Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

International News
ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင်
သေဆုံးသူ ၁၈ ဦး အထိ ရှိလာ
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ
ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

တောင်ကိုရီးယားနိုင်ငံ အရှေ့တောင်ဒေသတစ်ဝန်းလောင်ကျွမ်းနေသော တောမီးများကြောင့် အနည်းဆုံးလူ ၁၈ ဦး သေဆုံးခဲ့ကြောင်း သိရပြီး ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံးတောမီးကို ငြှိမ်းသတ်ရာ၌ ထောင်နှင့်ချီသော မီးသတ်တပ်ဖွဲ့များအား ကူညီရန် စစ်ဘက်တပ်ဖွဲ့ဝင်များကိုလည်း အသုံးပြုနေသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ
ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

ယနေ့ နံနက် ၅ နာရီ အထိ ဝီဆောင်းစီရင်စုတွင် လူ ၁၄ ဦး သေဆုံးခဲ့ပြီး ဆန်ချောင်းစီရင်စုတွင်တွင်လည်း နောက်ထပ် လေးဦး သေဆုံးခဲ့ကြောင်း ဘေးကင်းလုံခြုံ‌ရေးဝန်ကြီးဌာန စာရင်းများအရ သိရပြီး သေဆုံးသူ အများစုသည် အသက် ၆၀ ကျော် နှင့် ၇၀ ကျော်အရွယ်များဖြစ်ကြောင်း ဒေသခံအရာရှိတစ်ဦးက ပြောကြားသည်။
ကြောက်မက်ဖွယ်ရာ တောမီးများ လျင်မြန်စွာ ပျံ့နှံ့ခဲ့ပြီး ဒေသခံ ၂၇၀၀၀ နေအိမ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း အစိုးရက ပြောကြားသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ
ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

လေပြင်းများနှင့် ခြောက်သွေ့သောရာသီဥတု က အရှိန်မြှင့်ပေးခဲ့သော တောမီးများကြောင့် ရပ်ကွက်တစ်ခုလုံး မီးလောင်မှုများဖြစ်ပေါ်ခဲ့ပြီး အာဏာပိုင်များက စာသင်ကျောင်းများ ပိတ်ခြင်း ၊ အကျဉ်းသားများအား နေရာရွှေ့ပြောင်းခြင်းများ လုပ်ဆောင်ခဲ့ရသည်။

ကြုံတွေ့ဖူးသမျှ အဆိုးရွားဆုံးတောမီးများကို တုံ့ပြန်ရာတွင် ရှိသမျှ လူအင်အားနှင့် ပစ္စည်းကိရိယာများကို အသုံးပြုနေသော်လည်း အခြေအနေ မကောင်းသေးကြောင်းနှင့် တောင် ကိုရီး ယားနိုင်ငံရောက် အမေရိကန်စစ်ဘက် ကလည်း အကူအညီပေးနေကြောင်း ယာယီသမ္မတ ဟန်ဒတ်ဆူးကပြောသည်။

၆၈ ရာခိုင်နှုန်းသာ ထိန်းချုပ်ထားနိုင်သေးသော ဝီဆောင်းတောမီးသည် လေပြင်းများကြောင့် ပိုဆိုးခဲ့ကာ မှန်းဆ၍မရသောအတိုင်းအတာအရှိန်နှုန်းဖြင့်ကူးစက်ခဲ့ကြောင်းတောင်ကိုရီးယားအမျိုးသားသစ်‌တောသိပ္ပံပညာအင်စတီကျူ့ မှ သစ်တောဘေးအန္တရာယ်ကျွမ်းကျင်ပညာရှင် လီဗြောင်ဒူးက ပြောကြားသည်။
ရာသီဥတုပြောင်းလဲမှုကြောင့် တစ်ကမ္ဘာလုံးတွင် တောမီးများ မကြာခဏဖြစ်ပေါ်လာနေကြောင်း သစ်တော ကျွမ်းကျင်သူလီ ကပြောကြားပြီးမကြာမီကအမေရိကန်နိုင်ငံ‌လော့စ်အိန်ဂျလိစ်‌‌မြို့အနီးလောင်ကျွမ်းခဲ့သောတောမီး နှင့် ဂျပန် နိုင်ငံ အရှေ့မြောက်ပိုင်း၌ လောင်ခဲ့သော တောမီးများကို ၎င်းက ထောက်ပြသည်။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ
ပိုမိုကြီးထွားလာသောတောင်ကိုရီးယားတောမီးတွင် သေဆုံးသူ ၁၈ ဦး အထိ ရှိလာ

အတိုင်းအတာကြီးမားသောတောမီးများ ပိုမိုဖြစ်ပေါ်လာမည်ဆိုခြင်းကို မိမိတို့လက်ခံရမည်ဖြစ်ကြောင်း နှင့် ယင်းအတွက် အရင်းအမြစ်များနှင့် လေ့ကျင့်ထားသော လူအင်အားလည်း ပိုမိုလိုအပ်လာမည်ဖြစ်ကြောင်း မစ္စတာလီ က ဆက်လက်ပြောသည်။
ယနေ့တွင်လည်း တောမီးလောင်ကျွမ်းနေသော ဒေသတစ်ဝန်းတွင် ပူပြင်းခြောက်သွေ့သော အခြေအနေများ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ကြောင်း ဘေးကင်းလုံခြုံ‌‌ရေးဝန်ကြီးဌာနက ပြောကြားသည်။

တောင်ဂျောင်ဆန်းပြည်နယ် ၊ ဆန်ချောင်းစီရင်စုမှ စတင်ခဲ့သော တောမီးသည် ဝီဆောင်းဒေသသို့ ကူးစက်သွားခဲ့ကာ ထိုမှတစ်ဆင့် လေပြင်းများပင့်ပေးမှုနှင့်အတူ အနီးအနားမှ အန်ဒေါင်၊ ချောင်ဆောင်၊ ယောင်ယန်း နှင့် ယောင်ဒွတ် ‌ဒေသများသို့လည်း ကူးစက်လောင်ကျွမ်းခဲ့သည်။
ယခုအချိန်ထိ မြေဟက်တာပေါင်း ၁၇၀၀၀ ၊ နေအိမ် နှင့် စက်ရုံ ၂၀၉ ရုံကို တောမီးက ဝါးမြိုသွားခဲ့ပြီဖြစ်သည်။

တောမီးများကြောင့် ဆီလာမင်းဆက်ခေတ်အေဒီ ၆၈၁ ခုနှစ် က တည်ထားခဲ့သော ဝီဆောင်းဒေသမှ ရှေးဟောင်း ဘုရားကျောင်းတစ်ခုလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။ယင်းတောမီးများကို ကူညီငြှိမ်းသတ်နိုင်ရန် သောကြာနေ့ကတည်းက စစ်ဘက်တပ်ဖွဲ့ဝင် ၅၀၀၀ နှင့် ရဟတ်ယာဉ် ၁၄၆ စီးအား စစ်ဘက်က စေလွှတ်ပေးထားသည်။

တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်ကြောင့် တောမီးများငြှိမ်းသတ်ရာတွင် တောင်ကိုရီးယားက ရဟတ်ယာဉ်များကို အများဆုံးအသုံးပြုနေကြောင်း သို့ရာတွင် ညဘက်တွင်ပါ မီးငြှိမ်းသတ်နိုင်မည့် ရဟတ်ယာဉ်များနှင့် မီးသတ်လေယာဉ်များ ပိုမိုလိုအပ်နေကြောင်း သစ်တောပညာရှင် လီ က ပြောကြားသည်။

ရေးသားသူ-The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...