Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ

ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ

Health Knowledge
ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ
ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ

၁။ အရွက်ကိုကင်ပြီး အနာကိုကပ်မယ်ဆိုရင် အနာစိမ်းတွေနဲ့ သွေးစုနာတွေ ပျောက်စေပါတယ်။ နုရင်ပိန်သွားမှာဖြစ်ပြီး ရင့်ရင်တော့ ပြည်ပေါက်သွားမှာ ဖြစ်ပါတယ်။
၂။အရက်သောက်သူတွေအတွက် ဂွေးတောက်ရွက်ကိုကြက်သားနဲ့ချက်စားမယ်ဆိုရင် အဆိပ်အတောက် ပြယ်စေပါတယ်။

၃။ ကြော်စားမယ်၊ ဟင်းခါးချက်သောက်မယ်ဆိုရင် လေထိုးလေအောင့်နဲ့ ဆီးချုပ်တာပျောက်ပါတယ်။
၄။ အရွက်ကိုကြိတ်ပြီး အုံစည်းပေးထားမယ်ဆိုရင် အဖုအကြိတ်တွေပျောက်ပါတယ်။
၅။ သကြားနဲ့ထောင်းပြီး အုံပေးရင် အကြောအဆစ်လွဲတာပျောက်ပါတယ်။
၆။ ဘဲဥနဲ့ကြော်စားမယ်ဆိုရင် ခွန်အားတိုးစေပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ
ဂွေးတောက်ရွက်ရဲ့ကောင်းကျိုးများ

ဂွေးတောက်နှင့် သနပ်ခါး

အမျိုးသမီးများ အဖြစ်များလေ့ရှိတဲ့ဒူး၊ ခါး၊ လက်တို့ နာကျင်ကိုက်ခဲခြင်း ဝေဒနာဆိုးကို သက်သာပျောက်ကင်းစေမဲ့ ကိုယ်တွေ့ ဆေးနည်းကောင်းလေး ဖြစ်ပါတယ်။

ဆေးနည်း
၁။ ဂွေးဒေါက်ရွက် အနည်းငယ်ကိုထောင်း၊ ထွက်လာတဲ့ အရည်နဲ့ သနပ်ခါးကို သွေး၊ ဒူးကနေစပြီး ခြေဖြားအထိ လိမ်းရခြင်း ဖြစ်ပါတယ်။
ရောဂါ အနုအရင့် အလိုက် နေ့စဉ် ရေချိုးပြီးတကြိမ်၊ ညအိပ်ရာဝင်တကြိမ် ပုံမှန် လိမ်းပေးမယ်ဆို သိသိသာသာ ပျောက်ကင်းလာပါလိမ့်မယ်။

ဆေးဖက်အသုံး၀င်ပုံ
အနာဟောင်း၊ အနာဆွေး
အနာကျို သန့်စင်အောင်ဆေးပြီး ထိုအရွက်ကို ကပ်ပေးပါ။ တနေ့ (၃) ကြိမ်ခန့်။
ရေယုန်
အရွက်သတ္တုရည် မကြာခဏ လိမ်းပေးပါ။

အကြောအဆစ်လွဲခြင်း
အရွက်ကို သကြားနှင့် ရောထောင်းပြီး အကြောအဆစ်လွဲသည့်နေရာသို့ အုံ၍ ပတ်တီးစည်းပေးပါ။ တနေ့ (၂) ကြိမ်ခန့်။

တက်တတ်သည့် သူများအတွက်
အတက်ဝေဒနာရှင်အား တက်နေချိန်၌ နားရွက်ကိုခြေပြီး သန့်ရှင်းသော အပ်ဖြင့် အသာအယာဖောက်ပါ။ အရွက်ကိုခြေ၍ နားအားပွတ်ခြေပေးပါ။ အရွက်ရေညှစ်ပြီး
တိုက်ကျွေးပေးပါ။ ရောဂါ သက်သာ ပျောက်ကင်းစေ၏။

အရက်စွဲသူ
ထိုအရွက်ကို ကြက်ခြေထောက်၊ ခေါင်းများဖြင့် မကြာခဏ ဟင်းချိုချက်သောက်ပေးပါက နှစ်ရှည်လများ အရက်စွဲသူအတွက် အရက်နှင့် ကင်းပြတ်စေပါ၏။

ကိုယ်ထဲက အဆိပ်တွေ ထုတ်ပေးမဲ့ ကြက်ရိုးနဲ့ ဂွေးတောက် ဟင်းချို

ဂွေးတောက်ရွက်ရဲ့ ခါးသက်သက် အရသာနဲ့ ကြက်သားရဲ့ အချိုဓာတ်နဲ့ ရောစပ်ပြီး ချက်သောက်တဲ့ ကြက်ဂွေးလို့ ခေါ်တဲ့ ဟင်းချို တမျိုးဟာ သောက်လို့ကောင်းမယ့် ဟင်းတခွက်ပါ။ အခုအချိန်မှာ ဂွေးတောက်ရွက် နုနုနဲ့ ကြက်သားကို အရိုးနဲ့ ချက်ရင် ပိုကောင်းပါတယ်။ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဟင်းတခွက်လည်း ဖြစ်တာကြောင့်ဒီလို ရာသီဥတုနဲ့ လိုက်ဖက်လည်း ညီပါတယ်။

ဂွေးတောက်ရွက်ဟာ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အရွက်ဆိုတာ သတိထားမိချင်မှ ထားမိပါလိမ့်မယ်။ ဂွေးတောက်ရွက်ဟာ ၀မျးမီးကို ကောင်းစေပြီး အစာကြေလွယ်စေပါတယ်။အမျိုးသားတွေ အတွက် ဒူလာကောင်းပြီး အမျိုးသမီးတွေအတွက် သွေးသား မှန်ကန်စေပါတယ်။

လေအောင့်လေထိုး ကောင်းမွန်စေတဲ့ အပြင် အရက်ကြာရှည်စွာ သောက်သုံးသူတွေကိုဂွေးတောက်ရွက်နဲ့ ကြက်ရိုးဟင်းချိုနဲ့ ကိုယ်အတွင်းမှာ ရှိတဲ့ အဆိပ် အတောက်တွေကို ပြေပျောက်စေပါတယ်။ ဒါကြောင့် တချို့ အရက်ဆိုင်တွေမှာဆို ကြက်ဂွေးကို တမင်မှာသောက်နေကြတာဖြစ်ပါတယ်

ရေးသားသူ-Crd
<


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


div class=”mceTemp”>

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...