Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

International News
ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ
ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

ပုပ်ရဟန်းမင်း ဖရန့်စစ်ဟာ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ဆေးရုံတက်ခဲ့ရပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် ရောမမြို့က ဆေးရုံပြတင်းပေါက်ကနေ မျက်နှာထွက်ပြလာပါတယ်။

အဲဒီ‌နောက် အသက် ၈၈ နှစ်အရွယ် ရဟန်းမင်းကြီးဟာ မိနစ်ပိုင်းအကြာမှာပဲ ဆေးရုံကနေ ပြန်ဆင်းခဲ့ပြီး ဗာတီကန်နန်းတော်မှာပဲ ၂ လလောက် နားနားနေနေ နေဖို့ ဆရာဝန်တွေက အကြံပြုတယ်လို့ ဆိုပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ
ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

ပြီးခဲ့တဲ့သီတင်း ၅ ပတ်အတွင်းမှာ ရဟန်းမင်းကြီးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ‘‘အရေးပေါ်အခြေအနေ ၂ ကြိမ်’’ကြုံခဲ့ရတယ်လို့ ရဟန်းမင်းကြီးကို ကုသမှုပေးတဲ့ဆရာဝန်အဖွဲ့တွေထဲက ဒေါက်တာ ဆာဂျီယို အယ်ဖီရီက ပြောပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ
ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

ပုပ်ရဟန်းမင်းကြီးဟာ အသက်ရှူ ကူစက်ပေးခဲ့ရတာမျိုးမရှိဘဲ အမြဲသတိကပ်နေခဲ့တယ်လို့လည်း ဆရာဝန်က ပြောပါတယ်။

လက်ရှိမှာ ပုပ်ရဟန်းမင်းကြီးဟာ အဆုတ်ရောင်(နမိုးနီးယား) လုံးဝ ကင်းစင်သွားပြီဖြစ်ပြီး ဒီအခြေအနေတိုင်း ကျန်းမာရေး ဆက်ကောင်းမယ်ဆိုရင် ရဟန်းမင်းကြီး တာဝတ္တရားတွေကို မြန်မြန် ပြန်လည်ထမ်းဆောင်နိုင်မယ်လို့လည်း သူက ပြောပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ
ပုပ်ရဟန်းမင်းကြီး ရောမမြို့ ဆေးရုံကနေ ပြန်ဆင်းပြီ

တနင်္ဂနွေနေ့တုန်းက ရဟန်းမင်းကြီး ဆေးရုံပြတင်းမှာ လူလုံးထွက်ပြချိန်မှာတော့ လူထုက ဆေးရုံအပြင်မှာ စုဝေးကြိုဆိုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ဟာ ကတ်သလစ်သာသနာခေါင်းဆောင်အဖြစ် တာဝန်ယူတာ ၁၂ နှစ်ထဲ ဝင်လာပြီဖြစ်ပါတယ်။

ရဟန်းမင်းကြီးဟာ အသက် ၂၁ နှစ်အရွယ်မှာ အဆုတ်ရဲ့အစိတ်အပိုင်းအချို့ကို ဖယ်ရှားကုသခဲ့တာကြောင့် ကူးစက်ရောဂါဒဏ်ကို ခံစားရမှုဖြစ်စေပါတယ်။

ရေးသားသူ- BBC Burmese


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...