Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အစ္စရေး၏အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၂၅၀ ‌ကျော်သေဆုံး

အစ္စရေး၏အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၂၅၀ ‌ကျော်သေဆုံး

International News

ဂါဇာဒေသကို အစ္စရေးက လေကြောင်းမှ ပြင်းထန်စွာ တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၂၅၄ ဦး သေဆုံးသွားခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာ‌ရေးအာဏာပိုင်များက ပြောကြားသည်။

ဟားမားစ်အဖွဲ့ က အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်များကို ပယ်ချပြီး ၎င်းတို့ဖမ်းဆီးထားသော ဓားစာခံများအား ပြန်လွှတ်ရန် ငြင်းဆန်ခဲ့ပြီးနောက်တွင် ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့အပေါ် အရေးယူရန် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးစစ်ဘက်အားညွှန်ကြားခဲ့ကြောင်း သိရသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အစ္စရေး၏အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၂၅၀ ‌ကျော်သေဆုံး
အစ္စရေး၏အပြင်းအထန်တိုက်ခိုက်မှုများကြောင့် ဂါဇာတွင် လူပေါင်း ၂၅၀ ‌ကျော်သေဆုံး

ယခုအချိန်မှစ၍ အစ္စရေးက ဟားမားစ်အဖွဲ့အပေါ် စစ်ရေးအရတိုးမြှင့် အရေး ယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ရုံးက ထုတ်ပြန်ခဲ့သည်။
လေကြောင်းမှ ပြင်းထန်စွာတိုက်ခိုက်ပြီးနောက် ဂါဇာဒေသ ရပ်ကွက်အများအပြားမှ ဒေသခံများ ဘေးလွတ်ရာရွှေ့ပြောင်းနေထိုင်ကြရန် အစ္စရေးစစ်ဘက်က ပြောကြားခဲ့သည်။

ဟားမားစ်အဖွဲ့ကမူ ခက်ခက်ခဲခဲ ရယူထားသော အပစ်အခတ်ရပ်စဲ‌‌‌ရေးသ ဘောတူညီချက်ကို အစ္စရေးက ပြောင်းပြန်လှန်ပစ်လိုက်ကြောင်း စွပ်စွဲပြောကြားခဲ့ပြီး ယင်းနှင့်အတူ ဂါဇာတွင် ထိန်းသိမ်းခံထားရဆဲ ဖြစ်သော ဓားစာခံ ၅၉ ဦး လွတ်မြောက်‌ရေးမှာလည်း မရေမရာဖြစ်သွားခဲ့သည်။

ယခုနောက်ဆုံး အစ္စရေးတိုက်ခိုက်မှုများသည် ဂါဇာ၏ နေရာ ‌ဒေသအများအပြားတွင် ဖြစ်ပေါ်ခဲ့ကာ သေဆုံးသူများတွင် ကလေးသူငယ်အများအပြားပါဝင်ခဲ့ကြောင်း ပါလက်စတိုင်းကျန်းမာ‌ရေးဝန်ကြီးဌာန အရာရှိများက ပြောကြားကြသည်။
ပစ်မှတ် ဒါဇင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့ကြောင်း နှင့် ယင်းတိုက်ခိုက်မှုများကို လိုအပ်သလောက် ဆက်လက်လုပ်ဆောင်နေမည်ဖြစ်ကာ တိုက်ခိုက်မှုများသည် လေကြောင်းထက်ပိုမိုကျယ်ပြန့်နိုင်ကြောင်း အစ္စ‌‌‌ရေးစစ်ဘက်က ပြောကြားခဲ့ရာ အစ္စရေးမြေပြင်တပ်ဖွဲ့များ ပြန်လည်ဝင်‌‌ရောက်လာမည့် အလားအလာများကိုပါ မြင့်တက်လာစေခဲ့သည်။

ယင်းတိုက်ခိုက်မှုများ မလုပ်ဆောင်မီ အစ္စရေးက အမေရိကန်ကို အသိပေးခဲ့ကြောင်း အိမ်ဖြူတော်ပြောခွင့်ရသူတစ်ဦးက ပြောကြားသည်။
အပစ်ရပ် သက်တမ်းတိုးနိုင်ရန် ဟားမားစ်အဖွဲ့ က ဓားစာခံများကို လွှတ်ပေးမည့်အစား ငြင်းဆန်ပြီး စစ်ပွဲကို ရွေးချယ်ခဲ့ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ဘရိုင်ယန်ဟုချ် က ပြောသည်။

ရေးသားသူ-The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...