Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန် ပြင်သစ်သမ္မတကတိပြု

ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန်ပြင်သစ်သမ္မတကတိပြု

International News
ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန်ပြင်သစ်သမ္မတကတိပြု
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန် ပြင်သစ်သမ္မတကတိပြု
ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန် ပြင်သစ်သမ္မတကတိပြု

ယူကရိန်းအားစစ်ရေးအကူအညီယူရိုနှစ်ဘီလီယံထပ်မံပေးအပ်မည်ဖြစ်ကြောင်းပြင်သစ်သမ္မတအီမန်နျူယယ်မက်ခရွန်ကယမန်နေ့တွင် ကတိပြုလိုက်သည်။
ယနေ့နံနက်(မြန်မာစံတော်ချိန်ယနေ့ညနေပိုင်း)တွင် ပြုလုပ်ရန် စီစဉ်ထားသော ယူကရိန်း၏ ရေရှည်လုံခြုံရေးအပေါ်ထောက်ပံ့ရေးဆိုင်ရာ နိုင်ငံတကာ ထိပ်သီးအစည်းအဝေးမတိုင်မီ ယမန်နေ့ ညနေပိုင်းက ပြင်သစ်နိုင်ငံ၊ပါရီမြို့ သ တင်း စာရှင်းလင်းပွဲတွင်သမ္မတမက်ခရွန်က ကြေညာခဲ့ခြင်းဖြစ်သည်။

အဆိုပါအစီအစဉ်အသစ်တွင် မီလန် တင့်ဖျက်ဒုံးကျည်များ၊ မီရပ်ဂျ် တိုက်လေယာဉ်များအတွက် MICA ဒုံးကျည်များ၊ မစ်စထရယ်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များ၊ သံချပ်ကာယာဉ်များ၊ ခဲယမ်းများနှင့် ဒရုန်းများကဲ့သို့စစ်လက်နက်ပစ္စည်းများ ပါဝင်ကြောင်းသိရသည်။

ပါရီ၌ ယနေ့ပြုလုပ်မည့် ကမ္ဘာ့ခေါင်းဆောင်များနှင့် ထိပ် သီးဆွေးနွေးပွဲတွင်ယူကရိန်း တပ်မတော်၏ အနာဂတ်ပုံစံနှင့်ပတ်သက်၍ ပြောကြားမည်ဖြစ်ကြောင်း သမ္မတမက်ခရွန် က မီးမောင်းထိုးပြခဲ့ခြင်းလည်းဖြစ်သည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန် ပြင်သစ်သမ္မတကတိပြု
ယူကရိန်းအားစစ်ရေးအကူအညီယူရို နှစ်ဘီလီယံထပ်မံပေးအပ်ရန် ပြင်သစ်သမ္မတကတိပြု

အဆိုပါဆွေးနွေးပွဲများသည် ယူကရိန်းတွင် တိုက်ခိုက်မှုအသစ်များကို တွန်းလှန်နိုင်စွမ်းရှိပြီး ရေရှည်လုံခြုံရေးကို ထိန်းသိမ်းထားနိုင်စေရန်အတွက် ရည်ရွယ်ခြင်းဖြစ်သည်။

ထို့ပြင်ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်များချထားခြင်းဆိုင်ရာ အတားအဆီးပြဿနာနှင့် ပတ်သက်၍ အဆိုပါတပ်ဖွဲ့များမှာ ရှေ့တန်းစစ်မျက်နှာတွင် ပါဝင်မည်မဟုတ်ကြောင်းသမ္မတမက်ခရွန်က ရှင်းလင်းပြောကြားခဲ့သည်။

ပြင်သစ်ခေါင်းဆောင်၏ ပြောကြားချက်အရ၊ ယူကရိန်းစစ်တပ်ကို ခိုင်မာစေရေးမှာ အဓိကဦးစားပေးဖြစ်ပြီး ရှေ့တန်းစစ်မြေပြင်၏နောက်ကွယ်တွင် နေရာယူထားနိုင်ရန် ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့များ ဖြန့်ကြက်ချထားခြင်းမှာ ဒုတိယအစီအစဥ်ဖြစ်ကြောင်းသိရသည်။

အဆိုပါတပ်ဖွဲ့များမှာယူကရိန်း၏ဗျူဟာမြောက်မြို့များ၊ သို့မဟုတ် အခြေစိုက်စခန်းများ တွင် တပ်စွဲထားနိုင်မည်ဖြစ်ကြောင်းလည်းမက်ခရွန်ကဆက်လက်ပြောကြား သည်။

ပြင်သစ်နိုင်ငံ၊ ပါရီမြို့၌ကျင်းပမည့်ယူကရိန်းနိုင်ငံအား ရေရှည်လုံခြုံရေး အာမခံချက်ပေးအပ်ရန် အသင့်ရှိနေသည့်မဟာမိတ်အဖွဲ့၏ထိပ်သီးအစည်းအဝေးအတွက်ပြင်သစ်သမ္မတမက်ခရွန်က၎င်း၏မိတ်ဖက်ခေါင်းဆောင် ယူကရိန်းသမ္မတဗိုလိုဒီမာဇီလန်စကီး အား ယမန်နေ့ညနေပိုင်းတွင် ကြိုဆိုခဲ့သည်။

ရေးသားသူ-The Standard Time Daily


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...