Influencer အဖြစ် ပြောင်းလဲသွားခဲ့သော အကျဉ်းထောင်ကနေ ၈ ကြိမ်
ထွက်ပြေးလွတ်မြောက်ခဲ့ဖူးသည့် အသက် ၇၅နှစ်အရွယ် အကျဉ်းသားဟောင်း

ထိုင်ဝမ်ရဲ့ “ထောက်ဖောက်ဘုရင်” အဖြစ် သိကြတဲ့ ဆူခိုင်ရှီ ဆိုသူဟာ သူ့ရဲ့ပြစ်ဒဏ် ၅၁ နှစ်တာမှာ Green Island အကျဉ်းထောင်ကနေ ၈ ကြိမ်တိုင်တိုင် အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်ခဲ့တာပါ။
အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့ သူဟာ သူ့ရဲ့နာမည်ကြီးထောင်ဖောက်ထွက်ပြေးမှုက ၁၉၈၁ ခုနှစ်မှာဖြစ်ခဲ့တာပါ။ သူက အဲ့ဒီအချိန်တုန်းက ထွက်ပြေးလွတ်မြောက်ဖို့ရန်အတွက် ဆံပင်အတုနှင့်အမျိုးသမီးတစ်ယောက်လို ဝတ်ဆင်ခဲ့တာပါ။ သူက ထွက်ပြေးလွတ်မြောက်သွားတော့ ထောင်ကို ဖုန်းဆက်ပြီးတော့ “ငါ ကောင်းရှုံမြို့မှာ ရောက်နေပြီ။ Green Island မှာ ငါ့ကို အားကုန်ခံပြီး ရှာမနေနဲ့တော့”လို့ ပြောခဲ့တာပါ။

ခိုင်ရှီရဲ့ရာဇဝဏ်မှုက သူ့အသက် ၁၄ နှစ်မှာ စတင်ခဲ့ပြီး သူဟာ ရာဇဝတ်မှုဂိုဏ်းတစ်ခုရဲ့အဓိကကျတဲ့ပုဂ္ဂိုလ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူ့ကို ဖမ်းမိပြီး ထောင်မကျခင်ကတော့ သူ့ရဲ့ဂိုဏ်းဟာ ထိုင်ဝမ်တစ်ဝှမ်းက လက်ဝတ်ရတနာဆိုင်ပေါင်း ၅၀ ကျော်ကို ဓားပြတိုက်ခဲ့တာပါ။အခုတော့ ခိုင်ရှီဟာ လွန်ခဲ့တဲ့ ၄ နှစ်က ထောင်ကနေလွတ်မြောက်လာပြီးကတည်းက သူ့ရဲ့ဘဝ၊ သူ့ရဲ့ရာဇဝတ်မှုဆိုင်ရာဖွင့်ဟချက်တွေနဲ့ သူ့ရဲ့ထောင်ဖောက်ပြေးမှုတွေအကြောင်း ပုံမှန်မျှဝေပေးတဲ့ Social Media Influencer ဖြစ်လာခဲ့ပါတယ်။
ကောင်းဘွိုင်ဦးထုပ်ကို ဝတ်ဆင်လေ့ရှိတဲ့သူက လူ့အဖွဲ့အစည်းအတွင်း ပြန်လည်နေထိုင်ဖို့ ခက်ခဲတဲ့အချိန်တွေရှိတာကြောင့် ထောင်ထဲပြန်ဝင်ဖို့ တွေးတောခဲ့ဖူးပါတယ်။ ထောင်ထဲမှာဆိုရင် အစားအသောက်နဲ့ နေစရာပူစရာမလိုခဲ့ဘူးလို့ သူက ဆိုပါတယ်။
သူ ထောင်ကလွတ်မြောက်လာပြီး မကြာခင်မှာ ထိုင်ဝမ်ဒေါ်လာ ၃ သန်းလိမ်လည်ခံခဲ့ရတယ်လို့လည်း ထုတ်ပြောပြထားပါတယ်။ အမေရိကန်မှာ နေထိုင်နေတဲ့ သူ့ရဲ့ညီမ ၂ ယောက်နဲ့ ပြန်လည်ဆုံစည်းတဲ့အခိုင်အတန့်ကိုလည်း ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ သူ့ညီမတွေကို မတွေ့ရတာ နှစ် ၅၀ ကျော်ပြီဖြစ်ပြီး သူတို့နဲ့ပြန်လည်ဆုံစည်းတွေ့ခွင့်ရတာက ထောင်ဖောက်ပြေးတာထက် ပိုပြီး စိတ်လှုပ်ရှားရတယ်လို့ ခိုင်ရှီက ထုတ်ပြောသွားခဲ့ပါတယ်။
ရေးသားသူ- Yoyarlay
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ