉၉၂)
ရင်ထဲကစိုင်းထီးဆိုင် – ၃
ရင်ထဲကစိုင်းထီးဆိုင် – ၄
ချယ်ရီလွင်ပြင် – ၁
ချယ်ရီလွင်ပြင် – ၂
အိပ်မက်သစ်တဖန်မွေးဖွားခြင်း
အိပ်မက်ကမ္ဘာမှာတွေ့မယ်
ရင်ထဲကစိုးပိုင် – ၁
ရင်ထဲကစိုးပိုင် – ၂
မူယာမာယာမိရွှေညာ
မာယာကိုကို (Live)
ကိုကိုဘာလို့မုန်းတာလဲ (၁၉၉၂)
ကာတွန်းဇာတ်လိုက် (၁၉၉၂)
ဆံရစ်ဝိုင်း
နားပန်းဆံ (၁၉၉၃)
မွေးဌာနေ
မြကြာယံ
မေတ္တာရွှေစောင်း
မတေ်တာသံဝေ
ဆာယိုနာရား
ဆန်ဖရန်စစ္စကို (၁၉၉၄)
အမြဲတမ်းမင်း
မာကျူရီည
သော်တာငွေမင်း
အိုအေစစ်
ရွှေရင်အေး
ရွှေမှုံကြဲ
ရွှေရောင်ပုံရိပ်များ
ရွှေမေဆွိ
အဆိပ်တစ်စက်၊ နှင်းတစ်စက် နှင့် ကံကောင်းသောမေဆွိ
ဒုတိယမြို့ကပထမရည်းစား
ချစ်အယ်ဒီတာ
ချစ်သူရဲ့သီချင်း
ချစ်ကော်ဖီ
ထူးအိမ်သင်ဝိညာဉ် (၁၉၉၇)
ဂျပ်ဆင်ထိပ်ကလရိပ်ပြာ
တက္ကသီလာရဲ့လှပျိုဖြူ
ကံ့ကော်မြို့တော်
လွှမ်းမိုးဆိုတဲ့ချစ်သတိပြု
ရင်ထဲကခွန်သန်းထွန်း
အသည်းထဲကဗစ်တာခင်ညို
ပိတောက်ဖူးတို့ရင်ခုန်သံ
ပန်းပိတောက်ပွဲတော်
ပြိုင်ပွဲဝင်အမှတ် – ၁၅၀၀
အပျိုစင်
ရင်ခွင်ဦး
ချစ်ပွဲဝင်
ချိုလိမ်
အသက်ရှူကျပ်တယ်
အချိန်မှီနော်
နားလည်ထားနော်
သူမရဲ့ကဗျာ
ချစ်လူမိုက် (၁၉၉၈)
ချစ်သလား မုန်းသလား (၁၉၉၈)
မောင်ချစ်ရဲ့လား
အလွမ်းစာလေးရေးလိုက်မယ် (၁၉၉၉)
တိမ်လွှာမို့မို့လွင်
နံနက်ခင်း (၁၉၉၉)
ရွက်ကြွေပွင့်ဖူးဆောင်းဦးနံနက်ခင်း
တစ်ဆောင်းသစ်ပြန်ပြီ
အလွမ်းသံစဉ်မိုးစက်
ဝေးလွင့်လိပ်ပြာအလွမ်း
အလွမ်းစာလေးရေးလိုက်မယ်
စိုးနှောင့်ဗျာပွေ
ခွန်းဆင့်ချစ်ကဗျာခြွေ
မေဆွိနှင့် နှလုံးသား သံစဉ်ချိုချိုများ (2010)
နှလုံးသားသံစဉ်ချိုချို (Live)
အသည်းထဲက ဗစ်တာခင်ညို
နှလုံးသားလက်ဆောင်
နှလုံးသားသီချင်းများ
အကောင်းတကာ့အကောင်းဆုံးတေး – ၁
အကောင်းတကာ့အကောင်းဆုံးတေး – ၂
ပူးတွဲသီဆိုခဲ့သော တေးစုများ
ရွှေရုပ်ရှင်စုံတွဲ ၁ (သိန်းတန်)
ရွှေရုပ်ရှင်စုံတွဲ ၂ (သိန်းတန်)
ရွှေရုပ်ရှင်စုံတွဲ ၃ (ခင်မောင်ထူး)
ဂန္ထဝင်ရုပ်ရှင်တေးများ
မမ မောင်မောင် မိမိ (ခင်မောင်ထူး)
မင်္ဂလာရွှေစုံတွဲ (သုမောင်)
လှမဉ္ဇူ (သုမောင်)
မေတ္တာပေါင်းကူး (မာမာအေး)
တူနှစ်ကိုယ်တိုင်းပြည် (ကိုင်ဇာ)
အကြင်နာအိပ်မက် (ထူးအိမ်သင်၊ အောင်ရင်)
ရင်ထဲက လားရှိုး (ကန့်ကော်တော မျိုးအောင်)
နွေမိုးဆောင်း (ရန်အောင်)
ရှေးရေစက် (ရန်အောင်)
ရွှေမင်္ဂလာဆောင် ၁ (၁၉၉၇)
ရွှေမင်္ဂလာဆောင် ၂
လူတွေသိလေ ပိုကောင်းလေ (ကိုင်ဇာ)
အချစ်စုံတွဲ
အမြတ်နိုးဆုံးနှင်း (စိုင်းထီးဆိုင်) (၁၉၉၂)
မောင်ငြိမ်းချမ်း သံသရာ (စိုးပိုင်)
ချစ်သူတို့အတွက် စုံတွဲတေး ၁ (Duets for Lovers 1)
Kyunnaw Do Ne Khit Thon Khit
May Sweet and Successful Singers 1
May Sweet and Successful Singers 2
ရွှေရောင်အိပ်မက်များ (Live)
ရင်တွင်းဆု (ဟေမာနေဝင်း၊ နီနီဝင်းရွှေ)
မေဆွိ ရိုက်ကူးခဲ့သောရုပ်ရှင်ကားများ…..
၁၉၇၈
သိပါလေစပိတောက်ဝါ (ဇော်ဝမ်း . ခင်သန်းနု)
၁၉၈၃
အချစ်ဆုံး (ဆိုးပေ. မောင်မဲ)
တချက်ခုတ် (မောင်သန်းဝင်း)
၁၉၈၄
မောင်မောင်နဲ့ပထမအချစ် (ဇော်ဦး)
မုန့်လုံးစက္ကူကပ် (ဆိုးပေ. မောင်မဲ)
၁၉၈၅
မုန်းရခက်ကြီး (ကျော်သူ)
၁၉၈၆
သုံးထောင်ပြည့်ခန်းသာလယ်မှာ (ကျော်သူ)
ချစ်နှင်းဝေဝေ (ညွန့်ဝင်း. ဆွေဇင်ထိုက်)
၁၉၈၇
တွေ့ရင်ပြောကြပါ (စိုးသူ)
မဟူရာသေနတ်သမား (ကျော်ဇေယျ. မိုးမြင့်ရှိန်)
နော်ကိုကိုနော် (ကျော်သူ. ခင်သီတာထွန်း)
ပန်းရိုင်း (ရန်အောင်)
အစကတော့မုန်းတယ်ဆို (ပြေငြိမ်း)
၁၉၈၈
မပြောလည်းသိပါတယ် (ကျော်သူ)
၁၉၈၉
မေတ္တာရေလှိုင်း (နေအောင် . ပြေငြိမ်း)
ပွဲတိုင်းကျော် (ရန်အောင်)
ရတနာ (ပြေငြိမ်း)
၁၉၉၀
ကိုယ့်လူသူ့လူ (ချစ်တိုင်းအောင်)
ခပ်စိမ်းစိမ်းနေပါ့မယ် (ရဲအောင်)
ပျားရည်ဆမ်းသောချစ်ခရီးကြမ်း (ကျော်သူ)
ကျော်ကြားချင်တဲ့သူ (ရဲအောင်)
အပြန်အလှန် (မောင်သန်းဝင်း)
နေခြည် (ကျော်သူ)
မရယ်ပါနဲ့လွမ်းနေတယ် (သန်းဖေလေး)
ဗေဒါလမ်း (ညွန့်ဝင်း)
အရိုင်းချစ် (ကျော်သူ)
အချစ်ဆုံးသူရဲ့ရင်မှာ (ပြေငြိမ်း . ရဲအောင်)
၁၉၉၁
ခုတော့သိပြီ မင်းကိုကိုယ်ချစ်သည် (စိုးသူ)
သမီးချွေးမသားသမက် (ကျော်ဟိန်း)
တို့နှစ်ယောက်အချစ် တို့နားလည် (ကျော်သူ)
ဒါလည်းခွင့်လွှတ်တယ် (ကျော်သူ)
၁၉၉၂
ငါးကြော်မကြိုက်တဲ့ ကြောင်မိုက် (နေအောင်)
ချစ်ပန်းသီတဲ့မိန်းကလေး (ရန်အောင်. ရန်ကျော်)
ပန်းပေးတဲ့ကိုကို (ကျော်သူ)
ချစ်သဲဖြူ (ကျော်ဟိန်း)
ချစ်လွန်းကေသီ (ကျော်ဟိန်း)
၁၉၉၃
အချစ်တတ်ဆုံးလူသား (စိုးသူ)
မွှေး (ကျော်သူ. ဇင်ဝိုင်း. မင်းဦး)
စွန်ရဲ (ရန်အောင်)
၁၉၉၄
မုန်းပါတယ်လို့ဆိုနေမှ (ရန်အောင်)
ဓားတောင်ကိုကျော်၍ မီးပင်လယ်ကိုဖြတ်မည် (ကျော်ဟိန်း . ကျော်သူ)
မေဆွိ ရိုက်ကူးခဲ့သောဗီဒီယိုဇာတ်ကားများ (၁၉၈၉- ၁၉၉၂)
သိပ်ချစ်လို့ (ရဲအောင်. မေဆွိ)
ချစ်သူသို့ရွှေနားတော်သွင်းဧချင်း (ရဲအောင်. မေဆွိ)
နှလုံးသားခုံရုံး (ပြေငြိမ်း. မေဆွိ. ရဲအောင်)
ဖြတ်ပိုင်းပြန်မလာ (ရဲအောင်. မေဆွိ)
ချစ်သူ့စေတနာ (ရဲအောင်. မေဆွိ)
ဘယ်လိုမှမေ့မရပါ (ရဲအောင်. မေဆွိ)
တစ်ခါက (ရဲအောင်. မေဆွိ. စိုးမြတ်သူဇာ)
အချစ်ဇာတ်လမ်းရိုးရိုးလေးတစ်ပုဒ် (ရဲအောင်. ထွန်းထွန်းနိုင်. မေဆွိ)
တိမ်တောင်ညိုပြာ (ရဲအောင်. မေဆွိ. စုလှိုင်နှင်း)
နေဝင်စားတဲ့လ (ရဲအောင်. မေဆွိ. ဇော်လင်း. ထွန်းထွန်းနိုင်)
အချစ်နှင့်သူ၏ကိုကို (ရဲအောင်. မေဆွိ)
ရွှေလမ်းငွေလမ်း (ပြေငြိမ်း. မေဆွိ)
ပိုင်ချင်တယ်အချစ်ရယ် (ပြေငြိမ်း. မေဆွိ)
အချစ်ဆုံးရဲ့အချစ် (ပြေငြိမ်း. မေဆွိ)
မောင့်မောင့်အချစ် ( ကျော်သူ. မေဆွိ)
ဇာတ်လမ်းမှတ်တမ်းမဟုတ်ပါ (ကျော်သူ. မေဆွိ)
အရူးကတမူးသာ (ကျော်သူ. မေဆွိ)
အချစ်ကြီးချစ်ရသူ (ရန်အောင်. မေဆွိ)
မပြာမှီကညို (ရန်အောင်. မေဆွိ)
ဖိုးသကြားနှင့်မသင်္ကြန် (ရန်အောင်. မေဆွိ)
လူသစ်စိတ်သစ် (ရဲကိုကို. မေဆွိ)
မိုက်ရဲမှမိုက် (ရဲကိုကို. မေဆွိ)
ထာဝရသစ္စာရှင်၁+၂ (နေအောင်.ကိုကိုလင်းမောင်. ချိုပြုံး. မေဆွိ)
အခါးကြိုက်တဲ့ပျားမိုက် (ကျော်ရဲအောင်. မေဆွိ)
နှင်းဆီနှင့်အိပ်စက်ခြင်း (ဇင်ဝိုင်း. မေဆွိ)
မြီးကောင်ပေါက် (မောင်သန်းဝင်း. မေဆွိ)
ပစ္စုပ္ပန်လူသား (ဇော်ဒိန်. မေဆွိ)
မိုးညအိပ်မက်မြူ (သိန်းဇော်. မေဆွိ. မေသန်းနု. မျိုးသန္တာထွန်း)
ဘဝအလှဆည်းဆာ (သီဟတင်စိုး. မေဆွိ)
ဆှိမတျတော (မဆှေိ. မတျတော)
မယားကြီးနာမည်မအေးပွင့် (ညွန့်ဝင်း. မေဆွိ)
အပွင့်ရယ်စုံတစ်ငုံကျန်သေးတယ် (လွင်မိုး. မေဆွိ)
နေရိပ် (ကျော်သက်. မေဆွိ)
အချစ်ညရင်ခုန်သံ (နေအောင်. မေဝင်းမောင်. မေဆွိ)
ကိုကိုနှင့်မငြိမ်းချမ်း (ထူးအောင်. မေဆွိ)
သဲလည်းသဲတဲ့မသဲပို (ကိုကိုလင်းမောင်. မေဆွိ)
(မှတ်ချက် – လိုအပ်ချက်များရှိခဲ့ရင် ဖြည့်ပေးကြပါလို့)
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ