Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားယာယီသမ္မတ ပြောကြား

အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားယာယီသမ္မတ ပြောကြား

International News

တောင်ကိုရီးယားအခြေခံဥပဒေဆိုင်ရာ တရားရုံးက ဝန်ကြီးချုပ် ဟန်ဒတ်ဆူးအပေါ် စွပ်စွဲပြစ်တင်မှုကို ပယ်ချလိုက်ပြီးနိုင်ငံ၏ယာယီသမ္မတအဖြစ် ပြန်လည်ခန့်အပ်ခဲ့ပြီးနောက် အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲတွင် အာရှ၏ စတုတ္ထအကြီးဆုံးဖြစ်သည့်တောင်ကိုရီးယား စီးပွား‌‌ရေးအား ဦးဆောင် လမ်းညွှန် သွားမည်ဖြစ်ကြောင်း၎င်းက သန္နှိဌာန်ပြုလိုက်သည်။

“ ယာယီသမ္မတအနေနဲ့ တည်ငြိမ်တဲ့ အစိုးရယန္တရားကိုထိန်းသိမ်းထားဖို့ ကျွန်တော်အကောင်းဆုံးကြိုးစားပါမယ်။ ကုန်သွယ်ရေးစစ်ပွဲမှာ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်စောင့်ရှောက်ဖို့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းသွားဖို့ ကတိပြုပါတယ်။” ဟု ယာယီသမ္မတ ဟန်ဒတ်ဆူး ပြောကြားသည်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားယာယီသမ္မတ ပြောကြား
အမေရိကန်နှင့်ကုန်သွယ်ရေးစစ်ပွဲတွင် နိုင်ငံကို ဦးဆောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားယာယီသမ္မတ ပြောကြား

ကမ္ဘာပေါ်တွင် နိုင်ငံခြားသို့ကုန်ပစ္စည်းတင်ပို့ရာတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံ ဖြစ်သည့် တောင်ကိုရီးယားနိုင်ငံသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်လက်ထက်တွင် ခြိမ်းခြောက်ထားသော အခွန်အကောက်အများအပြား၏ ရိုက်ခတ်မှုကို ရင်ဆိုင်ရန် ပြင်ဆင်နေရသည်။

သံမဏိနှင့် အလူမီနီယံကုန်ပစ္စည်းများအပေါ် အခွန်တိုးမြင့်ထားမှုကို တောင်ကိုရီးယားက မြင်တွေ့ခဲ့ရပြီးဖြစ်ကာ လာမည့်လတွင် အမေရိကန်က ၎င်းတို့အပေါ် တန်ပြန်အခွန်များ ချမှတ်မည့်အရေးမှ ခြွင်းချက်ရရှိရန်ကြိုးစားနေသည်။
ယခုလအစောပိုင်းမှာပင် အမေရိကန်ပို့ကုန်များအပေါ် တောင်ကိုရီးယားက ကြီးလေးသောအခွန်များ ချမှတ်ထားကြောင်း ‌‌ဒေါ်နယ်ထရန့်က သီးခြားပြောကြားခဲ့သည်။

လပေါင်းများစွာ နိုင်ငံရေးမတည်ငြိမ်မှုဖြစ်ခဲ့ပြီးနောက် ပေါ်ထွက်လာခဲ့သော တရားရုံးဆုံးဖြတ်ချက်နှင့်အတူ ဟန်ဒတ်ဆူးသည် ယာယီသမ္မတတာဝန်ကို ချက်ချင်းပြန်လည်ထမ်းဆောင်ခွင့်ရရှိခဲ့သည်။
ဒီဇင်ဘာလက စစ်အုပ်ချုပ်ရေးကြေညာခဲ့မှုကြောင့် သမ္မတ ယွန်းဆွတ်ယိုးလ် စွပ်စွဲပြစ်တင်ခံခဲ့ရပြီးနောက် ဝန်ကြီးချုပ် ဟန် က ယာယီသမ္မတအဖြစ် ယွန်း၏ နေရာသို့ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။

“ နိုင်ငံရေးမှာ လွန်လွန်ကျူးကျူးထိပ်တိုက်ရင်ဆိုင်တာတွေ ရပ်တန့်ရမယ်ဆိုတာကို ပြည်သူလူထုက ရှင်းလင်းပြတ်သားစွာ တစ်သံတည်း ပြောလိုက်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။” ဟု ဟန်ကပြောကြားသည်။

ထို့နောက်အမြော်အမြင်ကြီးသော ဆုံးဖြတ်ချက် အတွက်လည်း တရားရုံးကို ကျေးဇူးတင်ကြောင်း ဟန်က ပြောကြားပြီး ၎င်းရာထူးမှ ဆိုင်းငံ့ခံထားရစဉ် ကြိုးစားတာဝန်ထမ်းဆောင်ခဲ့သော ဝန်ကြီးအဖွဲ့ ကိုလည်း ၎င်းက ကျေးဇူးစကားဆိုသည်။

အခြေခံဥပဒေဆိုင်ရာ တရားရုံးသို့ တရားသူကြီး သုံးဦး ထပ်မံ ခန့်အပ်ရေးကို ငြင်းဆန်ပြီး အတိုက်အခံများ ဦးဆောင်သော ပါလီမန် နှင့် ထိပ်တိုက်တွေ့ခဲ့ပြီးနောက် ယာယီသမ္မတအဖြစ် သီတင်းနှစ်ပတ်သာ တာဝန်ထမ်းဆောင်ရသေးချိန် ဒီဇင်ဘာ ၂၇ ရက်တွင် ဟန်သည် ယာယီသမ္မတအဖြစ်မှ ဆိုင်းငံ့ခံခဲ့ရကာ ယခုအခါ တရားရုံးက ၎င်းအပေါ် စွပ်စွဲပြစ်တင်မှုကို ထောက်ခံမဲ ခုနစ် မဲ ၊ ကန့်ကွက်မဲတစ်မဲ ဖြင့် ပယ်ချခဲ့ပြီးနောက် နိုင်ငံ၏ယာယီခေါင်းဆောင်နေရာကို ပြန်လည်ရရှိခဲ့သည်။

ရေးသားသူ- The Standard Time Daily

မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...