Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား

အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား

International News
အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး
ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား
 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား
အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား

အသက် ၂၉ နှစ်အရွယ် မလေးရှားလူမျိုး အော်တစ်ဇင်ရောဂါသည်အမျိုးသားတစ်ဦးဟာ 102th Bank Simpanan Nasional (BSN) ရဲ့ Lucky Draw အစီအစဉ်မှာ စင်ကာပူဒေါ်လာ ၂၉၉ သိန်း ကံစမ်းမဲပေါက်ခဲ့ပါတယ်။ အနည်းဆုံး စင်ကာပူဒေါ်လာ ၈၉၉ သိန်းစုငွေရှိတဲ့ အသက် ၁၂ နှစ်နဲ့ အထက် BSN ကာစတန်မာတွေက ဒီLucky Draw အစီအစဉ်အတွက် အကျုံးဝင်ပါတယ်။

အာမီရူလ် ဟာကင်းဆိုတဲ့ အဲ့ဒီအမျိုးသားရဲ့မိဘတွေဟာ သူတို့ရဲ့သားဟာ အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တာဖြစ်ပေမဲ့ ဒီငွေစုဆောင်းမှုက ဒီလိုကြီးမားတဲ့ရလဒ်မျိုးရခဲ့မယ်လို့ စိတ်တောင်မကူးမိဘူးလို့ ပြောပါတယ်။ အစက သူ့မိဘတွေဟာ ဒီကံစမ်းမှုက လိမ်လည်မှုဖြစ်တယ်လို့ တွေးထင်ခဲ့တာပါ။ ဘဏ်ဝန်ထမ်းတွေဆီက ထပ်ခါထပ်ခါ အတည်ပြုချက်ယူခဲ့ရပါတယ်။ ဘဏ်ရဲ့ Website မှာ အမီရူလ်ရဲ့နာမည်ကို တွေ့တော့မှ သူတို့ယုံကြည်သွားကြတာပါ။

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား
အသက် ၁၂ နှစ်ကတည်းက ငွေစုခဲ့တဲ့ ဘဏ်ကနေ ဒေါ်လာ ၃ သိန်းနီးပါး ကံစမ်းမဲပေါက်ခဲ့တဲ့ အော်တစ်ဇင်အမျိုးသား

မွေးချင်းမောင်နှ ၇ ယောက်မှာ ၆ ယောက်မြောက်ဖြစ်တဲ့ အမီရူလ်က စကားမပြောတတ်ဘဲ တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ဖို့ အကူအညီလိုတာသူဖြစ်ပါတယ်။ မသန်စွမ်းသူတွေကို သင်ကြားပေးတဲ့ အထူးပညာရေးကို တက်ရောက်နေတာပါ။ ဘာမှ နားလည်သူမဟုတ်တဲ့အတွက် အမီရူလ်ရဲ့မိဘတွေက သူ့အနာဂတ်အတွက် Lucky Draw ပေါက်တဲ့ ငွေတွေကို သူ့အကောင့်ထဲမှာပဲ သိမ်းထားပေးမှာဖြစ်ပါတယ်။

ရေးသားသူ- Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...