Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မျက်စိနာခြင်းအတွက် ရှားစောင်း

မျက်စိနာခြင်းအတွက် ရှားစောင်း

Health Knowledge
မျက်စိနာခြင်းအတွက် ရှားစောင်း
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မျက်စိနာခြင်းအတွက် ရှားစောင်း
မျက်စိနာခြင်းအတွက် ရှားစောင်း

အာယုဗေဒ- ဆေးအသုံးချ ဘယ ဆေးဖက်ဝင်များ။
ဤ လောကတွင် ကျမ်းမာရေး မှ အရေးကြီးသောအရာသည်မရှိ ထို့ကြောင့် ဖတ်မိသမျှ အားပြန်လည်ဖေါ်ပြပါသည်။ ကျမ်းမာရွင်လန်းကြပါစေ။

ရှားစောင်းချဉ်
ပုံသဏ္ဍာန်

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မျက်စိနာခြင်းအတွက် ရှားစောင်း
မျက်စိနာခြင်းအတွက် ရှားစောင်း

၎င်းကိုရှားစောင်းမျိုး၌ထည့်သွင်းခေါ်ဝေါ်ကြသော်လည်းရှားစောင်းကြီးစသည်တို့ကဲ့သို့အရသာပူလောင်ခြင်း အစေးများထွက်ခြင်းမရှိဖြစ်လေ၏။
၎င်းအပင်မှာမြေကပ်၍ပေါက်သောအပင်ငယ်မျိုးဖြစ်သည်။ပင်စည်မှာအရင်းနှင့်အဖျားညီညွတ်စွာတဖြိုးတည်းနေသည်မြေကောင်းလျှင်တစ်ပေမျှမြင့်သည်၎င်းနောက်မြေသို့ထောက်ပြီးလျှင်ပင်စည်မှအမြစ်များထွက်၍အပင်များထပ်၍ပေါက်၏။
ပင်စည်၌ဆူးယောင်အဖုကလေးများရှိသည်။အပွင့်မှာအချဉ်း ၁၂ ပဲမျှရှိ၍ညိုရောင်သန်း၍ပြာသောအရောင်ရှိသည် ။ယင်းကိုရွရွထုပြီးလဘက်သုပ်၌ထည့်စားကြသည်။

ဂုဏ်နှင့်စွမ်းရည်

မျက်စိများပူလောင်ခြင်း၊ယားယံခြင်း ထိခိုက်သောဒါန်ကြောင့်ရောင်ရမ်းခြင်း မျက်ရည်ပူများယိုခြင်း မျက်စိနာခြင်းတို့ကို ရှားစောင်းချဉ် ကျောက်ချဉ် မန်ကျည်း
ရွက်ကြမ်း၎င်း ၃ မျိုးကိုဆတူစု၍အနည်းငယ်
မျှကြိတ်ပြီးလျှင် ကျပ်ထုပ်လုပ်၍မီးနွေးနွေး
ဖြင့်ကျပ်ထုပ်ထိုးပေးမူ အထက်ပါရောဂါများ
လျှင်မြန်စွာပျောက်ကင်း၏။
၄င်အပြင် ရှားစောင်းကြီး မရိုးစသောပူလောင်
သောအစေးများမျက်စိအတွင်းသို့ဝင်မူ
ရှားစောင်းချဉ်၏သတ္တုရည်ကိုခပ်ပေးပါမူ
မျက်စိများပူလောင်ခြင်းမှငြိမ်းအေး၍မြန်စွာ
သက်သာရာရလေ၏။

*ရှားစောင်းခါး
ပုံသဏ္ဍာန်

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ မျက်စိနာခြင်းအတွက် ရှားစောင်း
မျက်စိနာခြင်းအတွက် ရှားစောင်း

ရှားစောင်းချဉ်ကဲ့သို့ပင်ငယ်
မျိုးဖြစ်သည် ၎င်းသည်အုပ်စုဖွဲ့၍အလိုအ
လျှောက်ပေါက်တတ်သောအလေ့ပေါက်အ
ပင်မျိုးဖြစ်သည်။၎င်းသည်ရှားစောင်းချဉ်ကဲ့
သို့ပင်စည်ရိုးတန်အထက်အောက်တပြေး
တည်းမဟုတ် အရင်းတုတ်၍အဖျားသေး၏
ရှားစောင်းချဉ်ကဲ့သို့ဆူးနှင့်တူသောအဖုများ
မရှိအစေးလည်းမရှိဖြစ်၏။

ဂုဏ်နှင့်စွမ်းရည်

ရှားစောင်းခါးသည်
အေးသောအခိုးရှိသည် အပူကိုငြိမ်းစေ၏
ခြေဖျား လက်ဖျားများအေး၍အထက်သို့
ဆောင်သောလေကိုငြိမ်းစေ၏ သည်းခြေ
ဖောက်ပြန်ခြင်း သွေးဆိုးများဖေါက်ပြန်ခြင်း
ကိုလည်းငြိမ်းအေးစေ၏။

ဓာတ် ဆီး လေတို့ကိုလည်းမှန်ကန်စေ၏
ရှားစောင်းခါးကို ဟင်းအဖြစ်ကြော်ချက်၍
လည်းစားကြသည် လွန်စွာနှုတ်မြိန်သည်
ဝမ်းမီးကိုလည်းတောက်စေ၏ ဝမ်းချုပ်မှုကို
လည်းကာကွယ်သည် ဆေးလည်းဖြစ် အစာ
လည်းဖြစ်၏။

**မှတ်ချက်။ ။ရှားစောင်းချဉ်-ရှားစောင်းခါး
ရှားစောင်းလက်ဆက်တို့သည်အဆိပ်ဖြစ်
သောရှားစောင်းမျိုးမဟုတ်ချေ ဟင်းလျှာ
အနေဖြင့် အများသူငါစားကြသော ရှားစောင်း
မျိုးဖြစ်၏။ကျန်းမာချမ်းသာကြပါစေ

ရေးသားသူ- CRD


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...