ယူကရိန်းတိုက်ခိုက်မှုကြောင့် ရုရှားမဟာဗျူဟာမြောက်လေယာဉ်ကွင်း မီးလောင်

ရုရှားနိုင်ငံရှိ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်များအသုံးပြုသော လေယာဉ်ကွင်းတစ်ခုကို ယူကရိန်းက ဒရုန်းများဖြင့်တိုက်ခိုက်ခဲ့ကြောင်း နှင့် ယင်းတိုက်ခိုက်မှုများကြောင့် ရှေ့တန်းစစ်မြေပြင်မှ ၄၃၅ မိုင် ကွာဝေးသောနေရာတွင် ပေါက်ကွဲမှုများနှင့် မီးလောင်မှုများဖြစ်ပွားခဲ့ကြောင်း ရုရှားနှင့် ယူကရိန်းအရာရှိများကို ကိုးကား၍ ရိုက်တာသတင်းက ဖော်ပြသည်။
ရိုက်တာသတင်းဌာနကစိစစ်ခဲ့သောဗီဒီယိုများတွင်လည်း လေဆိပ်မှကျယ်လောင်သောပေါက်ကွဲသံထွက်ပေါ်ခဲ့ပြီးအနီးဝန်းကျင်ရှိ နေအိမ်များပျက်စီးနေသည်ကို တွေ့ရှိရသည်။

လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့များက ရုရှားဒေသအများအပြားတွင် ယူကရိန်းဒရုန်း ၁၃၂ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။
အခြားစိစစ်ထားသော ဗီဒီယိုများတွင်လည်း နံနက်အရုဏ်တက်ချိန် ကောင်းကင်ယံသို့ မဲမှောင်သောမီးခိုးလုံးများ ထိုးတက်နေပြီး ကြီးမားသောမီးလောင်ကျွမ်းမှုများကိုတွေ့ရကြောင်း သတင်းက ဆက်လက်ဖော်ပြသည်။
ဆိုဗီယက်ယူနီယံခေတ်ကတည်းက တည်ရှိခဲ့သော အန်ဂဲလ်စ်ဒေသမှ လေယာဉ်ကွင်းသည် ငန်းဖြူကြီးများဟုလူသိများပြီး နျူးကလီးယားဗုံးများတင်ဆောင်နိုင်သည့် Tupolev Tu-160 မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်ကြီးများကို ထိန်းသိမ်းထားရှိကြောင်းသိရသည်။
အန်းဂဲလ်စ်မြို့တွင် ယူကရိန်းဒရုန်းတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ကာ လေယာဉ်ကွင်းတစ်ခု မီးလောင်ခဲ့ကြောင်း နှင့် အနီးအနားမှ ဒေသခံများအား ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ဆာရာတော့ဗ်ဒေသ အုပ်ချုပ်ရေးမှူး ရိုမန်ဘူဆာဂျင်က ပြောကြားသည်။
မီးလောင်ခဲ့သည်မှာအန်ဂဲလ်စ် လေယာဉ်ကွင်းဖြစ်ကြောင်း ၎င်းကမပြောသော်လည်း အဆိုပါလေယာဉ်ကွင်းမှာ ယင်းဒေသတွင် တစ်ခုတည်းသော အထင်ကရလေယာဉ်ကွင်းဖြစ်ကြောင်း သိရသည်။
ယူကရိန်းတပ်ဖွဲ့များက အန်ဂဲလ်စ်လေယာဉ်ကွင်းအားတိုက်ခိုက်ခဲ့ပြီးနောက်ဆက်တွဲ လက်နက်တိုက်ပေါက်ကွဲမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားပြီး ယူကရိန်းအားတိုက်ခိုက်ရန် ရုရှားကယင်းလေယာဉ်ကွင်းအား အသုံးပြုခဲ့ကြောင်းဆိုသည်။
ယင်းတိုက်ခိုက်မှုအတွင်း လူဆယ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိများကပြောကြားပြီး တချို့ဒေသခံများကလည်း ၎င်းတို့၏နေအိမ်ခြံဝင်းများတွင် ယူကရိန်းဒရုန်းအပိုင်းအစ အများအပြား တွေ့ရှိရခြင်းကို အံ့အားသင့်ခဲ့ကြသည်။
တိုက်ခိုက်မှုအတွင်းယူကရိန်းက PD-2 နှင့် Liutyiအမျိုးအစားဒရုန်းများကို အသုံးပြုခဲ့ကြောင်း Shot တယ်လီဂရမ်က ပြောကြားသည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ