Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ဒေါ်နယ်ထရန့်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးပြောကြား

ဒေါ်နယ်ထရန့်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးပြောကြား

International News
ဒေါ်နယ်ထရန့်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်နိုင်သေးကြောင်း
ယူကရိန်းသမ္မတ ဇီလန်စကီးပြောကြား
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ဒေါ်နယ်ထရန့်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးပြောကြား
ဒေါ်နယ်ထရန့်နှင့်ဆက်ဆံရေးကို အဖတ်ဆယ်နိုင်သေးကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးပြောကြား

နှစ်ဦးအကြား အိမ်ဖြူတော်တွင် အချင်းများခဲ့ပြီးနောက် ‌အမေရိကန်သမ္မတ‌ဒေါ်နယ်ထရန့် နှင့် ဆက်ဆံရေးကို ပြင်ဆင်တည့်မတ်သွားရန် ၎င်းအနေဖြင့်စိတ်အားထက်သန်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီး ကအချက်ပြသည်။

ယမန်နေ့တွင်ထရန့်နှင့်တွေ့ဆုံပြီးနောက် ဇီလန်စကီး က ဖောက်စ်သတင်းဌာနအား တွေ့ဆုံမေးမြန်းခွင့်ပေးခဲ့ပြီး ၎င်းအနေဖြင့် ထရန့်အား တောင်းပန်စကားပြောကြားလိုပါသလားဟု မေးမြန်းခံရချိန်၌ “ ကျွန်တော်တို့က အလွန်ပဲ ပွင့်လင်း၊ အလွန်ပဲရိုးသားခဲ့ပါတယ်။ ကျွန်တော်တို့ မကောင်းတာ တစ်ခုခုလုပ်ခဲ့တယ်ဆိုတာ ကျွန်တော့်အနေနဲ့ မသေချာပါဘူး။” ဟု ဇီလန်စကီး က ဖြေကြားသည်။

ယူကရိန်းက ငြိမ်းချမ်းရေးလိုချင်သည့်အတွက် ၎င်းအနေဖြင့် သမ္မတထရန့် နှင့် သွားရောက်တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ဇီလန်စကီးက ပြောသည်။
တွင်းထွက်ပစ္စည်းသဘောတူညီချက်က လုံခြုံ‌ရေးအာမခံချက်များအတွက် ပထမအဆင့်ဖြစ်ကြောင်း နှင့် ယင်းမှာ ငြိမ်းချမ်းရေးအတွက် ၊ ငြိမ်းချမ်းရေးနှင့် ပိုနီးစပ်လာရေးအတွက် ရည်ရွယ်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

ဒေါ်နယ်ထရန့် နှင့် ဆက်ဆံ‌ရေးအား အဖတ်ဆယ်နိုင်ဦးမည်လားဟု မေးမြန်းခံရချိန်တွင် ယူကရိန်းသမ္မတ က အပြုသဘောဖြင့် တုံ့ပြန်ခဲ့ကာ “ ဟုတ်ကဲ့ အဖတ်ဆယ်နိုင်ပါတယ်။” ဟု ဖြေကြားခဲ့သည် ။
သို့သော် ထရန့်နှင့် အချင်းများခဲ့ခြင်းအတွက် နောင်တရကြောင်းလည်းဇီလန်စကီး က ပြောသည်။

ထို့နောက်ဒေါ်နယ်ထရန့် က ဇီလန်စကီး၏ ‌ဖောက်စ်သတင်းနှင့် အင်တာဗျူးကို ကြည့်ရှုခဲ့ကြောင်း ထရန့်နှင့်အတူလိုက်ပါခဲ့သည့် သတင်းထောက်များက ပြောကြားကြသည်။
ဇီလန်စကီး က အမေရိကန်နိုင်ငံအား မလေးမစားလုပ်ခဲ့ကြောင်း အိမ်ဖြူတော် တွေ့ဆုံမှုအပြီး မကြာမီတွင် ဒေါ်နယ်ထရန့်က ၎င်း၏လူမူကွန်ရက် ပေါ်တွင် စွပ်စွဲပြောကြားသည်။

“သမ္မတ ဇီလန်စကီးက ငြိမ်းချမ်းရေးအတွက် အသင့်မရှိဘူးလို့ ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ သူအဆင့်သင့်ဖြစ်ရင် ပြန်လာနိုင်ပါတယ်။” ဟု ထရန့်က ရေးသားခဲ့သည်။
စစ်ပွဲရှုံးနေသည်ကို ဇီလန်စကီးက သဘောပေါက်ရန်လိုကြောင်း သီတင်းပတ်ကုန်အနားယူရန် ၎င်း၏ ဖလော်ရီဒါနေအိမ်သို့မသွားမီအမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သတင်းထောက်များအား ပြောကြားသည်။

“ သူပြောရမှာက ကျွန်တော်ငြိမ်းချမ်း‌ရေးလိုချင်တယ် ဆိုတာပဲ။ သူက ဒီမှာလာပြီး ပူတင်ဘာဖြစ်တယ်၊ ညာဖြစ်တယ်ဆိုပြီးမကောင်းတာတွေချည်းပဲပြောရမှာမဟုတ်ဘူး။သူပြောရမှာက ကျွန်တော် ငြိမ်းချမ်းရေး ယူချင်တယ်၊ စစ်မတိုက်ချင်တော့ဘူးဆိုတာပဲ။” ဟု ထရန့် က ပြောသည်။

ယင်းဖြစ်ရပ်အပေါ်အမေရိကန်လွှတ်တော်တွင်ရီပက်ဘလေကန်၏တုံ့ပြန်မှုမှာ အကောင်းအဆိုး ‌ရောထွေးနေပြီး ဒီမိုကရက်များကမူ တွေ့ဆုံမှုအား ထရန့် ကိုင်တွယ်ပုံကို ပြစ်တင်ပြောကြားကြသည်။

ရေးသားသူ- The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...