ယူကရိန်းအတွက် ပက်ထရီယော့ဒုံးကျည်စနစ်များရရှိရေး ဇီလန်စကီးအားကူညီရန်ထရန့်သဘောတူ

ယူကရိန်းအတွက် ပက်ထရီယော့ဒုံးကျည်စနစ်များ ထပ်မံရရှိရေးသမ္မတ ဗိုလိုဒီမာဇီလန်စကီး က တောင်းဆိုမှုအပေါ်ကူညီရန်သမ္မတ ဒေါ်နယ်ထရန့်က သဘောတူခဲ့ပြီးအထူးသဖြင့် ဥရောပတွင်ရရှိနိုင်မည့် အရာများကို ရှာဖွေသွားမည်ဖြစ်ကြောင်း ခေါင်းဆောင်နှစ်ဦး၏ ယမန်နေ့ဖုန်းပြောဆိုမှုအပြီး တွင် နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယို နှင့် အမျိုးသားလုံခြုံရေးအကြံပေးမိုက်ခ်ဝေါ့ဇ် တို့ကပြောကြားသည်။

၎င်းတို့၏ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြားတွင် သတင်းအချက်အလက်များ မျှဝေရန် ခေါင်း ဆောင် နှစ်ဦး သဘောတူခဲ့ကြောင်းနှင့် ကာကွယ် ရေး အတွက်အမေရိကန်နှင့်ယူကရိန်းတို့ထောက်လှမ်းရေးသတင်းများမျှဝေမည်ဖြစ် ကြောင်းအိမ်ဖြူတော်သတင်းပြန်ကြားရေးမှုး ကာရိုလိုင်းလီဗစ်က ယမန်နေ့သတင်းစာရှင်းလင်းပွဲတွင်သတင်းထောက်များအား ပြောကြားသည်။
ထို့ပြင်ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးစနစ်၊စစ်သုံ့ပန်းများနှင့်ရုရှားကအဓမ္မခေါ်ဆောင်သွားသည့်ယူကရိန်းကလေးများအရေးတို့နှင့်ပတ် သက် ၍ လည်းထရန့်ကဆွေးနွေးခဲ့ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
“ဘယ် လေကြောင်းရန် ကာကွယ်ရေး စနစ်က အကောင်းဆုံးလဲ၊ ဘယ်အရာက တကယ် အလုပ်ဖြစ်နိုင်သလဲ၊ ဘယ်လို ကူညီရမလဲဆိုတာ အပါအဝင် သမ္မတထရန့် က မေးခွန်းများစွာကို မေးခဲ့ပါတယ်။” ဟု သတင်းရင်းမြစ်က ပြောကြား သည်။
ထို့ပြင်ယူကရိန်း၏လျှပ်စစ်စွမ်းအင်ထောက်ပံ့မှုနှင့်နျူကလီးယားဓာတ်အားပေးစက်ရုံများအရေးကိုလည်းဆွေးနွေးခဲ့ပြီးအမေရိကန်၏ပိုင်ဆိုင်ခွင့်နှင့်ပတ် သက်၍ထရန့်ကအကြံပြုခဲ့သည်။
“လျှပ်စစ်ဓာတ်အားနဲ့ အသုံးဝင်မှုဆိုင်ရာ ကျွမ်းကျင်မှုတွေနဲ့ အဲဒီစက်ရုံတွေကို လည်ပတ်ရာမှာ အမေရိကန်ပြည်ထောင်စုက အများကြီး အထောက်အကူဖြစ်နိုင်ပါတယ်။”ဟု ထရန့်ကပြောသည်။
ထိုစက်ရုံများအားအမေရိကန်ပိုင်ဆိုင်ခွင့်မှာယင်းအခြေခံအဆောက်အအုံအ တွက်အကောင်းဆုံးကာကွယ်မှုနှင့်ယူကရိန်းစွမ်းအင်အခြေခံအဆောက်အအုံအတွက်အထောက်အပံ့ဖြစ်လိမ့်မည်ဟုထရန့်ကပြောကြားကြောင်းအိမ်ဖြူတော်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယူကရိန်းသမ္မတဇီလန်စကီး နှင့် ဖုန်းခေါ်ဆိုမှုမှာ အလွန်ကောင်းမွန်ခဲ့ပြီး အ ကြမ်းဖျင်းအားဖြင့် တစ်နာရီခန့်ကြာမြင့်ကြောင်းထရန့်က ပြောကြားခဲ့ပြီးဆွေး နွေးမှုအများစုသည် ရုရှားသမ္မတ ဗလာဒီ မာ ပူတင်နှင့် အင်္ဂါနေ့ပြောဆိုမှုအကြောင်းအရာများအပေါ်အဓိကထားကြောင်းဆိုသည်။
“ယူကရိန်းသမ္မတဇီလန်စကီး နဲ့ အလွန်ကောင်းမွန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြီးသွားပါပြီ။ ဆွေးနွေးမှု အများစုဟာ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးရဲ့ တောင်းဆိုချက်နဲ့ လိုအပ်ချက်တွေကို ညှိနှိုင်းဖို့အတွက် မနေ့က ပြောကြားခဲ့တဲ့ ဆွေးနွေးမှုအပေါ် အခြေခံပါတယ်။”ဟုထရန့်ကဆိုသည်။
ထို့အတူယမန်နေ့က အမေရိကန်သမ္မတဒေါ်နယ်ထရန့် နှင့် ဖုန်းခေါ်ဆိုမှုမှာ အပြုသဘောဆောင်ပြီး အလွန်သိသာထင်ရှားသောပြတ်သားစွာပြောဆိုဆွေးနွေးမှု အဖြစ်ယူကရိန်းသမ္မတဇီလန်စကီး ဖော် ပြခဲ့ သည်။
“သမ္မတထရန့် နဲ့ အမေရိကန်ရဲ့ ဦးဆောင်မှုအောက်မှာ ထာဝရငြိမ်းချမ်းရေးဟာ ဒီနှစ်အတွင်း အောင်မြင်နိုင်မယ်လို့ ယုံကြည်ပါတယ်။” ဟု ဇီလန်စကီး က ပြောကြားသည်။
ယမန်နေ့ဖုန်းခေါ်ဆိုမှုမှာပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် ဘဲဥပုံရုံးခန်း ၌ ခေါင်းဆောင် နှစ်ဦးကြားအပြင်းအထန်အခြေအတင်ဖြစ်ခဲ့ပြီးနောက်ပိုင်းပထမဆုံးအကြိမ်လူသိရှင်ကြားပြောဆိုဆွေးနွေးမှုဖြစ်သည်။
ရေးသားသူ-The Standard Time Daily
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ