Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

Funny International News
လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို
ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ
လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ကနေ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ကို ပျံသန်းနေတဲ့ United Airlines ရဲ့ ခရီးသည်တင် လေယာဉ်တစ်စင်းကို နောက်ကြောင်း ပြန်လှည့်ခဲ့ရပါတယ်။

မတ်လ ၂၂ ရက် ဒေသစံတော်ချိန် နေ့လယ် ၂ နာရီအချိန်မှာ လော့စ်အိန်ဂျလိစ်လေဆိပ်ကနေ ထွက်ခွာခဲ့တဲ့ လေကြောင်းအမှတ် UA 198 လေယာဉ်ဟာ ပစိဖိတ်သမုဒ္ဒရာကို ကျော်ဖြတ်ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့ထံ ဦးတည်ပျံသန်းနေရင်း ပျံသန်းချိန် ၂ နာရီအကြာမှာတော့ လေယာဉ်မှူးတစ်ဦး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့တာကြောင့် နောက်ကြောင်းပြန်လှည့်ခဲ့ရပြီး ဒေသစံတော်ချိန် ညနေ ၅ နာရီမှာ ဆန်ဖရန်စစ္စကိုလေဆိပ်ကို ဆင်းသက်ခဲ့ရတာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ
လေယာဉ်မှူး နိုင်ငံကူးလက်မှတ် မေ့ကျန်ခဲ့လို့ အမေရိကန်ကနေ တရုတ်ကို ပျံသန်းတဲ့ လေယာဉ်တစ်စင်း နောက်ကြောင်းပြန်လှည့်ခဲ့ရ

” လေယာဉ်မှူးအသစ်တစ်ဦး လဲလှယ်ပြီး ခရီးသည်တွေကို လိုရာခရီး ပို့ဆောင်ပေးခဲ့ပါတယ်။ ခရီးသည်တွေကို အစားအစာကူပွန်တွေ စီစဉ်ပေးပြီး နစ်နာကြေးလည်း ပေးခဲ့ပါတယ်” လို့ United Airlines က ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီလေကြောင်းခရီးစဉ်ဟာ ည ၉ နာရီမှာ ပြန်လည်ထွက်ခွာခဲ့ပြီး သတ်မှတ်ချိန်ထက် ၆ နာရီနောက်ကျကာ ရှန်ဟိုင်းမြို့ကို ဆင်းသက်နိုင်ခဲ့ပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...