Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

International News Knowledge
ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့
ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး
ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

ဘောလုံးကွင်း ၅၀ စာရှိပြီး ဧက ၇၀ ကျယ်ဝန်းတဲ့ ဂါဇီပူရ်အမှိုက်ကန်ကြီးကို ဒေလီမြို့မှ အမှိုက်တောင်ကြီးလို့ လူသိများပါတယ်။ ဒေလီမြို့ အရှေ့ပိုင်းခရိုင်ထဲမှ ဂါဇီပူရ်ရွာအစွန်မှာ ရှိပြီး ၁၉၈၄ ခုနှစ်ကတည်းက ဒီနေရာကို အမှိုက်ကန်အဖြစ် စတင်သုံးစွဲလာခဲ့တာပါ။ ၂၀၀၂ ခုနှစ် အရောက်မှာ သတ်မှတ်ပမာဏ ပြည့်သွားခဲ့ပေမဲ့ အမှိုက်စွန့်ပစ်မှုတွေ ဆက်လုပ်ခဲ့တာကြောင့် အခုချိန်မှာတော့ ၇၂ မီတာအမြင့်အထိ ရှိလာခဲ့ပြီး တာ့ဂျ်မဟာ အဆောက်အအုံလောက်နီးပါး မြင့်မားလာခဲ့တာပါ။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး
ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

နေ့စဉ်နေ့တိုင်း နယူးဒေလီမြို့မှ အမှိုက်တန်ချိန် ရာပေါင်းများစွာ လာရောက်စွန့်ပစ်နေဆဲဖြစ်လို့ တနေ့တခြား ပိုကြီးမားလာဖို့ ရှိနေပါတယ်။ ဂါဇီပူရ်အမှိုက်ကန်ကြီးထဲမှာ စွန့်ပစ်အမှိုက် ကုဗတန် ၁၄ သန်းအထိရှိပြီး တစ်ခါတစ်လေမှာ အမှိုက်ပုံကြီး ပြိုကျလို့ အနီးနားမှာရှိတဲ့ လူတွေ၊ ကားတွေကို ဖုံးလွှမ်းသွားတာမျိုးလည်း ရှိဖူးပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး
ဘောလုံးကွင်း ၅၀ စာ ကျယ်ဝန်းပြီး တောင်တစ်ခုလို့ ထင်ရနိုင်တဲ့ ကမ္ဘာ့ အမြင့်ဆုံးအမှိုက်ပုံကြီး

” အမှိုက်ပုံက ပိုပိုပြီး ကြီးလာတယ်။ အစိုးရတွေက ဒီပြဿနာကို ဖြေရှင်းပေးမယ်လို့ ကတိပေးကြပေမဲ့ ဘာမှ မယ်မယ်ရရ မလုပ်ပေးကြပါဘူး။ အမှိုက်ပုံနား နေတဲ့သူတွေအားလုံး ဒုက္ခရောက်ကြတယ်။ အသက်ရှူဖို့ ခက်တယ်လေ။ ကျွန်တော်ဆို နှလုံးရောဂါသည်ဆိုတော့ အသက်ရှူရတာ တော်တော်ခက်ပါတယ်”လို့ အမှိုက်ပုံနားမှာ နေထိုင်တဲ့ အသက် ၇၁ နှစ်အရွယ် အမျိုးသား အီဘရာဟင်ခန်းက ဆိုပါတယ်။

ဂါဇီပူရ်အမှိုက်ပုံကြီးကို အဝေးက ကြည့်ရင် တောင်တစ်လုံးလို့ ထင်စရာရှိပေမဲ့ အနီးကပ်လာရင်တော့ အနံ့အသက်နဲ့တင် အော်ဂလီဆန်ချင်စရာရှိပြီး အသက်ရှူ ခက်ခဲတဲ့ အခြေအနေမျိုး ကြုံရမှာပါ။ နယူးဒေလီမြို့ဟာ နေ့စဉ်နေ့တိုင်း အမှိုက်တန်ချိန် ၁၁၀၀၀ ကျော် စွန့်ပစ်လျက်ရှိပြီး အဲဒီအမှိုက်တွေကလည်း ဂါဇီပူရ်အမှိုက်ပုံဆီ ရောက်လာတာကြောင့် အခုထက် အရွယ်အစား ပိုကြီးလာဖို့ပဲ ရှိနေပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...