Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

International News
Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို
ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား
Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

ကျွန်တော်တိုရဲ့ကမ္ဘာဂြိုဟ်ကြီးတည်ရှိနေတဲ့ Milky way နဂါးငွေ့တန်းဆိုတာကို အင်တာနက်ပေါ်မှာ ရှာကြည့်ဖူးကြလား? တကယ်လို့ ရှာခဲ့ဖူးတယ်ဆိုရင် Milky way လို့နာမည်တပ်ထားတဲ့ ပုံတွေအများကြီးပေါ်လာတာကို တွေ့မှာ သေချာပါတယ်။
နေပါဦးဗျ… ဒါနဲ့… ကျွန်တော်တို့က Milky way ထဲမှာ နေပြီး ဘယ်လိုကြောင့် ဒီလောက်ကြီးမားလွန်းတဲ့အရာကြီးကို ဓာတ်ပုံရိုက်လို့ရတာလဲဆိုတာ စဉ်းစားစရာလို့မထင်မိဘူးလား?

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား
Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

အမှန်က အဲဒီ Milky way နဂါးငွေ့တန်းကြီးရဲ့ပုံစံ အပြည့်အဝကို ဘယ်တုန်းကမှ၊ ဘယ်သူကမှ မရိုက်ကူးဖူးသေးပါဘူး။ ကျွန်တော်တို့ရဲ့ ကမ္ဘာဂြိုဟ်က လက်ရှိအချိန်မှာ Milky way ရဲ့ အလယ်ဗဟိုအနီးက နေရာတစ်ခုမှာရှိနေပါတယ်။ Milky way ရဲ့အလယ်ဗဟိုက (မှန်းမရလောက်အောင် ဒြပ်ထုသိပ်သည်းတဲ့) တွင်းနက်ကြီးကနေ အလင်းနှစ် နှစ်သောင်းခွဲလောက်အကွာမှာ ကမ္ဘာဂြိုဟ်ရှိနေတာဖြစ်ပြီး Milky way ရဲ့အနားသပ်နေရာနဲ့ကလည်း အလင်းနှစ် နှစ်သောင်းခွဲပဲ ဝေးကွာတာဖြစ်ပါတယ်။
တကယ်လို့ လူသားတစ်ဦးဟာ အလင်းရောင်မရှိသလောက်နည်းပြီး အမှောင်အတိကျနေတဲ့ အာကာသဟင်းလင်းပြင်ထဲကနေ ကြည့်မယ်ဆိုရင်တော့ မှိန်ဖျော့ဖျော့အလင်းနဲ့လှပနေတဲ့ Milky way ကို မြင်ရမှာပါ။ ဒါပေမဲ့ ဒီလိုမြင်ရတာ မြင်ကွင်းကောင်းတစ်ခုရယ်လို့မဆိုနိုင်သေးပါဘူး။

ဒီလိုတွေးကြည့်လိုက်ပါ…ခင်ဗျားက ပေ ၁၀၀၀၀ လောက်ကျယ်တဲ့ စက်ဝိုင်းကြီးတစ်ခုရဲ့ဗဟိုအနီးမှာ ထိုင်နေမယ်ဆိုပါစို့။ ခင်ဗျားရှိနေတဲ့ အဲဒီစက်ဝိုင်းကြီးရဲ့ပုံကို ခင်ဗျားအပီအတိအကျမြင်ရနိုင်ပါ့မလား? ဘယ်လိုမှမဖြစ်နိုင်ပါဘူး။
(မြေပြင်ပေါ်ကမြင်ရတဲ့အမြင်နဲ့ခွဲထွက်ပြီး အာကာသစခန်းပေါ်ကအမြင်နဲ့ မြင်ကြည့်ဖို့ ပုံတွေမှာပြထားပါတယ်)

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား
Milky way Galaxy ရဲ့ ရင်သပ်ရှုမောဖွယ်ပုံစံကို ကျွန်တော်တို့ မြင်တွေ့ခွင့်ရမှာလား

လက်ရှိအချိန်အထိ ကမ္ဘာနဲ့ အဝေးဆုံးကိုရောက်နေတဲ့ အာကာသယာဉ်ကတော့ ဗွိုင်ဂျာ( ၁) တစ်စင်းသာရှိပါသေးတယ်။ လွှတ်တင်ခဲ့တာ နှစ် ၄၀ ကျော်ခဲ့ပြီဖြစ်တဲ့ ဒီယာဉ်ဟာအခုဆိုရင် ကျွန်တော်တို့ ကမ္ဘာမြေနဲ့ မိုင်ပေါင်း ၁၃ သန်းကျော် (ကီလိုမီတာ ၂၁ သန်းကျော်) ကွာဝေးသွားခဲ့ပြီဖြစ်ပါတယ်။ ဒီအကွာအဝေးက များလွန်းတယ်ထင်ရပေမဲ့ တကယ်တော့ ဘာမှမဟုတ်သေးပါဘူး။

အလင်းနှစ် ၁ နှစ်ဟာ ၅.၉ ထရီလျံမိုင် (၉.၅ ထရီလျံကီလိုမီတာ) ရှိပြီး ကျွန်တော်တို့ရဲ့ Milky Way ရဲ့အကျယ်ဟာ အလင်းနှစ် ၁၀၀၀ တောင်ရှိနေပါတယ်။( ၁ ထရီလျံဟာ သန်းပေါင်း ၁၀၀၀ ၀၀၀× ၁၀၀၀ ၀၀၀ ဖြစ်ပါတယ်) ဒီအကွာအဝေးက ကျွန်တော်တို့အနေနဲ့ ကျွန်တော်တို့သက်တမ်းတစ်ခုလုံး ကုန်သည့်တိုင် Milky Way Galaxyကို ကျော်လွန်ပြီးမသွားနိုင်ဘူး လို့ အခိုင်အမာဖော်ပြနေပါတယ်။

ဒီလိုဆိုရင် Milky way ရဲ့ ရင်သပ်ရှုမောဖွယ် မြင်ကွင်းဓာတ်ပုံကို ကျွန်တော်တို့ မြင်ရဖို့မရှိတော့ဘူးလား? လမ်းစအနေနဲ့တော့ Hubble, Chadra, Spitzer နဲ့ James Webb တို့လို အားကောင်းလှတဲ့ နက္ခတ်တာရာကြည့်မှန်ပြောင်းကြီးတွေရှိနေပါပြီ။ သူတို့က ကျွန်တော်တို့ ဂလက်ဇီရဲ့ပုံရိပ်တွေကို အလင်းလှိုင်းအလျားအမျိုးမျိုးနဲ့ ရိုက်ကူးပေးလို့ရပါတယ်။

ဖြစ်နိုင်ချေရှိတာကတော့ အာကာသယာဉ်မှူးတစ်ဦးစီက Milky Way ရဲ့ ဗဟိုအနီး (ခုရှိနေတဲ့နေရာ) ကနေ ဘက်ပေါင်းစုံကို ခွာနိုင်သမျှ ခွာသွားပြီး အဲဒီမှန်ပြောင်းတစ်ခုစီနဲ့ရိုက်ကူးမယ် ) ပြီးတော့ မှန်ပြောင်းတစ်ခုချင်းစီကရလာတဲ့ ပုံရိပ်တွေကို ပြန်စုစည်းဆက်စပ်လိုက်မယ်ဆိုရင် ဒီ Milky way ကြီးရဲ့ အံ့မခန်းဆန်းကျယ်လှပမှုကို (ပန်းချီဆရာတွေ စိတ်ကူးပြီးဆွဲထားတဲ့ပုံတွေလိုမျိုး) မြင်တွေ့နိုင်မှာပါ။ အဲဒီပုံကို မြင်ရတဲ့သူတိုင်းဟာ အသက်ရှင်နေတဲ့ ဒိုင်နိုဆောကြီးတွေကို ဘွားခနဲ တွေ့လိုက်ရသလို ပါးစပ်အဟောင်းသား ဖြစ်သွားကြလောက်မယ်လို့ ယူဆရပါတယ်။

ခုထိတော့ Milky Wayရဲ့ပုံစံအစစ်အမှန်ကို ဘယ်သူမှ မျက်မြင်ကိုယ်တွေ့မရှိဖူးသေးပေးမဲ့ တဟုန်ထိုးတိုးတက်လာနေတဲ့နည်းပညာတွေ၊ တိကျမှန်ကန်တဲ့သုတေသနပြုမှုတွေကြောင့် ကျွန်တော်တို့ စိတ်ကူးယဉ်နေတာတွေဟာ လက်တွေ့နဲ့ အင်မတန်ကို နီးစပ်လာနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ရေးသားသူ- Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...