Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်

ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်

Health Knowledge
ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်
ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်

မိန်းမတို့ ရာသီမမှန်၊ မောဟိုက်ပန်း၊ ဝမ်းကိုက်၊ ပိတ်ဖြူ၊ ပိတ်နီ၊ ကာလဝမ်း ကျခဲ့ရင် မြင်းခွါရွက် ပိတ်ချင်းသီး အမျှစီ ထောင်း၊ ရေနွေးနဲ့သောက်ပါ
မြင်းခွာရွက် အာနိသင်

အရသာ ခပ်ခါးခါး ခပ်ရှရှ ချို၊ အေး၊ နှုတ်မြိန်၊ အစာကြေစေ၊ ဝမ်းဗိုက်ကိုခြောက်၊ အိပ်ပျော်စားဝင် ဓာတ်လေးပါးမှန်၊ အသိဉာဏ်တိုးပွား၊ ဆီးရွှက်၊ အပူငြိမ်း၊ အအေးကိုပြယ်၊ ရေငတ်ပျောက်၊ သလိပ်ပယ်၊ အသက်ကိုရှည်စေ ဟူ၍ မြန်မာ့ဆေးကျမ်း၊ အိန္ဒိယဆေးကျမ်းများက ဆို၏။ မြင်းခွါသည် အေးမြသောမြေမှာ ပေါက်သောမျိုးဖြစ်၏။ အယဉ်နှင့်အရိုင်း နှစ်မျိုးရှိပါသည်။ အယဉ်မှာ အမွေးမရှိ၊ အရိုင်းမှာ အမွေးပါ၏။ အရိုင်းမှာ အညာဒေသ တောထဲမှာ ပေါက်၏။ အယဉ်က ယခု စားစရာဖြစ်နေ၏။ အကျိုးက ဆီးများ၊ လေသက်၊ ဝမ်းမှန်စေ၏။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်
ခရုသင်း၊ဝက်ရူးနဲ့အခြားသောရောဂါများအတွက် မြင်းခွာရွက်

ပျောက်ကင်းနိုင်မည့် ရောဂါများ—

ခေါင်းကိုက်၊ အဖျားအမျိုးမျိုး၊ ကြို့ထိုး၊ သွေးရောဂါအမျိုးမျိုး၊ သည်းခြေပျက်၊ အဖျဉ်းကြီး၊ အဆုတ်ပြွန်ရောင်၊ ပန်းနာရင်ကျပ်၊ ကိုယ်ရေဝါ၊ အရေပြား ရောဂါအမျိုးမျိုး၊ ကျောက်၊ ဝက်သက်၊ ယားနာ၊ အဖုအပိမ့်၊ နူနာ၊ ခရုသင်း၊ အနာပေါက်။ အနာမီးလျှံ၊ ဖုတ်ဖမ်းစား ဝေဒနာ (မြေကိုင်) ခြေသေ၊ လက်သေ၊ ခြေလက် အကြောပြတ် ဖော်ပြပါ ရောဂါတွေ ပျောက်အောင် မြင်းခွါရွက်ကို ရေနှင့်စင်အောင်ဆေးပါ၊
နေရိပ်မှာ အခြောက်ခံ၊ နေပူလှန်းရင် အာနိသင်ပျက်၊ ခြောက်ရင် သစ်သားဆုံ ကျော်ကဆုံ မြေဆုံ တခုခုနှင့် ထောင်းပါ။ သံဆုံနှင့်မထောင်းရ။ ပေါင်ဒါ အသားကျအောင် ထောင်းပါ။

ဆေးအဖြစ် သုံးတဲ့အခါ—

(၁) မြင်းခွါရွက်မှုန့် ၁၀-ကျပ်သား
(၂) ငရုတ်ကောင်းမှုန့် ၂-ကျပ်သား
(၃) ပျားရည် ၁၂-ကျပ်သား ဤဆေးသုံးမျိုးကို အစေးပေါက်အောင်နယ် နေလှန်း၊ ပျားရည်ခန်းအောင် အခြောက်လှန်း၊ ဆီးကင်းလောက် လုံး၊ ဖန်ဘူးထဲထည့်ပါ။ နံနက် နေ့လယ် ည တလုံးစီစား၊ ပိုစားနိုင်လေ ကောင်းလေ ဘေးမဖြစ်ပါ။ ရောဂါကြီးက တလ၊ နှစ်လ စား၊ ရောဂါငယ်ရင် လဝက် တလ စားပါ၊ ကိုယ်ရေအသား ကောင်းမယ်၊ ရောဂါမရှိလည်း စား၊ ရောဂါဘယ ဝေးမယ်။

မျက်စိနာ— မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်။
ဝက်ခြံ— မြင်းခွါရွက်နဲ့ လူးပါ။
မြွေက်ကိုက်သော်— မြင်းခွါရွက်ကို သောက်၊ မြွေကိုက်နာကို လူး။
အနာပေါက်— အရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။
မြေကိုင်— အရွက်ကို ချင်းရည်နှင့် မီးနွေးနွေး ချက်လိမ်းပါ။ သောက်လည်းသောက်ပါ။

ချိုင်းအောက်နာ (ကိန္နရာ အနာ) ~~~အရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။
ငှက်ဖျား— အရွက်ရည် ငရုတ်ကောင်းနဲ့ အမျှစီကြိတ်သောက်၊ (၉၆)ပါးဆေး၊ မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညဉ့် နံနက် သောက်။
ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊ ခြေက်သေ— မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့ သုံးခွက်တခွက်တင် ကျိုသောက်ပါ။
မျက်စိနာ— အရွက်ကို ကင်ပွန်းရွက်နဲ့ ပြုတ်ချိုးပါ။

ခြေလက် အကြောမျက်— မြင်းခွါရွက်ပြုတ်၊ အကျွမ်းဖုတ်၊ ပြာကို လက်ပြတ်ရာ၊ ခြေပြတ်ရာကို ဖြူးပေး၊ ကျပ်စည်ထား၊ အကြောအရိုး မကြာမီ ဆက်သွားမယ်။
ဆွံ့အ စကားထစ- မြင်းခွါရွက် ကျွေးပါ

ဆီးဝမ်းချုပ်ပါက-မြင်းခွါရွက်စားပါ။
အဆစ်အမြစ် အရိုးအဆစ် အကျိတ် လိမ်းဆေးအဖြစ်—-မြင်းခွါရွက် သတ္ထုရည် တကျပ်ခွဲ၊ ရေနံဆီ တကျပ်ခွဲ ဖန်ဘူးထဲမှာ ထည့်မွှေ လိမ်းသုတ်နှိပ်ပေးပါ။ အဆစ် အမြစ် အဖု အကျိတ် ပျောက်ပါသည်။

ကလေးများ အအေးမိက လက်ဖက်ရည်ဇွန်းငယ်နှင့် မြင်းခွါရွက် သတ္ထုရည်ကို တိုက်ကျွေးပါ။ ဝမ်းသက်၊ သလိပ်ကျ အဆုတ်အအေးပတ်နာ ပျောက်ပါသည်။
ဝက်ရူး~~~အညာမြင်းခွါ၊ ဂဠုန်တောင်ရွက် ရောစပ် စားပါ။

ရေးသားသူ-CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...