သမိုင်းတစ်လျှောက် အိမ်ထောင်သက်အရှည်ကြာဆုံးစုံတွဲအဖြစ် ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့တဲ့ စုံတွဲ

ဘရာဇီးနိုင်ငံက စုံတွဲတစ်တွဲဟာ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်သက် ၈၄ နှစ်ရှိပြီဖြစ်လို့ ကမ္ဘာ့ဂင်းနစ်စံချိန်မှတ်တမ်းဝင်ခဲ့ပါတယ်။
အသက်၁၀၅ နှစ်အရွယ် မာနိုရယ် အိန်ဂျယ်လင်နဲ့ သူ့ရဲ့ဇနီး အသက် ၁၀၁ နှစ်အရွယ်မာရီယာ ဒီ ဆိုဆာ ဒီနိုတို့ပါပဲ။ သူတို့နှစ်ဦးလက်ထပ်ခဲ့တာ ၈၄ နှစ်နဲ့ ၇၇ ရက်ကြာပါပြီ။ သူတို့စုံတွဲဟာ ဆီအာရာပြည်နယ်အရှေ့မြောက်ပိုင်းရှိ Boa Viagem ကျေးလက်တောရွာလေးမှာ သူတို့ရဲ့သက်ဆိုင်ရာမိသားစုနဲ့အတူ လယ်ယာလုပ်ငန်းလုပ်ငန်းရင်း ၁၉၃၆ ခုနှစ်ဝန်းကျင်မှာ စတွေ့ဆုံခဲ့ကြတာပါ။

ပထမဆုံးတွေ့ဆုံမှုက ဘာမှဖြစ်မလာခဲ့ပေမဲ့ သူတို့နှစ်ယောက်က နှစ်အတော်ကြာမှပြန်လည်ဆုံတွေ့ခဲ့ကြပြီး ဆယ်စုနှစ်များစွာကြာတဲ့ သူတို့အချစ်ဇာတ်လမ်းကို စတင်ခဲ့ပါတယ်။ မာနိုရယ် အသက် ၂၁ နှစ်အရွယ်နဲ့ မာရီယာ အသက် ၁၇ နှစ်အရွယ်ရောက်တဲ့အချိန် ၁၉၄၀ ခုနှစ် နိုဝင်ဘာမှာ လက်ထပ်ခဲ့ကြပါတယ်။ မာနိုရယ်အတွက် မြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပါ။ အစပိုင်းမှာ မာရီယာရဲ့မိခင်က သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ကန့်ကွက်ခဲ့ကြပါတယ်။ မာနိုရယ်က မာရီယာရဲ့အမေ သဘောတူဖို့ စိတ်ရှည်သည်းခံပြီး ကြိုးစားခဲ့ပါတယ်။ မာရီယာနဲ့ မိသားစုထူထောင်ဖို့ မျှော်လင့်ချက်နဲ့ အိမ်တစ်လုံးတောင် ဆောက်ထားခဲ့တာပါ။
သူတို့နှစ်ဦး လက်ထပ်ပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးလုံးက လယ်ယာလုပ်ငန်းနဲ့ ဆေးလိပ်လိပ်တဲ့အလုပ်တို့ကို လုပ်ကိုင်ခဲ့ကြပါတယ်။ ကလေး ၁၃ ဦးကို မွေးဖွားခဲ့ပြီး လက်ရှိအချိန်အထိ ကလေး ၉ ဦး အသက်ရှင်နေပါသေးတယ်။ မြေး ၅၅ ဦး၊ မြစ် ၆၀ ဦး၊ တီ ၁၄ ဦးလည်း ရှိပါတယ်။
လက်ရှိအချိန်မှာတော့ သူတို့စုံတွဲက အိမ်မှာပဲ စိတ်အေးချမ်းစွာနဲ့ အတူတကွနေထိုင်နေကြပါတယ်။ အသက်အရွယ်ကြောင့် မာနိုရယ်က အနားယူဖို့ အချိန်အများကြီးယူရပါတယ်။ သူတို့နှစ်ဦး အတူတူထိုင်ပြီး ရေဒီယိုနားထောင်တာ၊ တီဗီကြည့်တာတွေလုပ်ဖြစ်ပါတယ်။
အခုလိုနှစ်အကြာကြီးသာယာပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ သူတို့ ယုံကြည်လက်ခံထားတဲ့ လျှို့ဝှက်ချက်ကို မေးမြန်းတော့ အဖြေက ရိုးရိုးရှင်းရှင်းလေးပါပဲ။ “ချစ်ခြင်းမေတ္တာ”ပါတဲ့။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ