Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား

တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား

International News

တောင်ကိုးရီးယားနိုင်ငံအရှေ့တောင်ပိုင်းဒေသတွင် လေပြင်းများကြောင့်အားကောင်းခဲ့သော တောမီးများ လောင်ကျွမ်းနေပြီး အနည်းဆုံး လူလေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီးဒေသခံ ၁၅၀၀ ခန့်ကို ရွှေ့ပြောင်းခိုင်းခဲ့ရပြီးနောက် ယင်း‌ဒေသတွင် အရေးပေါ် အခြေအနေကြေညာထားကြောင်း တောင်ကိုရီးယားအာဏာပိုင်များက ပြောကြားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား
တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား

တောမီးများကို ချက်ချင်းထိန်းချုပ်နိုင်ရန် ရနိုင်သမျှ အရင်းအမြစ်များကို အသုံးပြုရန် မီးသတ်အာဏာပိုင်များအား ညွှန်ကြားထားကြောင်း ဘေးအန္တရာယ်ထိန်းချုပ်ရေးဌာန ဒုတိယအကြီးအကဲ လီဟန်ကျွန် က ပြောကြားသည်။

ပူပြင်းခြောက်သွေ့သော ရာသီဥတုအခြေအနေကြောင့် တောမီး က ပိုမိုကျယ်ပြန့်သော ဒေသများသို့ ကူးစက်လောင်ကျွမ်းနေပြီး ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်နေကြောင်း ဘေးအန္တရာယ်တုံ့ပြန်ရေး အစည်းအဝေးတစ်ရပ်တွင် လီ က ပြောကြားသည်။

တောမီးများကို ငြှိမ်းသတ်ရန် မီးသတ်တပ်ဖွဲ့များ ရုန်းကန်နေရပြီး ရဟတ်ယာဉ် အစီး ၃၀ ခန့်ကလည်း ၎င်းတို့ကို ကူညီပေးနေသည်။ယနေ့ နံနက်ပိုင်းအထိ တောမီးလောင်ကျွမ်းမှု ၃၀ ရာခိုင်နှုူန်းကို ထိန်းချုပ်ထားနိုင်ပြီဟု အာဏာပိုင်များက ပြောကြားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား
တောင်ကိုရီးယားတောမီးတွင် လေးဦးသေဆုံးပြီး အရေးပေါ်အခြေအနေကြေညာထား

ဘောလုံးကွင်းပေါင်း ၄၆၀၀ နှင့် ညီမျှသော စုစုပေါင်း မြေဧရိယာ ၃၂၈၆ ဟက်တာကို တောမီး က ဝါးမြိုသွားခဲ့ပြီး အဓိကအားဖြင့် ဆန်‌ချောင်းနှင့် မြောက်ဂျောင်ဆန်းပြည်နယ် အီယူဆောင်ဒေသတွင် လောင်ကျွမ်းခဲ့သည်။
အာဏာပိုင်များက တောမီးများကို ဆက်လက်ငြှိမ်းသတ်နေစဉ် ‌ဒေသခံ ၁၅၀၀ ဦးခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားကြောင်း သိရသည်။

ယနေ့ နံနက် ၈ နာရီခန့်တွင် ဒေသလေးခုတွင်လောင်ကျွမ်းနေသော တောမီးများကို မီးသတ်တပ်ဖွဲ့များက ဆက်လက်ငြှိမ်းသတ်နေသည်။

တောင်ကိုရီးယားနိုင်ငံ၏အခြားဒေသအများအပြားတွင်လည်း တောမီး လောင်ကျွမ်းမှုများ ဖြစ်ပေါ်ခဲ့ပြီး စနေနေ့ တစ်ရက်တည်းမှာပင် လောင်ကျွမ်းမှု ၁၆ ခု ဖြစ်ပေါ်ခဲ့ကြောင်း ကိုရီးယားသစ်တောဌာန က ပြောသည်။

နိုင်ငံတစ်ဝန်းတွင် တစ်ပြိုင်နက်တည်းဖြစ်ပေါ်လာသည့် တောမီးများကြောင့် ပျက်စီးမှုများ ကျယ်ပြန့်သဖြင့် အူလ်ဆန် ၊ တောင်‌ နှင့် မြောက် ဂျောင်ဆန်ပြည်နယ်များတွင် အရေးပေါ်အခြေအနေ ကြေညာလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောကြားသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...