Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ဆီးချုပ်ခြင်း ဆီးအောင့်ခြင်း ဆီးကျောက်တည်ခြင်းသွေးအန်ခြင်း များဖြစ်လျှင် အသုံးပြုနိုင်သောဂေါ်ဘီရိုင်းပင် ခေါ်  ကျားမုတ်ဆိတ်ပင်

ဆီးချုပ်ခြင်း ဆီးအောင့်ခြင်း ဆီးကျောက်တည်ခြင်းသွေးအန်ခြင်း များဖြစ်လျှင် အသုံးပြုနိုင်သောဂေါ်ဘီရိုင်းပင် ခေါ် ကျားမုတ်ဆိတ်ပင်

Health Knowledge

မြန်မာနိုင်ငံ အနှံ့အပြားတွင်သဘာဝအလျောက်ပေါက်ရောက်သည်။ အထူးသဖြင့် မိုးဥတု၌အပေါက်များပြီး မြေပြန့်စိုထိုင်းသောနေရာများတွင် မြေ၌ပြားကပ်၍ ပေါက်တတ်သည်။ ကုန်းပေါ်များတွင် ပေါက်ခဲသည်။‌ဂေါ်ဘီရိုင်းပင်ကို အချို့ရပ်ဒေသများတွင် ကျားမုတ်ဆိတ်ပင် ဟုလည်းခေါ်ကြပြီး‌နေရာဒေသလိုက်၍အခေါ်ကွဲလွဲနိုင်ပါသည်။မျိုးစိတ်ကွဲပေါင်းများစွာရှိသည်။
ပုံသဏ္ဌာန်။ ။ မြေတွင်ကပ်ပေါက်ပြီး အရွက်ရှည်ကာ အဖျားဝိုင်းသည်။အပွင့်မှာ အရောင်အမျိုးမျိုးရှိသည့်အနက် ယခုဖော်ပြမည့်ဂေါ်ဘီရိုင်းခေါ် ကျားမုတ်ဆိတ်ပင် ၏ အပွင့်သည် ခရမ်းရောင်ရှိသည်။
အရသာနှင့် အကျိုးသွား။ ။အေး၏၊ ခါး၏၊ဖန်၏။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဆီးချုပ်ခြင်း ဆီးအောင့်ခြင်း ဆီးကျောက်တည်ခြင်းသွေးအန်ခြင်း များဖြစ်လျှင် အသုံးပြုနိုင်သောဂေါ်ဘီရိုင်းပင် ခေါ် ကျားမုတ်ဆိတ်ပင်
ဆီးချုပ်ခြင်း ဆီးအောင့်ခြင်း ဆီးကျောက်တည်ခြင်းသွေးအန်ခြင်း များဖြစ်လျှင် အသုံးပြုနိုင်သောဂေါ်ဘီရိုင်းပင် ခေါ် ကျားမုတ်ဆိတ်ပင်

ဂုဏ် နှင့် စွမ်းရည်။ ။ ထက်မြက်၏၊ အနာကို အသားနု တက်လွယ်စေ၏၊ အူကို တွန့်ရှုံ့ စေ၏၊ အဖျားကို ပယ်တတ်၏၊ ပိုးကို နိုင်၏၊ လေကို ပွားစေ၏၊ သလိပ် နှင့် သည်းခြေကိုနိုင်၏၊ နှလုံးကို အားပေး၏၊ ၎င်းပြင် ချောင်းဆိုးနာ, သွေးဖေါက်ပြန်မှာ အနာ ပေါက်များ နှင့် အဖျားရောဂါတို့ကို နိုင်နင်း၏၊ ခံတွင်းမကောင်းသည်ကို ပြုပြင်တတ်၏ ။ နှလုံး ဆီး လည်ချောင်း အာစောက် ပူသောအနှာ, အဆိပ်သင့်၍ ဖြစ်သော ရောဂါ အမျိုးမျိုး၊ ကျောက်ကလေးရောဂါများကို ကင်းဝေးစေ၏။
ရောဂါအလိုက် အသုံးပြုနည်း
✓ အစာသစ်အိမ်ရောင်ရောဂါ ဖြစ်ပါက
၎င်းအရွက်ကို ထု၍ ဆန်နှင့် ရောကျိုပါ ထိုနောက်၎င်းအရည်ကို စစ်၍ သောက်ပါက အစာသစ်အိမ် ရောင်ရမ်းသော ရောဂါသည် လျှင်မြန် စွာပျောက်ကင်းနိုင်တယ်လို့ဆိုပါတယ်။
✓ သွေးအန်ရောဂါ ဖြစ်ပါက
၎င်းအရွက်ကို ရေနှင့် ရော၍ ကြိတ်ပါ၊ တခွက်စာလျှင် ၁၂-ပဲသားမှ ၁-ကျပ် ဂ-ပဲသား အထိ သောက်လျှင် သွေးဖေါက်ပြန်၍ အန်သောရောဂါကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုပါတယ်။
✓ အသံပျက်ရောဂါ ဖြစ်ပါလျှင်
၎င်းအရွက် ၊ ၎င်းအရိုးတို့ကို ကျို၍ ပျားရည်နှင့် သောက်ပေးပါလျှင် အသံပျက်ရောဂါကိုပျောက်ကင်းစေနိုင်တယ်လို့ဆိုပါတယ်။
✓ဆီးချုပ်‌နေပါလျှင်
၎င်းအမြစ်ကို ကျို၍ သောက်သုံးပါက ဆီးချုပ်ရောဂါ ပျောက်ကင်းစေတယ်လို့ဆိုပါတယ်။
✓ ဆီးအောင့်ရောဂါ
၎င်းပင်၏ ပဉ္စငါးပါးကို ကျို၍ သောက်ပါ သို့မဟုတ် ၎င်းအရွက်ကို ကျို၍ အရည်ကို စစ်ပြီးလျှင် သကြားအနည်းငယ် ရော၍ သောက်ပါက ဆီးအောင့်ရောဂါ ပျောက်ကင်း‌စေနိုင်တယ်လို့ဆိုပါတယ်။

ဆီးကျောက်တည်ရင် ကြောက်စရာမလိုတဲ့ ကျားမုတ်ဆိပ်

ဆီးကျောက်တည်သူများဝမ်းသာစရာပါ။ကျောက်ကပ်အတွင်းကျောက်တည်ခြင်း၊ဆီးလမ်းကြောင်းအတွင်းကျောက်တည်ခြင်း၊ဆီးအိမ်အတွင်းကျောက်တွေ့ခြင်းများအတွက်ကျားမုတ်ဆိပ်ပင်၏ပဉ္စငါးပါးကို ကျောက်ပန်းတောင်းထန်းလျှက်ခေါ် ထန်းလျှက်အမဲ သို့မဟုတ် ထန်းလျှက်အညိုနှင့်ကျို၍ ရေ ရေနွေးအစားကျားမုတ်ဆိပ်ပင်ပြုတ်ရည်ကိုသောက်ပေးပါ။ကျောက်ကြီးရင်ကွဲသွားပါမည်။ကျောက်သေးရင်ကျေပြီးဆီးသွားတဲ့အခါပါသွားပါလိမ့်မည်။ငွေမကုန်လူမပန်းအလွန်ထက်တဲ့ဆေးအစွမ်း အားလုံးအနာနဲ့ဆေးတွေ့ကြပါစေ။

ရေးသားသူ-CRD

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...