ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှု မှတ်တမ်းများ သမ္မတဒေါ်နယ်ထရန့် ထုတ်ပြန်

၁၉၆၃ ခုနှစ်တွင် အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရမှုနှင့်ပတ်သက်နေသည့် မှတ်တမ်းမှတ်ရာများကို အမေရိကန်သမ္မတဒေါ် နယ်ထရန့်က မတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ကြောင်းသိရသည်။
ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ ပို၍ပွင့်လင်းမြင်သာမှုရှိစေရေးအတွက် လုပ်ကြံမှုနှင့်ပတ်သက်နေသော မှတ်တမ်းမှတ်ရာများကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း အမေရိကန်သမ္မတရွေးကောက်ပွဲမဲဆွယ်ကာလတွင် သမ္မတ ဒေါ်နယ်ထရန့်က ကတိကဝတ်ပြုထားသည်။

အမေရိကန်အစိုးရက မတ် ၁၈ ရက်တွင်ထုတ်ပြန်ခဲ့သော ဂျွန်အက်ဖ်က နေဒီလုပ်ကြံခံရမှုဆိုင်ရာ ဒစ်ဂျစ်တယ်မှတ်တမ်းမှတ်ရာများသည် ၁၉၆၁ ခုနှစ် ကျူးဘားဒုံးပျံအရေးအခင်းပြီးဆုံးခဲ့ပြီးနောက်ပိုင်း အမေရိကန်နှင့်ဆိုဗီယက်ပြည်ထောင်စု ဆက်ဆံရေးအခြေအနေများကို ပြောပြနိုင်မည်ဖြစ်သည်။

အမေရိကန်အစိုးရကထုတ်ပြန်ထားသော အထက်ပါဒစ်ဂျစ်တယ်မှတ်တမ်းမှတ်ရာများထဲတွင် တစ်ချိန်ကလျှို့ဝှက်မှတ်တမ်းမှတ်ရာများအဖြစ်သတ်မှတ်ထားခဲ့သော မှတ်တမ်းဖိုင်များလည်းပါဝင်သည်။
အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီကို ၁၉၆၃ ခုနှစ် နိုဝင်ဘာ ၂၂ ရက်တွင် တက္ကဆက်ပြည်နယ် ဒဲလပ်စ်မြို့၌ လီဟာဗေးအော့စ်ဝဲလ် အမည်ရှိအမျိုးသားတစ်ဦးကလုပ်ကြံခဲ့သည်။
ကနေဒီကိုလုပ်ကြံခဲ့သော လီဟာဗေးအော့စ်ဝဲလ်မှာ ဆိုဗီယက်ပြည်ထောင်စုသို့လည်း ရောက်ခဲ့ဖူးသူ၊ ကနေဒီကိုလုပ်ကြံခဲ့စဉ်ကာလက ဆိုဗီယက်အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ထားသူတစ်ဦးဖြစ်ခဲ့သည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ