Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂါဇာကမ်းမြောင်၌ မြေပြင်စစ်ဆင်ရေးများ အစ္စရေးနိုင်ငံ ချဲ့ထွင်

ဂါဇာကမ်းမြောင်၌ မြေပြင်စစ်ဆင်ရေးများ အစ္စရေးနိုင်ငံ ချဲ့ထွင်

International News

ယီမင်နိုင်ငံမှ ပစ်လွှတ်လိုက်သောဒုံးကျည်များကို ကြားဖြတ်တား ဆီးခဲ့ရပြီးနောက် အစ္စရေးစစ်ဘက်သည် မတ် ၂ဝ ရက်တွင် ဂါဇာကမ်းမြောင်တစ်ဝန်း မြေပြင်စစ်ဆင်ရေးများ ချဲ့ထွင်ပြုလုပ်နေကြောင်း သိရသည်။

အလားတူအစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ကိုဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ကြောင်း ဟားမားစ်အုပ်စုကလည်း ကြေညာထားသည်။

အစ္စရေးစစ်ဘက်က ယခုသီတင်းပတ်တွင် ဂါဇာကမ်းမြောင်ဒေသက လေကြောင်းတိုက်ခိုက်မှုများနှင့်မြေပြင်စစ်ဆင်ရေးများ ပြန်လည်စတင်လာမှုကို ဟားမားစ်အုပ်စုကဒုံးကျည်တိုက်ခိုက်မှုဖြင့် ပထမဆုံးအကြိမ် ပြန်လည်တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂါဇာကမ်းမြောင်၌ မြေပြင်စစ်ဆင်ရေးများ အစ္စရေးနိုင်ငံ ချဲ့ထွင်
ဂါဇာကမ်းမြောင်၌ မြေပြင်စစ်ဆင်ရေးများ အစ္စရေးနိုင်ငံ ချဲ့ထွင်

ပြီးခဲ့သည့်ဇန်နဝါရီ ၁၉ ရက် တွင် စတင်အာဏာသက်ဝင်ခဲ့သော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကြောင့် အထိုက်အလျောက်ပြန်လည်ငြိမ်သက်ခဲ့ရသည့် ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေးစစ်ဘက်က စစ်ဆင်ရေးများပြန်လည်လုပ်ဆောင်လာမှုကို ကမ္ဘာ့နိုင်ငံများက ဝေဖန်ခဲ့ကြသည်။

အစ္စရေးစစ်ဘက်က လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ထိုး စစ်များ ပြန်လည်ပြုလုပ်လာမှုကြောင့် မတ် ၁၈ ရက်မှစ၍ လက်ရှိအထိဂါဇာကမ်းမြောင်ဒေသ၌ လူပေါင်း ၅ဝဝ ကျော်သေဆုံးခဲ့ရကြောင်း ဂါဇာဒေသကျန်းမာရေးတာဝန်ရှိသူများက ပြောကြားထားသည်။

လက်ရှိအချိန်တွင် အစ္စရေးမြေပြင်တပ်များသည် ဂါဇာဒေသ၏ တောင်ဘက်အကျဆုံးမြို့ဖြစ်ပြီး အီဂျစ်နယ်စပ်အနီးတည်ရှိသော ရာဖာမြို့တော်၏ ရှာဘူရာနယ်မြေတွင် စစ်ဆင်ရေးများပြုလုပ်နေကြောင်းသိရသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...