Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကမ္ဘာ့အလှဆုံး အမျိုးသမီး ကွင်းဆက်လူသတ်သမား (၃) ယောက်

ကမ္ဘာ့အလှဆုံး အမျိုးသမီး ကွင်းဆက်လူသတ်သမား (၃) ယောက်

International News Knowledge
ကမ္ဘာ့အလှဆုံး အမျိုးသမီး ကွင်းဆက်လူသတ်သမား (၃) ယောက်

 

လူဆိုးမှာ ချိုမပါဘူးဆိုတာ ဒါမျိုးမှ အစစ်လို့ ဆိုရမလိုလို… ကြည့်လိုက်ရင် နူးနူးညံ့ညံ့ မိန်းကလေး လှလှလေးတွေ.. ဒါပေမဲ့ ဒီအလှအပတွေရဲ့ အနောက်မှာတော့ သေမင်းက ကပ်လျက်ဆိုတာကိုတော့…ဒီအမျိုးသမီး (၃) ယောက်က ကမ္ဘာ့အလှဆုံး ကွင်းဆက်လူသတ်သမား (၃) ယောက်ပါတဲ့.. ဘယ်သူတွေလဲ.. ဘယ်လောက်လှလဲ… ဘာကြောင့် ဘယ်လို လူသတ်သလဲ ကြည့်ကြရအောင်နော်…

၁။ Vera Renczi (ဗယ်ရာ ရန်ဇီ)

 Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၁။ Vera Renczi (ဗယ်ရာ ရန်ဇီ)
၁။ Vera Renczi (ဗယ်ရာ ရန်ဇီ)

သူ့ခေတ် သူ့အခါတုန်း (1903 -1960) က ကမ္ဘာ့အလှဆုံး အမျိုးသမီးရယ်လို့ သတ်မှတ်ခံခဲ့ရတဲ့ ဗယ်ရာ ဟာ ဆယ်ကျော်သက်ဘဝအစောပိုင်းတုန်းက ယောက်ျားလေးတွေ အများကြီးနဲ့ ပွေခဲ့၊ ရှုပ်ခဲ့တဲ့ ကလေးမလေး ဖြစ်ခဲ့တာပေါ့… တွဲခဲ့ဖူးတဲ့ ကောင်လေးတိုင်းကိုလည်း တကယ်ချစ်ခဲ့တယ်လို့ ဆိုပါတယ်။ ကြည့်ရတာ သူ(မ)ရဲ့ အချစ်ကြီးတဲ့ စိတ်ကို မထိန်းနိုင်ဘူးနဲ့ တူပါရဲ့… သူ(မ) ချစ်တဲ့သူတိုင်းကို သူ(မ)နဲ့ အတူ ထာဝရ နေစေချင်တဲ့ ဆန္ဒတွေ တစ်နေ့ထက် တစ်နေ့ တိုးလို့ပေါ့..

သူ(မ) ချစ်ရသူတွေ သူ(မ) ကို မချစ်တော့ဘဲ ပစ်သွားမှာ နဲ့ သူ(မ)ထက်ပိုပြီး အခြားတစ်ယာက်ကို ချစ်သွားမှာကို သူ(မ) သေမလို ကြောက်ပါတယ်။ ဒါကြောင့်ပဲ သူတို့တွေ သူ(မ)ဆီကလွဲပြီး အခြား အမျိုးသမီးတွေဆီ အကြည့်ရောက်သွားတာမျိုးတွေ၊ စိတ်ဝင်စားဟန် ပေါ်နေတာတွေ တွေ့တာနဲ့ပဲ ဝိုင်ခွက်ထဲမှာ အာဆင်းနစ် (စိန်) အဆိပ်ကို ထည့်၊ နောက်ဆုံးအနမ်းတစ်ပွင့်နဲ့ ထာဝရ သူ(မ)အပိုင်ဖြစ်အောင် သိမ်းဆည်းလိုက်ပါတော့တယ်။ ခင်ပွန်း (၂) ယောက်၊ သားဖြစ်သူနဲ့ သူ(မ)ရဲ့ အခြားသော ချစ်သူတွေ အပါအဝင် ဒီအမျိုးသမီး သတ်ပစ်တဲ့သူပေါင်း အနည်းဆုံး ၃၅ ယောက်နဲ့ အထက်ဟာ သူ(မ)ထင်သလို သူ(မ)ဘေးမှာ မခွဲဘဲ အမြဲ အတူရှိနေလား ဆိုတာကတော့….

၂။ Estibaliz Carranza (အက်စ်တီဘာလစ်ဇ် ကာရန်ဇာ)

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၂။ Estibaliz Carranza (အက်စ်တီဘာလစ်ဇ် ကာရန်ဇာ)
၂။ Estibaliz Carranza (အက်စ်တီဘာလစ်ဇ် ကာရန်ဇာ)

Ice Cream Killer လို့ တင်စားကြတဲ့ သူ(မ)ဟာ ခင်ပွန်းဟောင်းနဲ့ ချစ်သူကို နှစ်နှစ်အတွင်းမှာ သတ်ဖြတ်ခဲ့ပြီး အလောင်းတွေကို ပုံဖျက်လို့ ရေခဲသေတ္တာထဲမှာ အေးခဲထားခဲ့သူတစ်ယောက်ပါ။ ဒီလို ခဲထားတဲ့ အလောင်းတွေနဲ့ သူ(မ) ရဲ့ အလုပ်အကိုင်ဖြစ်တဲ့ ရေခဲမုန့်ရောင်းခြင်းက Ice Cream Killer ဆိုတဲ့ သူ(မ) နာမည်ကို ရစေခဲ့တဲ့ အကြောင်းရင်းတွေပဲပေါ့။ လူသတ်တဲ့အချိန်တွေနဲ့ အလောင်းဖျက်တဲ့ အချိန်တွေမှာတော့ သူ(မ)ဟာ သစ်ဖြတ်လွှတွေကို အသုံးပြုခဲ့ပါတယ်။ အလောင်းတွေကို ခဲထားပြီး ဖျောက်ဖျက်တော့မယ့်အခါမှာတော့ ကွန်ကရစ်ထဲ ထည့်မြှုပ်ခဲ့တာပါ။

သူ(မ)ကို စစ်ဆေးနေစဉ်အတွင်းမှာတော့ လှလွန်းတဲ့ သူ(မ) ပုံရိပ်တွေကြောင့် သတင်းမီဒီယာတွေရဲ့ အာရုံစိုက်မှုကို အများကြီး ရခဲ့သလို သူ(မ) သတင်းတွေဟာလည်း ပလူကို ပျံနေတာပါပဲ… အမယ်.. သူ(မ)ကို အားပေးထောက်ခံတဲ့ ပရိသတ်တွေတောင် ရှိသေးဆိုပဲ… တရားရင်ဆိုင်နေစဉ်အတွင်းမှာတော့ သူ(မ) ဟာ သူ(မ)ရဲ့ တတိယမြောက်ချစ်သူနဲ့ ရထားတဲ့ ကိုယ်ဝန်ကို လွယ်ထားရပြီး ထောင်ထဲမှာပဲ ဒီချစ်သူနဲ့ လက်ထပ်ခဲ့ပါတယ်။ သူ(မ) ရခဲ့တဲ့ စီရင်ချက်ကတော့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းဖြစ်ပါတယ်။

၃။ Charlene Williams (ချာလင်း ဝီလျံစ်)

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ၃။ Charlene Williams (ချာလင်း ဝီလျံစ်)
၃။ Charlene Williams (ချာလင်း ဝီလျံစ်)

ရွှေညိုရောင် ဆံပင်လှလှ၊ ခန္ဓာကိုယ် မိုက်မိုက်နဲ့ ဒီအမျိုးသမီးလေးဟာ ၁၉၇၈ နဲ့ ၁၉၈၀ ကြားကာလတွေမှာ သူ့ယောက်ျားနဲ့အတူတူ ကယ်လီဖိုးနီးယားနဲ့ ဆာခရမ်မန်တိုက လူ(၁၀) ယောက်ကို သတ်ဖြတ်ခဲ့သူပါ။ ပိုကာကလပ်တစ်ခုမှာ သူ(မ)ရဲ့ ဆွဲဆောင်မှုကနေ မလွတ်မြောက်နိုင်ခဲ့တဲ့ သူ(မ)ရဲ့ ခင်ပွန်းဟာ သူ(မ)ကို ၆ ယောက်မြောက် ဇနီးအနေနဲ့ လက်ထပ်ယူခဲ့ပါတယ်။ တကယ်တော့ ခင်ပွန်းဖြစ်သူဟာ နဂိုတည်းက အကြမ်းဖက်မှုကို နှစ်သက်သူ ဖြစ်ပြီး သူ(မ)ကတော့ ဒီအကြမ်းဖက်မှုတွေကို အဆုံးထိ အားပေးခဲ့တဲ့ လောင်စာ တစ်ခုလိုပါပဲ။

လက်ထပ်ပြီးတဲ့နောက်မှာတော့ လင်မယားနှစ်ယောက်လုံးဟာ ကလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေကို စော်ကား သတ်ဖြတ်ခဲ့ကြပါတယ်။ အတော်လည်း လိုက်ဖက်ညီတဲ့ နှစ်ယောက်လို့ ဆိုရမှာပါ။ ၁၉၈၄ ခုနှစ်မှာတော့ သူတို့ကို ဖမ်းမိသွားခဲ့ပြီး ချာလင်းကို ထောင်ဒဏ် ၁၆ နှစ် နဲ့ ၈ လ ချမှတ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကိုတော့ သေဒဏ်ချမှတ်ခဲ့ပေမဲ့ တကယ်တမ်း ကင်ဆာရောဂါနဲ့ပဲ ၂၀၀၂ ခုနှစ်မှာ ဆုံးပါးသွားခဲ့ပါတယ်။

ရေးသားသူ- Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...