Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိတ်ချင်းအသုံးဝင်ပုံ

ပိတ်ချင်းအသုံးဝင်ပုံ

Health Knowledge
ပိတ်ချင်းအသုံးဝင်ပုံ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိတ်ချင်းအသုံးဝင်ပုံ
ပိတ်ချင်းအသုံးဝင်ပုံ

ပုံသဏ္ဌာန်
အပင်
– အမြဲ စိမ်း နွယ်ပင် မျိုးဖြစ်သည်။ ကွမ်းပင် နှင့် တူသည်။ ပင်စည် လုံး၍ အဆစ် များ ရှိသည်။အကိုင်း အခက် များ သေးငယ်ပြီး ထောင်မတ် နေသည်။ အဖိုပင်၊ အမ ပင် ဟူ၍ ရှိသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိတ်ချင်းအသုံးဝင်ပုံ
ပိတ်ချင်းအသုံးဝင်ပုံ

အရွက်
ရွက်လွှဲ ထွက်သည်။ နှလုံးပုံ ရှိ၍ အဖျား ချွန်သည်။ ကွမ်းရွက် နှင့် တူသည်။ ရွက်ပြား ချောသည်။ ရွက်နား ညီသည်။ ထင်ရှား သော ရွက်ကြော ခုနှစ်ခု ရှိပြီး ရွက်ကြောများ ရွက်ညှာ ရင်းမှ ဖြာထွက်သည်။ ရွက်ညှာ ရှည်သည်။

အပွင့်
ပန်းခိုင်တွင် သေးငယ်သည့် အပွင့်လေး များ ပါရှိ သည်။ပွင့်ညှာ မဲ့သည်။အဖို အမ သတ်သတ် စီရှိ၍ အမ ပန်းခိုင်သည် အဖို ပန်းခိုင် ထက် ပို၍ သေးငယ် သည်။အပွင့် အနီ ရောင် ရှိသည်။ တပို့တွဲလ တပေါင်းလတွင် ပွင့်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိတ်ချင်းအသုံးဝင်ပုံ
ပိတ်ချင်းအသုံးဝင်ပုံ

အသီး
သေးငယ် သည်။ကွမ်းသီး တောင့်ကဲ့သို့ သီးသည်။မှည့်သော အခါ အနီရောင် ရှိသည်။ အစေ့ အနည်းငယ် လုံးဝိုင်းသည်။ ကဆုန်၊ နယုန် လတွင် အသီး ရင့်မှည့်သည်။

အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ
အသီး၊ အမြစ်။
မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ
မြန်မာ နိုင်ငံ နေရာ အနှံ့ အပြား၌ ပေါက်သည်။ အထူး သဖြင့် မြန်မာ နိုင်ငံ မြောက်ပိုင်း တောင်ပေါ် ဒေသရှိ သစ်ပင် ကြီးများ၏ အရိပ် အာဝါသ အောက်၌ သဘာ၀ အလျောက် ပေါက်ရောက် လေ့ရှိသည်။သဘာ၀ အလျောက် ပေါက်ရောက် သည်။

အသုံးဝင်ပုံ
အာနိသင်
မြန်မာ ဆေးကျမ်း များ အလို အရ ပိတ်ချင်းသီး သည် ချို၏။ အေး၏။ သည်းခြေ ကို ငြိမ်းစေသည်။ အမြစ် သည် စပ်၏။ ပူ၏။ ကြေလွယ်၏။ ဝမ်းမီး ကို တောက်စေ၍ သလိပ် ကို ကြေစေ သည်။

အသုံးပြုပုံ
အသီး
၁။ ပိတ်ချင်းသီး ကို ရေနှင့် သွေး၍ မျက်စဉ်း ခတ်ပါက ဇက်ကြော တက်ခြင်း၊ ထိုင်းမှိုင်းခြင်း ပျောက်၏။
၂။ အဆိပ် ရှိ သတ္တဝါ များ ကိုက်သော နေရာတွင် သွေး၍ လိမ်းပေး ပါက အဆိပ် များ ပြယ်၏။
၃။ပိတ်ချင်းသီး အမှုန့် ကို ရေနွေး နှင့် သောက်ပါက သန်ကျ၏။ ရင်နာ ၊ ရင်အောင့် ခြင်းလည်း ပျောက်၏။ ပျားရည် နှင့် ရော၍ လျက်ပါက သွေးလွန် သွေးကျ ရောဂါ ပျောက်ကင်း ပြီး အားအင် ပြည့်ဖြိုးစေ၏။
၄။ငှက်ဖျား ၊ တုန်ဖျား၊ တုပ်ကွေးဖျား စသော ရောဂါ များ အတွက် ပိတ်ချင်းသီး တောင့်ကို ထန်းလျက်၊ ချင်းတို့ နှင့် ရောကျို သောက်ခြင်းဖြင့် အဖျားကျ ပြီး အညောင်း အညာ အကိုက် အခဲ ပြေစေသည်။
၅။ပိတ်ချင်းသီး တောင့် ကို ဝါးပေး ခြင်းဖြင့် သွားနာ သွားကိုက် ပျောက်၏။
အမြစ်
၁။ လေဖြတ် ၍ အဆစ် များ ရောင်ခြင်း၊ ခါးကိုက် ခြင်းတို့ ဖြစ်ပါက အမြစ်မှုန့် အနည်းငယ် ကို ရေနွေး နှင့် သောက်ရသည်။

 

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...