Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး

ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး

International News
ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း
ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး
ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး

ဂါဇာ‌ဒေသတောင်ပိုင်း ခန်ယူနစ်မြို့အပေါ် အစ္စရေးလေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း ဟားမားစ်အဖွဲ့ထိပ်တန်းနိုင်ငံ‌ရေးခေါင်းဆောင် အယ်လ်ဘာဒါဝီလ် သေဆုံးသွားကြောင်း ဟားမားစ်အရာရှိတစ်ဦးက ဘီဘီစီသတင်းဌာနကို ပြောကြားသည်။
ယင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးရုံးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဘာဒါဝီလ် နှင့် ဇနီးဖြစ်သူ တို့ သေဆုံးသွားကြောင်း ဒေသခံများက ပြောကြားကြသည်။
ယင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍အစ္စ‌ရေးက‌ လတ်တလောမှတ်ချက်မပေးသေးကြောင်း ဘီဘီစီ သတင်းက ဖော်ပြသည်။

ဟားမားစ်အဖွဲ့အား အပြစ်တင်ကာ ဇန်နဝါရီ ၁၉ ရက် က စတင်ခဲ့သော အပစ်အခတ်ရပ်စဲမှုကို ပစ်ပယ်ခဲ့ပြီးနောက် အစ္စရေးစစ်ဘက် က အင်္ဂါနေ့တွင် ဂါဇာဒေသအပေါ် ကြီးမားသောတိုက်ခိုက်မှုများ ပြန်လည် စတင်ခဲ့ကာ နှစ်လနီးပါးကြာ တည်ငြိမ်အေးချမ်းမှုကို အဆုံးသတ်စေခဲ့သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး
ဂါဇာ၌အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ဟားမားစ်နိုင်ငံရေးခေါင်းဆောင်သေဆုံး

ဟားမားစ်အဖွဲ့ကမူ အစ္စရေး၏ စွပ်စွဲချက်များကို ပယ်ချခဲ့ပြီး ကာတာ ၊ အီဂျစ် နှင့် အမေရိကန်တို့ ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ် ရပ်စဲမှုသဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်ခဲ့ကြောင်း ပြန်လှန်စွပ်စွဲခဲ့သည်။

ပြီး ခဲ့သည့် ၂၄ နာရီအတွင်း ဂါဇာကမ်းမြှောင်ဒေသအများအပြားတွင် ပါလက် စတိုင်းလူမျိုး ၃၂ ဦး သေဆုံးခဲ့ကြောင်း ဂါဇာကျန်းမာရေးဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောကြားသည်။

ဘာဒါဝီလ်က ဇနီးသည်နှင့်အတူ ဝတ်ပြုဆုတောင်းနေစဉ် အစ္စရေးဒုံးကျည်တစ်စင်းက ၎င်းတို့၏ ယာယီတဲကို ထိမှန်ခဲ့ကြောင်း ဟားမားစ်အဖွဲ့က ထုတ်ပြန်ချက်ကိုကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။

ထိုအတောအတွင်းမှာပင် လက်ဘနွန်မှနိုင်ငံမှ ပစ်ခတ်လိုက်သော ဒုံးကျည်အ များအပြား အစ္စရေးနိုင်ငံထဲသို့ ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် အစ္စရေးက လက်ဘနွန်အပေါ် လေကြောင်း တိုက်ခိုက်မှုအကြိမ်များစွာ လုပ်ဆောင်ခဲ့ပြီး ယင်းမှာ နိုဝင်ဘာလက နှစ်ဘက်ကြားအပစ်အခတ် ရပ်စဲခဲ့ပြီးနောက် အပြင်းထန်ဆုံး တိုက်ခိုက်မှုများ ဖြစ်ကြောင်း သိရသည်။

ဟစ်ဇ်ဘိုလာအဖွဲ့က ပိုင်ဆိုင်သော ဒုံးကျည်ပစ်စင် အများအပြားနှင့် ကွပ်ကဲ‌ ရေးစင်တာ တစ်ခုကို ချေမှုန်းပစ်ခဲ့ကြောင်း အစ္စရေးစစ်ဘက် က ပြောကြားသည်။
အစ္စရေးလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးအပါအဝင် လူ ခုနှစ်ဦး သေဆုံးခဲ့ပြီး ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန် ကြီးဌာနက ပြောကြားသည်။

လက်ဘနွန်နိုင်ငံတွင် ဟစ်ဇ်ဘိုလာအဖွဲ့အပါအဝင် လက်နက်ကိုင်အဖွဲ့အများအပြား လှုပ်ရှားနေသော်လည်း ယမန်နေ့တိုက်ခိုက်မှုအား မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဟု ဝန်ခံ ပြောကြားခြင်းမရှိခဲ့ပေ။

ပထမအကြိမ်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် နာရီအ နည်းငယ်အကြာ ညပိုင်းတွင် ကွပ်ကဲ‌ရေးစင်တာများ ၊ အခြေခံအ‌ဆောက်အဦ နေရာများ နှင့် လက်နက်သိုလှောင်သောနေရာများဟု ၎င်းတို့ပြောကြားသော နေရာများကို အစ္စ‌‌ရေးက လေကြောင်းမှ ထပ်မံတိုက်ခိုက်ခဲ့သည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...