Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ  ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေတဲ့ သံစုံတီးဝိုင်း ဂင်းနက်စ်စံချိန်တင်

ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေတဲ့ သံစုံတီးဝိုင်း ဂင်းနက်စ်စံချိန်တင်

International News

၂၇ နှစ်အတွင်း ဂီတဖျော်ဖြေပွဲ ၃၄၄ ပွဲ ဖျော်ဖြေနိုင်ခဲ့ပြီးနောက်မှာတော့ Vegetable Orchestra သံစုံတီးဝိုင်းဟာ ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေပွဲအများဆုံးလုပ်နိုင်တဲ့ တီးဝိုင်းအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို တူရိယာအဖြစ် ဖန်တီး တီးမှုတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့အတူ ၁၉၉၉ ခုနှစ်က သြစတြီးယားနိုင်ငံ ဗီယင်နာမြို့မှာ Vegetable Orchestra သံစုံတီးဝိုင်းကို စတင်တည်ထောင်ခဲ့တာဖြစ်ပြီး တူရိယာ ၁၁ မျိုး ပါဝင်ပါတယ်။

” အပျော်သဘောနဲ့ စဖြစ်ခဲ့တာပါ။ ဂီတသံ ဖန်တီးရာမှာ ဘယ်ပစ္စည်းက အခက်အခဲဖြစ်မလဲဆိုပြီး တွေးမိခဲ့တာပါ” လို့ မူလတည်ထောင်သူ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မက်သီးယက်မိန်းဟာတာက ဆိုပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေတဲ့ သံစုံတီးဝိုင်း ဂင်းနက်စ်စံချိန်တင်
ဟင်းသီးဟင်းရွက် သစ်သီးဝလံတူရိယာတွေ အသုံးပြုပြီး ဖျော်ဖြေတဲ့ သံစုံတီးဝိုင်း ဂင်းနက်စ်စံချိန်တင်

သူတို့ရဲ့ တူရိယာတွေထဲမှာ မုန်လာဥကို အသံဖမ်းစက်လို ထွင်းထုထားတာ၊ ထန်းကြက်သွန်ကို မယ်ဒလင်အဖြစ် ဖန်တီးထားတာတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တူရိယာတွေဟာ ၆ နာရီလောက်ပဲ ခံတာကြောင့် ဖျော်ဖြေပွဲတစ်ခုလုပ်တိုင်း တူရိယာအသစ်တွေ ပြန်လည်ဖန်တီးရလေ့ ရှိပါတယ်။

တူရိယာလုပ်ရာမှာ အသုံးမပြုတော့တဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ဟင်းချိုချက်ပြုတ်ပြီး ပွဲကြည့်ပရိသတ်တွေကို တည်ခင်းဧည့်ခံလေ့ရှိပါတယ်။ သူတို့က ဟင်းသီးဟင်းရွက် သစ်သီဝလံတွေကို တူရိယာအဖြစ် အသုံးပြုကြပေမဲ့ သံစုံတီးဝိုင်းမှာ ပါဝင်ဖျော်ဖြေသူတွေကတော့ သားသတ်လွတ်သမားတွေ မဟုတ်ကြပါဘူး။

ရေးသားသူ-Yoyarlay

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...