Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်

ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်

International News

ပင်လယ်နီမှသင်္ဘောများကို တိုက်ခိုက်မှုအတွက် ယီမင်နိုင်ငံတွင် အခြေစိုက်ပြီး အီရန်နှင့်ပူးပေါင်းထားသော ဟူသီအဖွဲ့အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ရက်ပေါင်းများစွာကြာမြင့်နိုင်သော ကျယ်ပြန့်သည့် စစ်ဆင်ရေးတစ် ရပ်ကို စတင်လိုက်ပြီး ပထမဆုံးနေ့မှာပင် လူပေါင်း အ နည်းဆုံး၃၁ ဦး သေဆုံးခဲ့ကြောင်းရိုက်တာသတင်းအရသိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်
ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်

ဟူသီအဖွဲ့ကို အဓိကထောက်ပံ့ကူညီနေသော အီရန်ကိုလည်း ယင်းအဖွဲ့အား ကူညီနေမှုများကို ချက်ချင်းရပ်တန့်ရန် ထရန့်က သတိပေးလိုက်ပြီး အကယ်၍ အီရန်က အမေရိကန်ကို ခြိမ်းခြောက်လာပါက ၎င်းတို့အား အပြည့်အဝ တာ ဝန်ခံခိုင်းမည်ဖြစ်ကာ ယင်းနှင့်ပတ်သက်၍ အမေရိကန်က သဘောကောင်းလိမ့်မည် မဟုတ်ကြောင်း သတိပေးပြောကြားသည်။

သီတင်းပတ်နှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း အမေရိကန်အရာ ရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောကြားသော တိုက် ခိုက်မှုများသည် ဇန်နဝါရီလတွင် ထရန့်အာဏာရလာခဲ့ပြီးနောက်ပိုင်း အမေရိကန်စစ်ဘက်က အရှေ့အလယ်ပိုင်းတွင် ပြုလုပ်သည့် အကြီးမားဆုံး စစ်ဆင်ရေးဖြစ်သကဲ့သို့ နျူ ကလီးယားကိစ္စနှင့်ပတ်သက်၍ အီရန်အား ဆွေးနွေးရေးစားပွဲဝိုင်းသို့ ရောက်လာစေရန် ဒဏ်ခတ်ပိတ်ဆို့မှုဖိအား မြှင့်တင်ထားစဉ် ထွက်ပေါ်လာခြင်းဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်
ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်

“ ဟူသီအကြမ်းဖက်သမားများအားလုံးပဲ ခင်ဗျားတို့အချိန် စေ့သွားပြီ ၊ ဒီနေ့ကစပြီး ခင်ဗျားတို့ရဲ့ တိုက်ခိုက်မှုတွေ အား လုံးကို ရပ်တန့်ပါ။ အကယ်၍ မရပ်ဘူးဆိုရင် အရင်က ခင်ဗျားတို့ မကြုံဖူးခဲ့တဲ့ ငရဲမျိုး ခင်ဗျားတို့အပေါ် ကျရောက် လာပါလိမ့်မယ်။” ဟု ထရန့် က ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

အမေရိကန်တိုက်ခိုက်မှုများကြောင့် အများအားဖြင့် အမျိုး သမီးများနှင့်ကလေးများဖြစ်သော လူပေါင်း ၃၁ ဦး သေဆုံးပြီး ၁၀၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီကျန်းမာရေးဝန် ကြီးဌာန မှ ပြောခွင့်ရသူ အယ်လ်အက်စ်ဘာနီ က ပြောကြား သည်။
အမေရိကန်တိုက်ခိုက်မှုမှာ စစ်ရာဇဝတ်မှုကျူးလွန်ခြင်း ဖြစ်ကြောင်း ဟူသီ နိုင်ငံ‌ရေးဗျူရိုက ပြောကြားပြီး ယီယင်တပ်ဖွဲ့များက စစ်ရှိန်မြှင့်ခြင်းဖြင့် တုံ့ပြန်ရန် အသင့်ရှိကြောင်း ထုတ်ပြန်ပြောကြားသည်။

တိုက်ခိုက်မှုများအတွင်း ဟူသီအမာခံဒေသမှ အဆောက် အဦ တစ်ခုကို ထိမှန်ခဲ့ကြောင်း နှင့် ငလျင်လှုပ်သကဲ့သို့ ရပ် ကွက်အား လှုပ်ခါသွားစေခဲ့ကြောင်း မြို့တော် ဆာနားမှ ဒေသခံများက ပြောကြားကြသည်။
ယမန်နေ့ တိုက်ခိုက်မှုများအား ပင်လယ်နီတွင်ရောက်ရှိနေသော အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ဟယ်ရီထရူးမင်းပေါ်မှ တိုက် လေ ယာဉ်များက လုပ်ဆောင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်
ယီမင်အခြေစိုက် ဟူသီအဖွဲ့အပေါ် ကြီးမားသောစစ်ဆင် ရေးထရန့်စတင်

ယင်းတိုက်ခိုက်မှုများမှာ ယီမင်နိုင်ငံတစ်ဝန်းတွင် ပြုလုပ်မည့် ကြီးမားသော စစ် ဆင်ရေး ၏ အစ ဖြစ်ကြောင်း အရှေ့အလယ်ပိုင်းတပ်ဖွဲ့များကို ကွပ်ကဲသော အ မေရိကန်စစ်ဘက် ဗဟိုကွပ်ကဲရေးဌာနက ပြောကြားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်ကလည်း အမေရိကန်သင်္ဘောများနှင် လေယာဉ်များအပေါ် ဟူသီတို့၏ တိုက်ခိုက်မှုအား သီးခံသွားမည်မ ဟုတ်ကြောင်း နှင့် ၎င်းတို့၏ ကျေးဇူးရှင် အီရန်ကိုလည်း သတိပေးလိုက်ကြောင်း ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့ကာ လွတ်လပ်စွာရေကြောင်းသွားလာမှု ပြန်လည်ရရှိမည်ဖြစ်ကြောင်း ပြောသည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...