ကစ်ဘောင်ဆင်ပြိုင်ပွဲတွင် စူပါရေချမ်းနှင့် ထိုင်းဖိုက်တာ ဆန်ဂါသစ်တို့ ထိုးသတ်မည်

မြန်မာ့လက်ဝှေ့ကျော် စူပါရေချမ်းသည် ဝမ်းချန်ပီယံအဖွဲ့အစည်းက မတ် ၁၄ ရက်တွင်ကျင်းပမည့် ONE Friday Fights 100 ပွဲစဉ် ၌ထိုင်းလက်ဝှေ့ကျော်ဆန်ဂါသစ်နှင့် Catchweight Kickboxing ပြိုင်ပွဲထိုးသတ်မည်ဖြစ်ကြောင်း သိရသည်။
ယခုပွဲစဉ်ကို ကစ်ဘောင်ဆင် စည်းမျဉ်းဖြင့်ထိုးသတ်ရမည်ဖြစ်ပြီး ထိုင်းဖိုက်တာ ဆန်ဂါသစ်အနေဖြင့်လည်း ဝမ်းချန်ပီယံရှစ်နှင့် ပထမဦးဆုံး ပွဲထွက်မည့်ပွဲစဉ်လည်းဖြစ်သည်။

အသက် (၂ဝ)အရွယ်ရှိ စူပါရေချမ်းအနေဖြင့် ဝမ်းချန်ပီယံရှစ်တွင်နှစ်ပွဲထိုးသတ်ထားပြီး တစ်ပွဲနိုင်၊ တစ်ပွဲရှုံး ရလဒ်ပိုင်ဆိုင်ထားကာ နောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲတွင် ထိုင်းဖိုက်တာကို ပထမအချီတွင် အလဲထိုးအနိုင်ရရှိထားကြောင်း သိရသည်။
မြန်မာလက်ဝှေ့ကျော် သံမဏိ စိုးလင်းဦး၏ တွဲဆိုင်းမှာမူ မတ် ၈ ရက် မြန်မာစံတော်ချိန်နံနက်ပိုင်းတွင် ကျင်းပမည့် OneFight Night 29 ပြိုင်ပွဲတွင်ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။
ရေးသားသူ- The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ