တောင်ကိုရီးယား တောမီးလောင်မှု လူ ၂၆ ဦးထက်မနည်းသေဆုံး,
တောင်ပေါ်ဒေသတွေမှာ မီးကူးဆက်လောင်နေဆဲ

တောင်ကိုရီးယားနိုင်ငံမှာ တောမီးလောင်မှုကြောင့် သေဆုံးသူ ၂၆ ဦးထက်မနည်း ရှိလာပြီး ၃၀ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရထားတယ်လို့ ဘီဘီစီကိုရီးယား သတင်းဌာနက သတင်းဖော်ပြပါတယ်။
ဂယောင်းဆမ်းပြည်နယ်တောင်ပိုင်း၊ ဆမ်းချောင်းမြို့ကနေ မတ် ၂၁ ရက် (သောကြာနေ့) ကတည်းက စတင်လောင်ခဲ့တဲ့ မီးဟာ နီးစပ်ရာ မြို့ ၆ မြို့အထိ မီးကူးစက်လောင်ခဲ့ပြီး ဧရိယာ ၃၆,၀၀၀ နီးပါးအထိ မီးဖုံးလွှမ်းနေပြီလို့ သိရပါတယ်။

ဒေသရဲ့ ရာသီဥတုအရ လေပြင်းတိုက်ခတ်မှုပြီး ခြောက်သွေ့တဲ့ရာသီဖြစ်တာကြောင့် မီးကူးစက်ခဲ့တယ်လို့ ဘီဘီစီ ကိုရီးယားသတင်းဌာနက ပြောပါတယ်။
မတ် ၂၁ ရက်က ဆမ်းချောင်းမြို့ထဲက တောင်အောက်တစ်နေရာမှာ မြတ်ရိတ်စက်က ထွက်တဲ့ မီးပွားကတဆင့် လောင်ကျွမ်းခဲ့တဲ့ဖြစ်စဉ်အပြင် မတ် ၂၂ ရက်မှာ ဂယောင်ဘွတ်ပြည်နယ်ထဲက အွီဆန်မြို့တစ်နေရာမှာ သံဂဟေဆော်ဆော်နေစဉ် မီးလောင်ရာကနေ တောမီးအထိ မီးကူးစက်ခဲ့တယ်လို့ ကိုရီးယားသတင်းဌာနတွေမှာ ဖော်ပြနေကြပါတယ်။
တောမီးလောင်ကျွမ်းမှုကြောင့် အွီဆန်မြို့က ဗုဒ္ဓဘာသာဝင်တွေရဲ့ ရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ နှစ် ၁,၃၀၀ ရှိ Gounsa ဘုရားကျောင်းလည်း ပျက်စီးခဲ့ပါတယ်။

မီးဘေးရှောင်နေရတဲ့ တောင်ကိုရီးယား အဖိုးအဖွားတွေဓာတ်ပုံ ရင်းမြစ်,Getty Images
ဓာတ်ပုံ ပုံစာ,မီးဘေးရှောင်နေရတဲ့ တောင်ကိုရီးယား အဖိုးအဖွားတွေ
လူပေါင်းသောင်းနဲ့ချီ မီးလွတ်ရာဒေသတွေကို ထွက်ပြေးတိမ်ရှောင်နေကြရပြီး ကိုရီးယားက တောမီးလောင်မှုတွေထဲ ဒီလိုလူအသေအပျောက်များတဲ့ဖြစ်စဉ်ဟာ ပထမဆုံးဖြစ်ပါတယ်။
ကိုရီးယားအာဏာပိုင်တွေကတော့ တောမီးလောင်ကျွမ်းမှုဟာ ဒေသခံတွေရဲ့ ပေါ့ဆမှုကြောင့်လို့ ကောက်ချက်ချနေကြပါတယ်။
လက်ရှိမှာ မီးငြှိမ်းသတ်ဖို့ မီးသတ်တပ်ဖွဲ့ဝင် ထောင်နဲ့ချီကို မီးကူးစက်နေတဲ့ ဒေသတွေမှာ ဖြန့်ကြက် ငြှိမ်းသတ်ခိုင်းထားတယ်လို့ သိရပါတယ်။
ရေးသားသူ-BBC Burmese
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ