Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းနှင့်အပစ်ရပ်ရေး အမေရိကန်အဆိုပြုချက် မရှင်းလင်းသေးကြောင်း ပူတင်ပြော

ယူကရိန်းနှင့်အပစ်ရပ်ရေး အမေရိကန်အဆိုပြုချက် မရှင်းလင်းသေးကြောင်း ပူတင်ပြော

International News

ယူကရိန်းနှင့်ရက် ၃၀ ကြာ အပစ်အခတ်ရပ်စဲရေး အမေရိကန်၏ အဆိုပြုချက်နှင့်ပတ်သက်၍ ၎င်းအနေနှင့် ရှင်းလင်းရေရာမှုမရှိသေးကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ပြောကြားသည်။

အကယ်၍ အပစ်အခတ်ရပ်စဲရေးအကောင်အထည်ဖော်ပြီးပါက ကာ့စ်နှင့် တခြားနေရာများတွင် မည့်သို့ဖြစ်ပေါ်တိုးတက်လာမည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း မော်စကိုမြို့၌ ပြုလုပ်သည့် ယမန်နေ့ သတင်း စာရှင်း လင်း ပွဲတွင် သမ္မတပူတင်ကပြောကြားသည်။

သို့ရာတွင်အမေရိကန်၏ အစီအစဉ်ကကြီးကျယ်သင့်မြတ်ကြောင်းပူတင်က ချီးကျူးခဲ့ပြီး ရုရှားက မူအားဖြင့်ထောက်ခံသော်လည်း သဘောတူညီချက်တစ် ရပ်မရမီ ဆွေးနွေးရန် လိုအပ်သော အရာ အများအပြားကျန်သေးကြောင်းလည်း၎င်းကဆိုသည်။

“ရန်လိုမှုတွေ ရပ်တန့်ရေး အဆိုပြုချက်တွေကို ကျွန်တော်တို့ သဘောတူပါတယ်။ စိတ်ကူးကလည်း မှန်ပါတယ်၊ ကျွန်တော်တို့ အဲဒါကို ထောက်ခံတယ်။” ဟု ပူတင်က ကရင်မလင်နန်းတော်၌ သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့နောက်အပစ်အခတ်ရပ်စဲရေးကို မည်သို့အတည်ပြုမည် အပါအဝင် ဖြစ်နိုင်ခြေရှိသော အပစ် အခတ် ရပ်စဲရေးနှ င့်ပတ်သက်၍ပူတင်က မေးခွန်းများဆက်လက်ထုတ်ခဲ့ပြီး အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကို လည်း ဖုန်းဆက်သွယ်မည်ဟုပြောကြားသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းနှင့်အပစ်ရပ်ရေး အမေရိကန်အဆိုပြုချက် မရှင်းလင်းသေးကြောင်း ပူတင်ပြော
ယူကရိန်းနှင့်အပစ်ရပ်ရေး အမေရိကန်အဆိုပြုချက် မရှင်းလင်းသေးကြောင်း ပူတင်ပြော

ထို့ပြင်အပစ်အခတ်ရပ်စဲရေးသည် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ဦးတည်ရမည်ဖြစ်ပြီး အကျပ်အတည်း၏ မူလဇာစ်မြစ်ကို ရှာရမည်ဟုလည်း ၎င်းကဆိုသည်။
စစ်ပွဲ၏ အရင်းခံအကြောင်းတရားများဟု၎င်းကသတ်မှတ်သည့်အရာများကို ဖယ်ရှားပစ်ရန် ပူတင်ကတိုက်တွန်းခြင်း မှာပထမဆုံးအကြိမ်မဟုတ်ဘဲ လက်ရှိ ယူကရိန်းအစိုးရအဖွဲ့သည် မူလအကြောင်းရင်း၏ တစ်စိတ်တစ်ပိုင်းဖြစ် ကြောင်း ကရင်မလင်က ယခင်ကတည်းက အခိုင်အမာ ပြောကြားခဲ့သည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...