Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ

ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ

Health Knowledge
ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ
ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ

ကျောက်ကပ် နှလုံး အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါ
ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာ လည်း ဆေး၊ ဆေး လည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။
ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာ သူ အတွက် ဆေးဝါး ဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ် ကို အဖိုးနည်း ဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။
ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင် ယောင်ချုံပင် မျိုးဖြစ်သည်။

ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံ တို့တွင် ဆူးရှိသည်။
အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။
အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။
အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။
အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။
မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ
ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ

ကင်ပွန်းချဉ်သည် အသည်း အတွက် အစွမ်းထက် အသုံးဝင်သည်။
ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ် ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင် စားခြင်းများ ပြုနိုင်သည်။
အရွက်နုကို ငရုတ်ကောင်း အရည်တွင် စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်
အသည်းရောင် အသား ဝါရောဂါ၊ သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။
အရွက်နုကို ကြိတ်ပြီး အသည်းရောင် သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ
ကင်ပွန်းချဉ်ရွက် နှင့် ကျန်းမာရေး ကောင်းကျိုးများ

အရွက်နုကို ညက်အောင်ထောင်း တစ်ညသိပ်ပြီး သကြား အနည်း ငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန် သောက်ပေးလျှင် အဖျဉ်း (ရေဖျဉ်း) ရောဂါ ပျောက်သည်။
ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ် ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။
ကင်ပွန်းချဉ် ရွက်ကို ရေနွေး ဖျောပြီး သောက်က ဝမ်းချုပ် လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။

ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။
လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။
ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။
ကိုယ်တွင်း အပူကို ငြိမ်းစေသည်။
ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။
ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။
သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင် ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါ ရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။
နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက် ၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်
မှီဝဲ စေသင့်သည်။
နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။
ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့် ရောနှော၍ ကြော်စား လျှင် ထမင်းမြိန်ပါသည်။

အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။
ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံ ထည့်၍ ဆီဖြင့် နှံ့အောင် နယ်ပါ။
ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှ င့် ထုပ်ပါ။
ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက် လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။
နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...