စစ်အုပ်ချုပ်ရေး ကြေညာလို့ ထိန်းသိမ်းခံထားရတဲ့ တောင်ကိုရီးယား သမ္မတ ထောင်ကပြန်လွတ်လာ

နိုင်ငံမှာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တဲ့အတွက် ဆူပူအုံကြွအောင်လုပ်မှုနဲ့ သူ ထိန်းသိမ်း ခံထားရတာပါ။
ထိန်းသိမ်းထားတဲ့ နေရာက အထွက်မှာ သူ့ထောက်ခံသူတွေကို မစ္စတာယွန်းက လက်ဝှေ့ယမ်း ၊ ခေါင်းညိတ်ပြပြီး နှုတ်ဆက်ခဲ့ပါတယ်။
ဥပဒေကြောင်းအရ သူ့ကို ပြန်လွှတ်ပေးရမယ် ဆိုတဲ့ တရားရုံးဆုံးဖြတ်ချက်အပေါ် ထပ်ပြီး အယူခံ မဝင်ဖို့ အစိုးရ ဥပဒေ အရာရှိတွေက ဆုံးဖြတ်ခဲ့ပြီးနောက်မှာ မစ္စတာယွန်း ပြန်လွတ်လာတာပါ။
ဒါပေမယ့် သူ့အပေါ် ရာဇဝတ်မှုနဲ့ စွဲချက်တွေကိုတော့ သူဆက်လက် ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ အဲဒီအမှုကို ဖွဲ့စည်းပုံတရားရုံးက သီးသန့် ကိုင်တွယ်တာ ဖြစ်ပါတယ်။

လာမယ့် သီတင်းပတ်တွေ အတွင်း မစ္စတာယွန်းကို စွပ်စွဲပြစ်တင်ဖို့ အတည်ပြု မပြု ဆိုတာကို သက်ဆိုင်ရာ အရာရှိတွေ၊ အာဏာပိုင်တွေက ဆုံးဖြတ်သွားဖွယ် ရှိပါတယ်။
မစ္စတာယွန်းဟာ မနှစ် နှစ်ကုန်ပိုင်းလောက်တုန်းက တိုင်းပြည်မှာ စစ်အုပ်ချုပ်ရေး ကြေညာကာ တခဏအတွင်း ပြန်ရုပ်သိမ်းသွားခဲ့တဲ့အပေါ် နိုင်ငံကို ဆူပူအုံကြွအောင် လုပ်မှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရတာ ဖြစ်ပါတယ်။
ရေးသားသူ- BBC Burmese
မိုးနတ်မင်းသတင်းစုံကို ဖတ်ရှုအားပေးတဲ့အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။
မိုးနတ်မင်း သတင်းစုံ နှင့် Moe Nat Min TV မှ ပြည်တွင်းသတင်း၊ နိုင်ငံတကာသတင်း၊ ဆယ်လီသတင်းများ (အနုပညာသတင်းများ) အပြင် ကျန်းမာရေး၊ ဗေဒင်၊ ဗဟုသုတများကိုပါ နေ့စဉ်တင်ဆက်ပေးနေပါပြီ။
👉 သတင်း အသစ်တင်တိုင်း သိရှိရန်
Telegram Channel Join ထားပါ
Telegram Channel ဝင်ရန်နှိပ်ပါ
👉 ရုပ်သံဖြင့် သတင်းကြည့်ရှုရန်
Youtube Channel Join ထားပါ
Youtube Channel ဝင်ရန်နှိပ်ပါ