ဆီးပူဆီးချုပ်လူပျိုနာအတွက်ရွက်ကျပင်ပေါက်

ရွက်ကျပင်ပေါက် လို့ခေါ်ပါတယ်…ဆူးစူး..ဝါးစူး..ငြောင့်စူးသူများ ဆူးမထွက်ပါက ရွက်ကျပင်ပေါက်ကိုထောင်းထုပီးအနာပေါ်သို့အုံပြီးစည်းထားပါက နစ်၀င်နေသောဆူးများအပေါ်သို့ကန်ထွက်လာပါတယ်..
နတ်ဆေးလို့ ခေါ်ထိုက်တဲ့ ရွက်ကျပင်ပေါက် ဆေးအစွမ်းများ

အချို့ကပန်းအိုးတို့ဖြင့် အလှစိုက်ပျိုးသော ရွက်ကျပင်ပေါက်တွင်ဆေးအစွမ်းများစွာရှိပါ၏။ အိမ်တွင်ရှိနေပါက ဆေးအသုံးသိစေရန်ပြန်လည်မျှဝေလိုက်ပါသည်။
ယင်းဆေးပင်သည် နတ်ဆေးသဖွယ်ဖြစ်၏။
သွေးယိုစီးကျဆင်းခြင်းကို ရပ်တန့်ထိန်းချုပ်သောနေရာ၌အလွန်အစွမ်းကြီးကြောင်းဆေးကျမ်းတွင်ဆိုပါသည်။
ရုက္ခဗေဒအမည်မှာ( Bryophyllum calycinum Salisb ) ဖြစ်သည်။
အရည်ရွမ်းသော နှစ်ရှည်ခံပင်ငယ်သက်ပြင်း မျိုးဖြစ်သည်။
ထူးခြားသည်မှာ ရွက်ဖျားပတ်ပတ်လည် အရွက်ပိုလေးများသည်။
မြေသို့ကျရာမှ မျိုးစေ့သဖွယ်အပင်ပြန်ပေါက်၍ ရွက်ကျပင် ပေါက်ဟုခေါ်ဟန်ရှိ၏။
အသုံးပြုပုံမှာ
(၁) ထိခိုက်ရှနာနှင့်သွေးစိမ်းထွက်သော အနာများကို
ရွက်ကျပင်ပေါက်ရွက် ကို မီးကင်း၍ ကပ်ပေးပါက
သွေးများရပ်စဲ၍ အနာကျက်လွယ်၏။
(၂) အရွက်ကို ကြိတ်ညစ်၍ရသော အရည်ဖြင့် အနာစက်၊အနာမီး လျှံနှင့်မွေးကျွတ် နာများတွင် လိမ်းပေးက ပျောက်ကင်း၏။
(၃) ရွက်ကျပင်ပေါက်ကို အရွက်ကိုမီးကင်ပြီး ထိခိုက်ရောင်ရမ်းသော ဒဏ်ရာများကို ကပ်ပေးပါကရောင်ရမ်းခြင်းကျဆင်းပြီး ဒဏ်ရာများ
သက်သာ ပျောက်ကင်း၏။
(၄)ရွက်ကျပင်ပေါက်ရွက်(၁)ရွက်(၂)ရွက်ကို ငရုတ်ကောင်းအနည်းငယ်ထည့်၍ ညက်အောင်ကြိတ်ပြီး သောက်သုံးပါက ဆီးပူ၊ဆီးချုပ်၊ သွေးမြင်းသရိုက်နှင့် လူပျိုနာကြောင့်ဖြစ်သော အနာများ ပျောက်ကင်း၏။
(၅) အရွက်ကိုကြိတ်၍ အရည်ကိုသောက်ပါက ကာလ၀မ်းရောဂါ ပျောက်၏အရွက်ရည်ကို အဆစ်လွဲ၊အကြောထုံးနေရာများနှင့် မီးလောင်နာတို့ တွင်လိမ်းပေးပါက ပျောက်ကင်း၏။
(၆) အရွက်ကိုညက်စွာကြိတ်၍လည်းကောင်း၊ အအေးလွန်၍ဖြစ်သောမျက်စိနာအတွက် အရွက်ကိုကြိတ်ပြီး နနွင်းစစ်စစ် အနည်းငယ် ထည့်ကာ
ခပ်နွေးနွေးအုံ ပေးပါက မျက်စိနာပျောက်၏။
(၇) အနာများမပေါက်ဘဲ အညှော်မိ၊ ငန်းမန်းလိုက်၍
ရောင်တင်းလာပါက အရွက် ကိုကြိတ်၍ အုံပေးပါက အညှော်များကျဆင်းပြီး အနာနုလျှင်ပိန်၍ ရင့်လျှင်ပေါက်သွားစေသည်။
(၈)အရွက်ရည်ကို သကြားဖြင့်ရောသောက်ပါက
ဆီး၌ သွေးပါခြင်းနှင့် သွေး၀မ်း သွားခြင်း ကိုပျောက်ကင်း၏
(၉) အရွက်ကို မီးကင်၍ ဖေါရောင်သောနေရာများကို ကပ်ပေးပါက အဖေါကျ၏။ အရွက်ကိုဆားဖြင့်ကြိတ်ပြီး ကင်းကိုက်သော နေရာသို့ သိပ်ပေးပါက ကင်းဆိပ်ပြေသည်။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ