Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  နျူစွမ်းအင်သုံးရေငုပ်သင်္ဘော မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြ

နျူစွမ်းအင်သုံးရေငုပ်သင်္ဘော မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြ

International News

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတည်ဆောက်နေမှုကို မြောက်ကိုရီးယားအစိုးရက ပထမဆုံးအကြိမ် ထုတ် ဖော်ပြသခဲ့ပြီး ယင်းမှာ တောင်ကိုရီးယားနှင့် အမေရိကန်တို့အတွက် ကြီးမားသောလုံခြုံ‌ရေး ခြိမ်းခြောက်မှုဖြစ်နိုင်သည့် လက်နက်စနစ်မျိုးဖြစ်ကြောင်း အေပီသတင်းက ဖော် ပြ သည်။

ခေါင်းဆောင်ကင်ဂျုံအန် က စစ်သင်္ဘောများတည်ဆောက်သော သင်္ဘော ကျင် းများသို့သွားရောက်လည်ပတ်သည့် သတင်းကို အစိုးရပိုင် KCNA သတင်းဌာ နက ဖော်ပြပြီးအ ဆိုပါ နျူးကလီးယားစွမ်းအင်သုံးမဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တပ်ရေငုပ်သင်္ဘောဓါတ်ပုံများကိုလည်း ထည့်သွင်းပြသခဲ့ခြင်းဖြစ် သည်။
ရေငုပ်သင်္ဘောနှင့်ပတ်သက်၍ အသေးစိတ်ကို သတင်းဌာနက မပြောသော် လည်း အဆိုပါ ရေငုပ် သ င်္ဘောတည် ဆောက်နေမှုနှင့်ပတ်သက်၍ကင်ဂျုံအန် အားအကျဉ်းချုပ်တင်ပြမှုရှိခဲ့ကြောင်း ပြော ကြားသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  နျူစွမ်းအင်သုံးရေငုပ်သင်္ဘော မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြ
နျူစွမ်းအင်သုံးရေငုပ်သင်္ဘော မြောက်ကိုရီးယား ပထမဆုံးအကြိမ် ထုတ်ပြ

ရေတပ်သင်္ဘောသည် တန် ၆၀၀၀ သို့မဟုတ် ၇၀၀၀ ခန့် လေးသော အတန်း အစားဖြစ်ပုံရပြီး ဒုံးကျည် ၁၀ စင်းခန့်သယ်ဆောင်နိုင်ကြောင်းဟန်ယန်းတက္က သိုလ်တွင်ပို့ချမှုလုပ်နေသည့် ရေငုပ်သင်္ဘော ကျွမ်းကျင် ပညာရှင် မွန်ကျွန်ဆစ် က ပြောကြားသည်။ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်များ ဟူသော အသုံး အ နှုန်းမှာ နျူကလီးယားဒုံးကျည်များကို ရည်ညွှန်းကြောင်း ၎င်းက ဆက်ပြောသည်။
“ ဒါဟာ အမေရိကန် နဲ့ တောင်ကိုရီးယားအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်ပါလိမ့်မယ်” ဟု ပညာရှင်မွန် က ဆက်ပြောသည်။

မိမိတို့အနေဖြင့်အထက်ပါပြောဆိုမှုများကိုသတိထားမိကြောင်း သို့သော်လော လောဆယ်အခြားသတင်းအချက်အ လက်မရှိ သေးကြောင်း အမေရိကန်အမျိုး သားလုံခြုံ‌ရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဘရိုင်ယန်ဟုချ် က ပြောကြားသည်။
မြောက်ကိုရီးယားအား လုံးဝ နျူကလီးယားကင်းစင်သွားရေးကို အမေရိကန် က ဆက်လက်ပိုင်းဖြတ်ထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

ရေးသားသူ-The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...