Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး

ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး

International News Knowledge
ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး
Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး
ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး

Höegh Aurora လို့ အမည်ပေးထားတဲ့ ဒီသင်္ဘောကြီးကတော့ ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်စွမ်းရှိပြီး ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောအဖြစ် စံချိန်တင်ထားပါတယ်။ တရုတ်နိုင်ငံ ကျင်းဆုမြို့အခြေစိုက် China Merchants Heavy Industry (CMHI) က တည်ဆောက်ခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံရဲ့ Höegh Autoliners ပင်လယ်ကူး ပို့ဆောင်ရေးလုပ်ငန်းက ပိုင်ဆိုင်တဲ့ ဒီသင်္ဘောကြီးဟာ မနှစ်တုန်းက စတင်ပြေးဆွဲခဲ့တာပါ။

အကျယ် ၃၇.၅ မီတာရှိပြီး ၁၉၉.၉ မီတာရှည်လျားတဲ့ ဒီသင်္ဘောကြီးပေါ်မှာ ကားတင်ဆောင်နိုင်တဲ့ အထပ်ပေါင်း ၁၄ ထပ် ပါဝင်ပြီး ကားအစီးရေ ၉၁၀၀ အထိ တင်ဆောင်နိုင်ပါတယ်။ ဒါဟာ ယခင်စံချိန်ဟောင်းထက် ကားအစီးရေ ၆၀၀ ပိုမိုတင်ဆောင်နိုင်တာ ဖြစ်ပါတယ်။

Moe Nat Min Myanmar News မိုးနတ်မင်း သတင်းစုံ ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး
ကားအစီးရေ ၉၁၀၀ တင်ဆောင်နိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ယာဉ်တင်သင်္ဘောကြီး

ဒီသင်္ဘောကြီးဟာ အရွယ်အစားကြီးမားတဲ့အပြင် သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်တွေလည်း ရှိနေတာကြောင့် ကမ္ဘာ့အစိမ်းလန်းဆုံး ယာဉ်တင်သင်္ဘော Pure Car and Truck Carrier (PCTC) အဖြစ်လည်း သတ်မှတ်ခံထားရတာပါ။ စတုရန်းမီတာ ၁၅၀၀ ကျယ်ဝန်းတဲ့ ဆိုလာပြားတွေ တင်ဆင်ထားပြီး မီးစက်တွေကနေ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုကို ၃၀ ကနေ ၃၅ ရာခိုင်နှုန်းကြား လျှော့ချပေးနိုင်စွမ်း ရှိပါတယ်။

ရေးသားသူ-Yoyarlay


မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။

👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ

Telegram Channel ဝင်ရန်နှိပ်ပါ

👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ

Youtube Channel ဝင်ရန်နှိပ်ပါ


 

သူငယ်ချင်းတွေဆီမျှဝေရန် နှိပ်ပါ...