စာခိုးမချနိုင်အောင် နည်းလမ်းအဆန်းနဲ့တားဆီးခဲ့မိလို့
ခေါင်းမီးတောက်ခဲ့ရတဲ့ ကျောင်းဆရာ

ကျောင်းသူ/သားတွေ စာခိုးမချနိုင်အောင် ထူးထူးခြားခြားနည်းလမ်းတစ်ခုကိုသုံးပြီး တားဆီးခဲ့တဲ့ မက္ကဆီကန်ကျာင်းဆရာတစ်ဦးကတော့ သူ့သုံးခဲ့တဲ့နည်းကြောင့်ပဲ အလုပ်ပြုတ်မယ့်ကိန်းဆိုက်သွားခဲ့ပါတယ်။
မက္ကဆီကိုနိုင်ငံ၊Tlaxcala ပြည်နယ် Bachilleres 01 El Sabinal ကျောင်းက ကျောင်းဆရာ လူးဝစ် ဟွာရက်ဇ် တက်ဇစ် (Luis Juarez Texis ) က ဘာသာရပ်စာမေးပွဲတစ်ခုဖြေဆိုမယ့် ကျောင်းသူ/သားတွေကို စာခိုးချတာမျိုးမလုပ်နိုင်စေဖို့ နည်းလမ်းအသစ်တစ်ခုကို တွေးမိခဲ့ပါတယ်။ အဲဒါကြောင့် သူတွေးမိတဲ့နည်းလမ်းအတိုင်းပဲ ကျောင်းသူ/သားအားလုံးရဲ့ခေါင်းမှာ ကတ်ထူစက္ကူပုံးတွေစွပ်ပေးပြီး ဖြေဆိုစေခဲ့တာပါ။

ကျောင်းသားမိဘတွေက ကျောင်းဆရာ လူးဝစ်ရဲ့လုပ်ရပ်ဟာ ကျောင်းသားတွေကို အရှက်ခွဲတဲ့လုပ်ရပ်ပဲ လို့ ပြစ်တင်ဝေဖန်ခဲ့ပြီး ဒေါသပုန်ထခဲ့ကြပါတယ်။ ကျောင်းတာဝန်ရှိသူတွေကိုလည်း ကျောင်းသားတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးဖို့နဲ့ ကျောင်းဆရာ လူးဝစ်ကို တာဝန်ကနေရပ်စဲပြီး ထုတ်ပယ်ပေးဖို့တောင်းဆိုခဲ့ကြပါတယ်။
ကျောင်းတာဝန်ရှိသူတွေဘက်ကတော့ ဒါဟာ ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးမှုတစ်ခုသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်မှုကို ကျောင်းသားတွေကိုယ်တိုင် ကြိုပြီး သိရှိသဘောတူပြီးဖြစ်တယ်လို့ဆိုခဲ့ပြီး ကျောင်းအနေနဲ့လည်း လူအခွင့်အရေးကို လေးစားတန်ဖိုးထားကြောင်း ပြောဆိုတုံ့ပြန်ခဲ့ပါတယ်။ ဒီအဖြစ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေမလုပ်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
ရေးသားသူ- Yoyaraly
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ