ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့လျှင်

ဟစ်တလာသာ အချစ်ရေး ကံကောင်းခဲ့ရင် ဒုတိယ ကမ္ဘာစစ် မဖြစ်နိုင်ဘူးလို့တောင် ယုံကြည်ကြပါတယ်။ ဘာလို့လဲဆို သူချစ်ခဲ့တဲ့ အမျိုးသမီးက ဂျူးလူမျိုး ဖြစ်နေလို့ ဖြစ်ပါတယ်။
အသက် ၁၆ နှစ်သားအရွယ်က အဒေါ့ဖ် ဟစ်တလာဟာ Stephy အမည်ရ ဂျူးလူမျိုး အမျိုးသမီးကို တစ်ဖက်သက် ချစ်ပါတယ်။ ချစ်တာမှ တမ်းတမ်းစွဲ ပြီး လေးနှစ်လုံးလုံး ဖွင့်မပြောပဲ တိတ်တခိုး ချစ်တာ ဖြစ်ပါတယ်။ ရှားရှားပါးပါးပဲ ဆိုင်တစ်ခုမှာ ဖွင့်ပြောဖို့ အခွင့်ကြုံခဲ့ပါတယ်။ သို့ပေမယ့် ဖွင့်မပြောခဲ့ပါဘူး။ နောက်ထပ် အခွင့်အရေးရှိအုံးမယ်လို့ သူယုံကြည်နေလို့ ဖြစ်ပါတယ်။
ဟစ်တလာမှာ စိတ်ကူး တစ်ခုရှိပြီး ယင်းစိတ်ကူးက လက်ထပ်ပြီးရင် ပါရှန်းမှာ သာမန် ကျောင်းဆရာတစ်ဦးအဖြစ် ဘဝရပ်တည်ဖို့ ဖြစ်ပါတယ်။ တစ်နေ့တော့ သူ့အတွက် ဝမ်းနည်းစရာ သတင်းတစ်ခု ကြားခဲ့ရပါတယ်။ ဒါကတော့ သူတစ်ဖက်သက် စွဲလမ်းနေတဲ့ Stephy ဂျူးမလေးဟာ အခြား ဂျူးလူမျိုးအမျိုးသား တစ်ဦးနဲ့ လက်ထပ်သွားခြင်း ဖြစ်ပါတယ်။

ဟစ်တလာသာ သူ တစ်ဖက်သက်ချစ်ခဲ့တဲ့ ဂျူးမလေးနဲ့သာ လက်ထပ်ဖြစ်ခဲ့ မယ်ဆိုရင်၊ ဖွင့်ပြောခဲ့မယ်ဆိုရင် ဂျူးလူမျိုးတွေလည်း အစုလိုက် အပြုံလိုက် မသေနိုင်ပဲ ကမ္ဘာစစ်ဆိုတာလည်း ဖြစ်မလာဘူးလို့ ဆိုပါတယ်။Love Could Have Changed Histroy ဆိုပြီးတော့တောင် ဟစ်တလာရဲ့ တစ်ဖက်သက် အချစ်ဇာတ်လမ်းကို ယနေ့တိုင် ပြောစမှတ်ပြုဆဲ ဖြစ်ကြောင်း သိရပါတယ်။
ရေးသားသူ-Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ