လေပြွန်တွေရောင်ပြီး ချွဲကျပ်နေရင်ဘယ်လိုကုသမလဲ

သာမန် အအေးမိ နှာစေးတာက ၂ ပတ်၊ ၃ပတ်ကြာရင် ပျောက်ပေမယ့် လေပြွန်ရောင်ရင်တော့ တော်တော်နဲ့မပျောက်ဘဲ ကြာတတ်ပါတယ် လေပြွန်ရောင်တဲ့အခါ ချွဲသလိပ်ထပြီး ချောင်းဆိုးတာပါ တွဲပါလာတတ်ပါတယ်။
ဒီလိုမျိုး လေပြွန်ရောင်ရမ်းရတဲ့ အဓိကအချက်က ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုးကြောင့်ပါ။ ဘယ်လို လက္ခဏာတွေကြည့်ရင် လေပြွန်ရောင်တာ သိနိုင်မလဲ။

၁. ချောင်းဆိုးခြင်း
၂. ချွဲသလိပ်အဖြူ၊ အဝါ ဒါမှမဟုတ် အကြည်ရောင်ထွက်ခြင်း
၃. အသက်ရှူကျပ်ခြင်း
၄. မောပန်းခြင်း
၅. ဖျားခြင်း
၆. ရင်ခေါင်းထဲမှာ ချွဲထနေခြင်း
၇. အသက်ရှူသံ ရွှီရွှီမြည်ခြင်းတို့ပဲ ဖြစ်ပါတယ်။
လေပြွန်ရောင်တာက ဆိုးရွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ရောဂါပိုးက အဆုတ်ကို ကူးစက်တဲ့အခါ အဆုတ်ရောင်ရောဂါ (နမိုးနီးယားရောဂါ) ဖြစ်နိုင်ပါတယ်။ အသက်ကြီးသူတွေ၊ ဆေးလိပ် သောက်သုံးသူတွေနဲ့ ခုခံအားနည်းသူတွေမှာဆို ပိုပြီးဖြစ်လွယ်ပါတယ်။
ဒါကြောင့်
(လေပြွန်ရောင်တဲ့အခါ ဆရာဝန်နဲ့ သွားပြသင့်တဲ့အချိန်က)
– ၂ ပတ်ထက်ကျော်ပြီး ချောင်းဆိုးတဲ့အခါ
– အိပ်မရအောင် ချောင်းဆိုးတဲ့အခါ
– အဖျား ၁၀၀ ကျော်ဖြစ်တဲ့အခါ
– သလိပ် အရောင်ပြောင်းတဲ့အခါ
– အသက်ရှူရကျပ်တဲ့အခါ
– ချောင်းဆိုးပြီး ရင်ခေါင်းနာကျင်လာတဲ့အခါမျိုးမှာပါ။
(လေပြွန်မရောင်အောင် ဘယ်လိုကာကွယ်မလဲ။)
– ဆေးလိပ်ဖြတ်ပါ။
– အဖျားပျောက်စေမယ့် ပိုးသတ်ဆေးသောက်ပါ။
– နှာခေါင်းစည်းအုပ်ပါ။
ဒီအချက်လေးတွေသိထားပြီးလိုက်နာမယ်ဆိုရင်တော့ လေပြွန်ရောင်တာကင်းဝေးမှာပါ။
ရေးသားသူ-CRD
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ