ဂေါက်အဆစ်ရောင် ဆီးနှင့်ကျောက်ကပ် အသည်းသမားများအတွက်ဘူးပင် အစွမ်း အံမခန်းပါ

ရေဓာတ်ပါဝင်မှုများပြီး အအေးစာဖြစ်သောကြောင့် ဆီး မကောင်းသူများနှင့် ယူရစ်အက်စစ်များ၍ ဆီးပူသော သူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး သံပရာရည်ဖြင့် ရောကာ သောက်သုံးပေးသင့်သည်။
ကျောက်ကပ်ရောင် ခြင်းကိုလည်း ကုသပေးနိုင်စွမ်းရှိ သည်။
ဆီးချိုရောဂါသည်များအတွက် အထူးသင့်လျော်သည်။.
ဝမ်းလျှောခြင်းကြောင့် ရေငတ်နေသူများ၊ အဆီဓာတ်များ သောအစားအစာ သို့မဟုတ် ဆီကြော်မုန့်စားသုံးပြီး နောက် ရင်ပူနေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ကာ ဆား အနည်းငယ်ရော၍သောက်သုံးပေးသင့်သည်။
ပူပြင်းသောနွေရာသီတွင် ဆုံးရှုံးသွားသောချွေးများအတွက် အထက်ပါအတိုင်းသောက်သုံးပေးပါက လူကိုပြန်လည် လန်းဆန်းစေသည်။ အပူလျှပ်ခြင်းမှလည်း ကာကွယ် ပေးသည်။
သွေးတိုးရောဂါသမားများနှင့် နှလုံးရောဂါဝေဒနာရှင်များ ကို များစွာအကျိုးပြုသည်။
ဘူးညွန့်(ဘူးရွက်)သည် အသည်းရောင်အသားဝါရောဂါကို ဟန့်တားကာကွယ်ပေးသည်။
ဆံပင်ဖြူခြင်းကို သက်သာလျော့ပါးစေသည်။
အဆီဓာတ်ပါဝင်မှုနည်းပြီး အမျှင်ဓာတ်ပေါများ သောကြောင့် အစာကြေလွယ်ပြီး ဝမ်းချုပ်ခြင်းမှ ကာကွယ် ပေး သည်။
အာရုံကြောများကို အားကောင်းစေကာ မှတ်ဉာဏ်ကို ဖွံ့ဖြိုးတိုးတက်စေသည်။ (စိတ်ဖောက်ပြန်သူများအတွက် ကောင်းကျိုးပြုပါသည်)
ဆံပင်မရှိ၍ ထိပ်ပြောင်သူများသည် ဘူးညွန့် (ဘူး ရွက်) အရည်ကို လိမ်းပေးသင့်သည်။
သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေသည်။ သွား သွားကု များမပျက်စီးရအောင် ကြိုတင်ကာကွယ်သည့်အနေဖြင့် ဘူးညွန့်အရည်ဖြင့် ပလုတ်ကျင်းပေးသင့်ပါသည်။
ဖက်ခွက်နာ(ပြည်တည်နာများ)၊ ဝက်ရူးပြန်ခြင်းနှင့် အစာမ ကြေခြင်းဝေဒနာများကို သက်သာ ပျောက်ကင်း စေသည်။
နံနက်စာမစားမီ ဘူးသီးကိုဖျော်ရည်လုပ်ပြီး နေ့စဉ်တစ်နေ့ လျှင် တစ်ခွက်ပုံမှန်သောက်သုံးပေးပါက အရွယ်တင် နုပျို စေသည်။
မိတ်၊ အင်ပျဉ်ကဲ့သို့ အရေပြားပေါ်တွင် အဖုအပိမ့်အနီ ကွက်ထပါက ဘူးသီးကိုကြိတ်ချေ၍ ၎င်းအနှစ်များ ဖြင့် လိမ်းပေးခြင်းဖြင့် ချက်ချင်းသက်သာပျောက်ကင်း စေသည်။

ဘူးသီးကို မှန်မှန်စားပေးခြင်းဖြင့် အပြစ်အနာအဆာမရှိ သော လင်းလက်စိုပြည်လှပသည့် အသားအရေကို ပိုင်ဆိုင် နိုင်သည်။
ဘူးသီးသည် အသည်းပုံမှန်အလုပ်မလုပ်နိုင်သူများကို ကောင်းစွာအကျိုးပြုသည်။
နာတာရှည်အိပ်မပျော်နိုင်ဘဲ မျက်စိကြောင်နေသူများသည် ဘူးသီးကိုဖျော်ရည်လုပ်ပြီး နှမ်းဆီနှင့်ရော၍ ဦးခေါင်းခွံ (ဦးရေပြား)ကို ညစဉ်နှိပ်ပေးခြင်းဖြင့် ထိရောက်စွာအကျိုး ရှိစေသည်။
အစာအိမ်အက်စစ် အထွက်လွန်သူများအတွက် သက်သာ ပျောက်ကင်းသည်။
နှလုံးကိုအားကောင်းစေသည်။
အဆိပ်ပြေစေသည်။
ချောင်းဆိုးခြင်းကြောင့် အသက်ရှူလေပြွန်ရောင်နေသူများ၊ လည်ချောင်းနာသူများနှင့် ပန်းနာရင်ကျပ်ရောဂါများကို ကု သပေးနိုင်စွမ်းရှိသည်။
ဗီတာမင်အီးက မျက်လုံးသွေးကြောမျှင်များကို ကောင်းကျိုးပြုသည်။
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တစ်မျိုး ဖြစ်သည့် ဘူး ညွန့်ဟင်းလျာတစ်ခွက်တွင် ဗီတာမင်အီးကိုလုံလောက် စွာ ရရှိနိုင်သည်။ ထို့ကြောင့် ဘူးညွန့်စားခြင်း က မျက်စိ ကျန်းမာရေးကို အထောက်အကူဖြစ်စေသည်။
မှတ်သားရန်
ဘူးသီးသည် အပူပေးချက်ပြုတ်ပြီးမှသာ စားသုံးရသည့် ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ဆီးရောဂါရှိသူများအနေဖြင့် ဖျော်ရည်လုပ်၍ သောက်သုံးနိုင်သော်လည်း ၎င်းရောဂါမရှိဘဲ ရက်လတာရှည်အစိမ်းစားပါက အစာအိမ်နှင့်အူမများအတွက် အန္တရာယ်ဖြစ်စေနိုင်သည်။
အချုပ်အားဖြင့်ဆိုသော် ဘူးသီးသည် ကိုယ်ခန္ဓာ
အတွင်းရှိ အင်္ဂါအစိတ်အပိုင်းများကို အကျိုးပြုရုံသာ
မက အသားအရေကို ကျန်းမာလှပစေခြင်း၊ ဆံပင်ဖြူ
ခြင်းကို လျော့နည်းစေခြင်းတို့အပြင် ကိုယ်အလေးချိန်
ထိန်းလိုသူများအတွက် ထိထိရောက်ရောက်အကျိုးပြု
စေသည့် အစွမ်းသတ္တိများနှင့်ပြည့်စုံသော အစိမ်းရောင်ဟင်းသီးဟင်းရွက်တစ်မျိုးဖြစ်သည်။ ရေဓာတ်ပါဝင်မှုများပြားသဖြင့် အချိန်ကြာမြင့်စွာချက်ပြုတ်ပေးရန် မလိုဘဲ အချိန်ကုန်သက်သာစေသည်။ ထို့ကြောင့်ဆေးဖက်ဝင်ဟင်းရွက်နွယ်ပင်တစ်မျိုးဖြစ်သည့် ဘူးသီးကို စားသောက်နိုင်ကြပါစေကြောင်း သတင်းကောင်းပါးအပ်ပါသည်။
ရေးသားသူ- CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ